ရှင်ပေါလု၏နာမည်အရင်းမှာ ရှောလုဖြစ်သည် (တ ၉း၁၊ ၁၃း၉)။
ရှောလုသည်ဟေဗြဲနာမည်ဖြစ်ပြီး ပေါလုမှာ ဂရိနာ
မည်ဖြစ်သည်။ ပေါလုသည် ကိလိကိပြည်၊ တာရှုမြို့သားဖြစ်သည် (တ ၉း၁၁၊ ၂၁း၃၉)။ ယေရှုခရစ်တော်
မွေးဖွားချိန် ခန့်တွင်မွေးဖွားခဲ့ပါသည်။ သူသည် က္ကုသရေလလူမျိုး များ၏ ပထမဆုံးဘုရင်ဖြစ်သောရှောလုကဲ့သို့ပင်
ဗင်္ယာမိန် (Benjamin) အမျိုးဝင်ဖြစ်ပါသည် (ဖိ ၃း၅)။ ရောမနိုင်ငံသား ရရှိထားသူတစ်ဦးလည်း
ဖြစ်ပါသည် (တ ၁၆း၃၇၊ ၂၂း၂၆-၂၈)။ သူ၏ဖခင်မှာ ရောမနိုင်ငံသားရရှိထားသူဖြစ်သောကြောင့်
ပေါလုသည်မွေးဖွားချိန်မှစ၍ က္ကုသရေ လနိုင်ငံသားနှင့် ရောမနိုင်ငံသားနှစ်မျိုးစလုံးကို
ရရှိခြင်းဖြစ်သည်။ တမန်တော်ဝတ္တု ၁၃း၉ မှစ၍ ပေါလုဟူသောနာမည် ဖြင့် သမ္မာကျမ်းစာတွင် အသုံးများလာသည်။
ပေါလုသည် ဟေဗြဲ၊ ဂရိ၊ လက်တင်၊ အာရမိ ဘာသာစကားတို့ကို ကျွမ်းကျင်စွာပြောဆိုနိုင်သူဖြစ်သည်။
ပညာတတ် တစ်ယောက်ဖြစ်ကြောင်းထင်ရှားသည်။ အကြောင်းမှာ ထိုခေတ်ကနာမည်ကြီးဆရာတော် တစ်ပါးဖြစ်
သော ဂေါမလျေလ၏ တပည့်ရင်းခေါက်ခေါက်ဖြစ်သည် (တ ၂၂း၃)။ ပေါလုသည် သူ၏ဆရာတော်ထံမှ နည်းဥပဒေသများ
ကိုခံယူကာ ဖာရိရှဲတစ်ယောက်ဖြစ်လာခဲ့ပါသည်။ ဖာရိရှဲကောင်းပီပီ မောရှေ၏ကျမ်းများကို အထူးကျွမ်းကျင်
သူတစ်ဦး ဖြစ်ပြီး ပညတ်တော်များကိုအထူးလိုက်လျှောက်သူတစ်ဦးဖြစ်ခဲ့သည်။ သူ၏ဘာသာတရားကြောင့်
ခရစ်ယာန်များကို မုန်းကာ ခရစ်များကိုနှိပ်စက်ခဲ့သည် (တ ၈း၃၊ ၉း၁-၂၊ ၂၆း၁၀-၁၁)။ တသေဖန်ကို
ယုဒလူမျိုးများက ကျောက်ခဲဖြင့် ပစ် ပေါက်စဉ်က ပေါလု (ရှောလု) သည်ထိုနေရာတွင် ရှိနေခဲ့ပါသည်
(တ ၇း၅၈၊ ၈း၁)။
ပေါလုသည် ခရစ်တော်ကိုယုံကြည်ကိုးကွယ်သူများအား ညှင်းပမ်းနှိပ်စက်ရန်
ဒမတ်စကပ်မြို့သို့ထွက်သွားခဲ့စဉ် ထိုမြို့သို့ ရောက်ခါနည်းတွင် ခရစ်တော်၏စကားသံကိုကြားခဲ့ပြီးနောက်
အသက်တာပြောင်းလဲခဲ့သည် (တ ၉)။ အသက်တာပြောင်းလဲပြီးနောက် အာနနိ၏ ဆုတောင်းခြင်းနှင့်
ဗတ္တံဇံပေးခြင်းကို ခံခဲ့သည် (တ ၉း၁၇-၁၈)။ ထို့နောက် ယုဒလူမျိုးတို့၏ရန်မှ လွတ်မြောက်ရန် အာရပ်ပြည်သို့သွားရောက်ကာ
၃-နှစ်ခန့်နေထိုင်ခဲ့သည် (ဂလာတိ ၁း၁၇)။ ပညာရှင်များ၏အဆိုအရ ပေါလုသည် အာရပ်ပြည်တွင်
ကျမ်းများကိုအထူးလေ့လာခွင့်ရရှိခဲ့သည်။ အရပ်ပြည်မှ ဒမာသက်မြို့သို့ပြန်လာကာ ခရစ်တော်၏
အစေခံကောင်းတစ်ယောက်ဖြစ်လာခဲ့ပါသည်။
ဓမ္မသစ်ကျမ်း ၂၇-စောင်ထဲမှ ပေါလုရေးသားထားသောကျမ်းပေါင်း
၁၂-စောင်တို့ကိုတွေ့ရသည်။ ဟေဗြဲကျမ်းကို ပေါလုရေးသားသည်၊ မရေးသားသည်ဟူသော ထင်မြင်ယူဆချက်နှစ်မျိုးလည်း
ပညာရှင်တို့ကြား ဆွေးနွေးစရာဖြစ် နေစဲဖြစ်ပါသည်။ ပေါလုတွင်မိန်းမရှိသည်၊ မရှိသည် စသည့်သုံးသပ်ချက်မှာလည်း
ယနေ့ထိတိုင်ခေတ်စားနေစဲဖြစ် ပါသည်။ အကြောင်းမှာ အချို့သောပညာရှင်တို့က ၁ ကော ၉း၅ ကိုထောက်ကာ
ပေါလုတွင်မိန်းမရှိသည်ဟု ထင်မြင် ယူဆကြသောကြောင့်ဖြစ်ပါသည်။

No comments:
Post a Comment
Note: only a member of this blog may post a comment.