Monday, 14 September 2015

ဘာကြောင့် ခရစ်တော်ကအသက် (၃၀) ရောက်မှ အမှုစဆောင်ရသနည်း?



ခရစ်တော်သည် အသက် (သက်တော်) ၃၀ ခန့်တွင် အမှုတော်ကို စတင်ခဲ့ကြောင်း ရှင်လုကာက ရေးသားခဲ့ပါသည် (လုကာ ၃း၂၃)။ ဘာကြောင့်ခရစ်တော်က အသက် ၂၅-ခန့်တွင် အမှုတော် ဆောင်ခြင်းကို မစတင်ခဲ့သလဲ။ ဘာကြောင့် အသက် (၃၀) ရောက်သည်အထိ စောင့်နေရသ လဲ။ ဤမေးခွန်းကို ဖြေကြားဖို့ရန်အတွက် အချက်များစွာထဲမှ အချက်သုံးချက်တို့ကို တင်ပြပေးသွားပါ မည်။

ပထမအချက် - ခရစ်တော်သည် သားဦးဖြစ်နေသည်အလျှောက် မိသားစု၏စားဝတ်နေရေး ကိုဖြေရှင်းပေးနေရခြင်းကြောင့်ဖြစ်သည်။ ရှင်လုကာ ၂း၄၁-၅၂ အဖြစ်အပျက်နောက်ပိုင်းတွင် ယောသပ်၏အကြောင်းကို သမ္မာကျမ်းစာတွင် အသေးစိတ်ဖော်ပြထားခြင်းမရှိတော့ပေ။ ဤအချိန် တွင် ခရစ်တော်သည် ၁၂-နှစ်သာ ရှိနေသေးသည်။ ယောသပ်သည် သူ၏မိသားစုများနှင့် ယေရုရှ လင်မြို့မှ အတူတူပြန်ပြီးနောက် နှစ်အနည်းငယ်ခန့်တွင်ဤလောကကိုစွန့်ခွာသွားဟန်တူပါသည်။ က္ကုသရေလူမျိုးများ၏ ထုံးတမ်းစဉ်လာအရ အိမ်ထောင်ဦးစီးသေလျှင် သားဦးကမိသားစု၏တာဝန် ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ခရစ်တော်တွင် ညီနှင့်ညီမများရှိကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားသည် (မ ၁၃း၅၅-၅၆၊ မာ ၆း၃)။ ယောသပ်မရှိတဲ့နောက်ပိုင်း ခရစ်တော်သည် မိခင်နှင့် ညီငယ်၊ ညီမငယ်တို့၏တာဝန်ကို ဖခင်၏အမွေဖြစ်သော လက်သမားဘ၀ဖြင့် ထမ်းဆောင်ခဲ့ပါ သည်။ ခရစ်တော်သည် လက်သမားဖြစ်ခဲ့ကြောင်း ရှင်မာကုက ဖော်ပြထားပါသည် (မာ ၆း၃)။

ဒုတိယအချက် - က္ကုသရေလလူမျိုးများ၏ ရိုးရာယုံကြည်မှုအရ လူတစ်ယောက်ကို အသက် ၃၀ ရောက်မှ လူကြီးတစ်ဦးအဖြစ်သတ်မှတ်ကြသည်။ အသက်သုံးဆယ်နဲ့အထက်ရောက်နေသူများ၏ စကားသည် ယုံကြည်ထိုက်သည်ဟုသတ်မှတ်ကြသည်။ ဘာသာရေးဘက်တွင်လည်း အကြီးအကဲ နေရာများရရှိနိုင်ဖို့ရန် အသက်အရွယ်က စကားပြောလှပါသည်။ မောရှေကျမ်းအရ အသက်သုံး ဆယ်မှ ငါးဆယ်အတွင်းဖြစ်ရမည်ဟုဆိုထားသည် (တော ၄း၂-၃)။ ပေတရုကိုဘုရားသခင်အသုံး ပြုခြင်းအားဖြင့် အမိဝမ်းထဲကပင်ခြေမသန်စွမ်းသောသူအား ကျန်းမာသောအခွင့်ကိုပေးခဲ့စဉ်က လူအများတို့သည် ထိုသူ၏သက်သေခံချက်ကိုယုံကြည်ရခြင်းအကြောင်းရင်းမှာလည်း ထိုသူသည် အသက်လေးဆယ်ရှိသော လူကြီးတစ်ယောက်ဖြစ်နေခြင်းကြောင့်ဖြစ်ပါသည် (တ ၃ - ၄း၂၂)။ ယေရှုခရစ်တော်အနေဖြင့်လည်း အသက်သုံးဆယ်မှ အမှုစတင်ဆောင်ရွက်ခြင်းသည် ဤအ ကြောင်းအရာများကြောင့်ဖြစ်နိုင်ပါသည်။ အကြောင်းမှာ က္ကုသရေလလူများ၏ ရိုးရာယုံကြည် သက်ဝင်မှုအရ မိမိပြောဆိုသောစကား၊ သွန်သင်ချက်များတို့ကို အများလက်ခံနိုင်ဖို့ရန် အသက်အ ရွယ်သည်လည်း အရေးပါနေသောကြောင့်ဖြစ်ပါသည်။

တတိယအချက်ကတော့ ဖခမည်းတော်ဘုရား၏ သတ်မှတ်ပေးသောအချိန်အတိုင်း ခရစ်တော်လိုက်လျှောက်ခြင်းဖြစ်သည်။





ကိုးကား



No comments:

Post a Comment

Note: only a member of this blog may post a comment.