Monday, 1 June 2015

ကာက္ကုနရဲ့မိန်းမကမည်သူနည်း?


ကာက္ကုန၏မိန်းမက မည်သူနည်း....ဆိုသောမေးခွန်းသည် ခရစ်ယာန်လောကတွင် အမေးအများဆုံးထဲက မေးခွန်းတစ်ခုဖြစ်ပါသည်။ သမ္မာကျမ်းစာကို စတင်လေ့လာသူများတို့လည်း ဤမေးခွန်းကို မမေးမဖြစ်၊ မသိမဖြစ် သောမေးခွန်းလေးဖြစ်ပါတယ်လို့ ဆိုရမည်ဖြစ်ပါသည်။ စာရေးသူကိုယ်တိုင်လည်း ထိုသူတို့ထဲက တစ် ယောက်ဖြစ်ပါသည်။ နာမည်ကြီး ကျမ်းတတ်ပုဂ္ဂိုလ်များ အကြားတွင်လည်း အမြင်မတူမှုများရှိနေပါသည်။ ထိုအမြင်တို့ကိုလေ့လာကြည့်ကြရအောင်။

၁။ သူ၏ညီမ (သို့) တူမဖြစ်မည်
ဤအမြင်သည် လူအများစုတို့ လက်ခံထားသောအမြင်ဖြစ်ပါသည်။ သမ္မာကျမ်းစာတွင်တွေ့ရသည့်အတိုင်း အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်ဖန်ဆင်းသော ပထမဆုံးသောလူသားများဖြစ်ကြပါသည်။ ကမ္ဘာဦးကျမ်းအ ခန်းကြီး ၄ တွင်တွေ့ရသည်အတိုင်း ကာက္ကုနနှင့် အာဗေလတို့သည် အာဒံနှင့်ဧ၀တို့၏ သားများဖြစ်ကြပါ သည်။ ဤအခန်းကြီး ၄ တွင်မဖော်ပြသော သား၊ သမီးများလည်းနေနိုင်ပါသည်။

ကာက္ကုနနှင့် အာဗေလတို့သည် ဘုရားသခင်ထံတွင်ယဇ်ပူဇော်ကြောင်းကို ဤအခန်းကြီး-၄ တွင်တွေ့ရ သည်။ ကာက္ကုနကား လယ်လုပ်သောသူဖြစ်သည် (က ၄း၂)။  လယ်လုပ်နိုင်သောအသက်အရွယ် ရောက်နေသူသည် လူပျို (သို့) လူကြီးတစ်ယောက်ဖြစ်နေသင့်ပါသည်။ ထို့ကြောင် ကာက္ကုန မွေးဖွားချိန်မှ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်သည့် စပ်ကြားတွင် အာဒံနှင့်ဧ၀တို့က အခြားသောကလေးများ ဖွေးဖွားနိုင် ပါသည်။ အာဗေလ မွေးဖွားသည်ကိုတော့ ပြောစရာမလိုတော့ပေ။

အာဗေလသည် သိုးထိန်းဖြစ်သည်(က ၄း၂)။ သိုးတွေထိန်းနိုင်သူတစ်ဦးသည် ကလေးသူငယ် မဖြစ်နိုင်ပေ။ ထို့ကြောင့် အာဗေလ မွေးဖွားချိန်မှ သိုးထိန်းဖြစ်နိုင်သည်အထိစပ်ကြားတွင် အာဒံနှင့်ဧ၀တို့က အခြား သောကလေးများ မွေးဖွားနိုင်ကြပါသည်။ ကမ္ဘာဦးကျမ်းအခန်းကြီး ၄ တွင် ကာက္ကုနနှင့် အာဗေလတို့ နှစ်ဦးကိုသာဖော်ပြနေပါသော်လည်း အာဒံနှင့်အင်းဝတို့တွင် အခြားသောသားသမီးများ ရှိနေနိုင်ပါသည်။ 

ကာက္ကုနသည် အာဗေလကိုသတ်ပြီးနောက် နောဒေပြည်တွင်ထွက်ပြေးနေထိုင်ခဲ့သည် (က ၄း၁၆)။ ထိုနောက် ကာက္ကုနသည် မိမိမယားနှင့်ဆက်ဆံပြီး ဧနောက်ကိုဖွားမြင်ကြောင်းတွေ့ရသည် (က ၄း၁၇)။ ဤ နေရာတွင် သတိထားစရာ အချက်တစ်ချက်ရှိနေပါသည်။ အကြောင်းမှာ ကာက္ကုနက နောဒေပြည်တွင် ထွက်ပြေးပြီးနောက် မိန်းမ ယူကြောင်းမဖော်ပြ၊ သူမိန်းမနဲ့ဆက်ဆံကြောင်းသာ သမ္မာကျမ်းစာက ဖော်ပြ ထားပါသည်။ ထို့ကြောင့် ကာက္ကုနသည် သူမိန်းမနှင့်အတူ နောဒေပြည် သို့ထွက်ပြေးတိမ်း ရှောင်နေခဲ့သည် ဖြစ်ဟန်တူပါသည်။ သူသည် အာဗေလကို မသတ်မှီကပင် အိမ်ထောင်ကျနေသူတစ်ဦး ဖြစ်နိုင်လေသည်။ သမ္မာကျမ်းစာတွင် အာဒံနှင့်ဧ၀တို့သည် ပထမဆုံးသောလူသားဖြစ်ကြောင်း ဖော်ပြထားခြင်းကြောင့် သူတို့မိ သားစုသည်လည်း ပထမဆုံးသောမိသားစုများဖြစ်ကြသည်။ ထို့ကြောင့် ကာက္ကုန၏ မိန်းမသည် သူ၏ညီမ (သို့) တူမဖြစ်နိုင်ခြေအများဆုံးဖြစ်ပါသည်။ 

