နာမည်ရင်းမှာ ရှိမုန်ဖြစ်ပြီး ယောန၏သားဖြစ်သည် (မသဲ ၁၆း၁၇၊
ယော ၁း၄၂၊ ၂၁း၁၆)။ သမ္မာကျမ်းစာတွင် ပေတရု၏နာမည်ကို သုံးမျိုး တွေ့ရပါသည်။ ၄င်းတို့မှာ
ရှိမုန်၊ ကေဖ နှင့် ပေတရုတို့ဖြစ်ပါသည် (ယောဟန် ၁း၄၂)။ ရှိမုန်သည် ဟေဗြဲနာမည်၊ ကေဖသည်
အာရမိနာမည်ဖြစ်ပြီး ပေတရုသည် ဂရိနာမည်ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ကျောက်ခဲဖြစ်သည်။ မြန်မာလိုတော့
မောင်ကျောက်ခဲဟု ခေါ်ဆိုရမည် ဖြစ်ဟန်တူပါသည်။ ပေတရုအား နာမည်သစ် ပေးသောသူမှာ ခရစ်တော်
ကိုယ်တော်တိုင်ဖြစ်ပါသည် (ယော ၁း၄၂)။ ခရစ်တော်သည် ပေတရုဟူသောနာမည်သစ် ကို သူအားပေးသော်လည်း
ရှိမုန်ဟု မကြာမကြာပြန်ခေါ်လေ့ရှိသည် (မ ၁၇း၂၅၊ မာ ၁၄း၃၇၊ လု ၂၂း၃၁)။
ခရစ်တော်၏ တပည့်တော်တစ်ဦးဖြစ်သော အနြေ္ဒသည် ပေတရု၏ညီဖြစ်ပြီး
ပေတရုကိုယေရှုထံသို့ ပထမဦးဆုံးပို့ ဆောင်သောသူဖြစ်ပါသည် (ယောဟန် ၁း၄၀-၄၂)။ ပညာရှင်များ၏အဆိုအရ
ဖခင်မှာ ပေတရုအသက်ငယ်စဉ်အခါက သေးဆုံးခဲ့ပြီး သူတို့ညီအစ်ကို နှစ်ယောက်အား ဇေဗေဒဲ (Zebedee)
နဲ့သူ၏မယား ရှာလုံ (Salome) တို့က ပြုစုစောင့် ရှောက်ခဲ့သည် ဟုဆိုကြ၏ (မ ၂၇း၅၆၊ မာ
၁၅း၄၀၊ ၁၆း၁)။ သူတို့သူ၏ဖခင်နာမည်ကို ကျမ်းစာထဲ တွင် တိတိကျကျ တွေ့ရသော်လည်း မိခင်နာမည်
(၀ါ) မည်သူမည်ဝါဖြစ်ကြောင်းကို မတွေ့ရပေ။
ပေတရုသည် Bethsaida (western cost of the Sea of
Galilee, Israel) ဇာတိသားဖြစ်ပြီး တံငါသည် တစ်ဦးဖြစ်ပါသည်။ Bethsaida ဇာတိသားဖြစ်
သော်ငြားလည်း လက်ထပ်ပြီးနောက်ပိုင်းတွင် သူ၏ယောက္ခမ တို့နှင့်အတူ ကပေရနောင်မြို့ (Capernaum)
တွင် နေထိုင်ခဲ့ပါသည် (မသဲ ၈း၁၄၊ လု ၄း၃၈)။ အနြေ္ဒ၊ ယာကုပ် နှင့် ယောဟန်တို့သည် ပေတရု၏ငယ်ပေါင်းဖော်များ
ဖြစ်ကြပါသည်။ ဤလူငယ်လေးဦးတို့သည် စာပေပိုင်းနှင့် ယုဒဘာ သာရေး လေ့ ကျင့်မှုများတွင်
ထူးချွှန်ထက်မြတ်သူများ မဟုတ်ခဲ့ကြပါ။
ပေတရုက ရောမမြို့တွင်အဖမ်းခံရပြီး Mamertine ထောင်၏အမှောင်ခန်းတွင်
ကိုးလကြာ ချုပ်နှောင်ခြင်းခံခဲ့ရပြီး ထောင်းမှုးနဲ့အတူ လူပေါင်း လေးဆယ့်ခုနှစ်ယောက်ကို
ခရစ်တော်၏တပည့်တော်များဖြစ်စေခဲ့ကာ Nero ဘုရင်၏ အမိန့်ဖြင့် အေဒီ ၆၇ ၀န်းကျင့်တွင်
လက်ဝါးကားတိုင်ပေါ်တွင် ဇောက်ထိုးရိုက်ခတ်ခြင်းကိုခံရင်း သေဆုံးခဲ့သည်ဟု Jowett ကရေးသားခဲ့ပါသည်။ ဤအရာသည် ခရစ်တော်က ပေတရုအားပြောဆိုခဲ့သော စကားနဲ့တထပ်တည်းဖြစ် သည်ဟုဆိုရပေမည် (ယော ၂၁း၁၈ - ၁၉)။
ပေတရု၏ အသက်တာတွင် မှတ်သားလောက်သော အကြောင်းအရာမြောက်များစွာရှိပါသည်။
၎င်းတို့မှာ -
၁။ ရှိရှိသမျှကိုစွန့်ကာ ခရစ်တော်၏နောက်ကိုလိုက်ခဲ့သည်
(လု ၅း၁၀ - ၁၁)။
၂။ ရေပေါ်မှာ လမ်းလျှောက် (မ ၁၄း၂၉)။
၃။ ခရစ်တော်မည်သူမည်ဝါ ဖြစ်ကြောင်းကို တိကျစွာပြော (မ ၁၆း၁၆)။
၎။ ယဇ်ပုရောဟိတ်မင်း၏ကျွန် မာလခု၏နားကိုဖြတ် (ယော ၁၈း၁၀)။
၅။ ခရစ်တော်၏တပည့်တော်ဖြစ်ခြင်းကို ငြင်းဆို (မာ ၁၄း၆၆
- ၇၂)
၆။ ပင်တေကုတ္တေပွဲနေ့တွင် လူအများရှေ့တွင်တရားဟော (တမန်
၂း၁၄-၄၁)။
၇။ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတစ်ယောက်၏ ခြေကိုသန်မာစေ
(တမန် ၃း၂-၈)။
၈။ သတင်းကောင်းဝေငှရာနေရာတိုင်းတို့တွင် သူ၏မယားကိုပါခေါ်သွားလေ့ရှိ
(၁ ကော ၉း၅)။
AmTrac Bible Dictionary (Android App)
Easton Bible Dictionary (Android App)
Bridgeway Bible Dictionary (Android App)
Smith Bible Dictionary (Android App)
Fausset Bible Dictionary (Android App)
http://www.biblepath.com/peter.html
(accessed June 3, 2015)

No comments:
Post a Comment
Note: only a member of this blog may post a comment.