ရှေးပုံပြင် (Midrashic tradition) တစ်ပုဒ်မှာ  ကာက္ကုနနှင့်အာဗေလတို့သည် အမွှာညီမကိုယ်စီနဲ့ မွေးဖွားလာကြတယ်လို့ဆိုပါတယ်။ အာဗေလနဲ့အတူမွေးဖွားလာသောညီမသည် ကာက္ကုနနဲ့အတူ မွေးဖွားလာသောညီမထက် ပိုမိုချော မောလှပသောကြောင့် ကာက္ကုနက အာဗေလအပေါ် မနာလိုဝန် တိုမှုများဖြစ်ခဲ့သည်ဟုဆို၏။ မနာလိုဖြစ် ရခြင်း၏အဓိကအကြောင်းရင်းမှာ မိမိတို့နှင့်အတူမွေးဖွားလာ သောအမွှာညီမသည် မိမိ၏မယားဖြစ်လာမည် ဖြစ်သောကြောင့်ဖြစ်သည်ဟု ဆို၏။ ထို့ကြောင် ကာက္ကုနက အာဗေလကို သတ်ခဲ့သည်ဟု ထိုပုံပြင်က ဆိုထားပါသည်။ သမ္မာကျမ်းစာထဲတွင်မူ ကာက္ကုနက အာဗေ လကိုသတ်ရခြင်းအကြောင်းမှာ သူ၏ ယဇ်ပူဇော်မူကို ဘုရားသခင်က လက်မခံသောကြောင့်ဖြစ်သည်ဟု ဖော်ပြထားပါသည် (က ၄)။ သို့သော် ဤပုံပြင်တွင် ဆိုထားသောသူတို့သည် မွေးချင်းအမွှာညီမ ကိုယ်စီ ရှိခဲ့သည် ဆိုသောအချက်ကလေးကိုတော့ လက်ခံနိုင်စရာ ကောင်းပါသည်ဟု ဆိုရပေမည်။ သေချာပေါက် မှန်ကန်သည်ဟုလည်း မဆိုနိုင်ပေ။

ကာက္ကုနသည် အာဗေလကိုမသတ်မှီ အာဒံနှင့်ဧ၀တို့တွင် အခြားသော သားသမီးများမွေးဖွားနိုင်ကြောင်း အထက်ကဆို ထားသည့်အတိုင်း ထိုသားသမီးများက လက်ထပ်ပေါင်းသင်းနေထိုင်ကြပြီး သားသမီးများ လည်းမွေးဖွားနိုင်ပါသည်။ ထိုသူတို့ထဲ့ကတစ်ယောက်ကို ကာက္ကုနက လက်ထပ်ခဲ့တာလည်း ဖြစ်နိုင် ပါတယ်။

၂။ ဘုရားသခင်က အခြားသောလူစုကိုဖန်ဆင်း

အချို့သောကျမ်းတတ်ပညာရှင်တို့က ဘုရားသခင်သည် အာဒံနှင့်ဧ၀ကို မဖန်ဆင်းမှီ အခြားသောလူစုတစ်စု ကိုဖန်ဆင်းခဲ့သည်ဟု ထင်မြင်ယူဆကြသည်။ ဤအမြင်တွင် အမြင်နှစ်မျိုးကွဲပြန်သည်။ အချို့တို့က ဤလူတို့သည် လူဖြစ်သော်ငြားလည်း ၀ိညာဉ်မရှိသောလူသားများဖြစ်ကြပြီး နောဧ လက်ထက်က ကမ္ဘာကိုရေလွှမ်းမိုးချိန်တွင် အားလုံးသေကျေဖျက်ဆီးခဲ့ကြသည်ဟု ယူဆကြပါသည်။ အချို့တို့ကမူ သူတို့သည်လည်း သာမန်လူသားများဖြစ်ကြသည်ဟု ယူဆကြပါသည်။ ကာက္ကုန မိန်းမသည်လည်း ဤလူမျိုးစုထဲက ဖြစ်မည်ဟုယုံကြည်ကြပါသည်။ 

စာရေးသူအနေနဲ့ ဘယ်ဟာကမှန်တယ် (၀ါ) မှားတယ်လို့ မပြောလိုပါ။ ဤအမြင်နှစ်မျိုးတွင် ဘယ်အရာက ပိုပြီးတော့ သမ္မာကျမ်းစာနဲ့ကိုက်ညီမှုရှိသလဲ၊ ယုံကြည်လက်ခံဖို့သင့်တော်သလဲဆိုတာ စာဖတ်သူကိုယ်တိုင် စဉ်းစားဆုံးဖြတ်ဖို့ရန်သာဖြစ်ပါသည်။


ကိုးကား

Wikipedia, the Free Encyclopedia, s.v. “Cain and Able” http://en.wikipedia.org/wiki/Cain_and_Abel      
(accessed May 31, 2015)

Christian Answers, Christian Website, s.v. “aig-c004” http://www.christiananswers.net/q-aig/aig-  
c004.html (accessed May 31, 2015)

Institute Creation Research, Christian Research Articles, s.v. “Cain Wife It Really Does Matter"



Bible, Christian Website, s.v. “Was World Populated Through Incest or Did God create others besides Adam and Eve” https://bible.org/question/was-world-populated-through-incest-or-did- god-create-others-besides-adam-and-eve (accessed May 31, 2015)


No comments:

Post a Comment

Note: only a member of this blog may post a comment.