Thursday, 5 October 2017

ငါလည်းအသက်တာပြောင်းလဲ လိုက်တော့မည်

ဖခင်တစ်ဦးက အသက်တာပြောင်းလဲပြီး အသင်းကိစ္စအ၀၀နှင့် တစ်ချိန်လုံးအလုပ်များနေသော အလုပ်မလုပ်သည့် သားနှစ်ယောက်တို့ကို ခေါ်ကာ ဤသို့ပြောဆိုလိုက်သည် "ကိုင်း....ငါလည်းအသက်ကြီးနေပြီ၊ မင်းတို့အလုပ်လုပ်ကြတော့၊ ငါလည်းမင်းတို့လို အသက်တာပြောင်းလဲ လိုက်တော့မည်" ဟူသတည်း။


ပုံသဏ္ဍာန်ပြောင်းလဲခြင်း (ရောမ ၁၂း၂)


ရောမမြို့ရှိ ယုံကြည်သူများကို ရှင်ပေါလုက ပုံသဏ္ဍာန်ပြောင်းလဲရန် တိုက်တွန်းနိုးဆော်စာ ရေးပို့ခဲ့သည်။ ထိုသို့ ပုံသဏ္ဍာန်ပြောင်းလဲရန် အတွက် စိတ်နှလုံးကို အသစ်ပြင်ဆင်ရန်လည်း ပြောဆိုရေးသားထား သည်။ ဘာကြောင့် ယုံကြည်သူတစ်ယောက်အနေဖြင့် စိတ်နှလုံးအ သစ်ပြင်ဆင်ပြီး ပုံသဏ္ဍာန်ပြောင်းလဲရန်လိုအပ်သနည်း။


ယုံကြည်သူမိသားစုမှ ဆင်းသက်လာသူဖြစ်ဖြစ်၊ အခြားဘာသာကို ကိုးကွယ်ပြီး ပြောင်းလဲလာသူဖြစ်ဖြစ် မိမိတို့၏ ရိုးရာယုံကြည်မှု၊ ကိုးကွယ်ပုံကိုးကွယ်နည်း၊ အယူအဆအားလုံးတို့သည် အသက်တာ ပြောင်းလဲချိန်တွင် အားလုံးပျောက်ကွယ်သွားခြင်းမရှိချေ။ အနည်း၊ အများ ကျန်ရှိနေတတ်သည်။ ဥပမာ - ယုံကြည်သူမိသားစုမှ ဆင်းသက်လာသူသည်လည်း မိမိဘိုးဘွားဘေဘင်များ ယုံကြည်သူ မဖြစ်ခင်က အယူအဆများကို ယနေ့ထိ ယုံကြည်သက်ဝင်မှုများရှိနိုင် သည်။ သမ္မာကျမ်းစာနှင့် ကိုက်ညီမှုမရှိသော်လည်း လူကြီး (မိဘ၊ ဆွေမျိုများ၊ ပတ်ဝန်ကျင်ရှိလူများ) တို့၏ ပြောဆိုသွန်သင်မှုများ နှစ်ရှည် နားထောင်လာကာ ဒုတိယအကြိမ်မွေးဖွားခြင်း ခံရသော်ငြားလည်း ထို သွန်သင်ချက်များသည် ထိုသူထံတွင် ကျန်ရှိနေတတ်သည်။ ရုပ်ထုကိုး ကွယ်သောမိသားစုမှ ဆင်းသက်လာသူသည်လည်း ရုပ်ထုကိုးကွယ်စဉ် က ရရှိခဲ့သော သွန်သင်ချက်များတို့သည် ဒုတိယအကြိမ်မွေးဖွားခြင်း ရရှိသည့်နောက်ပိုင်းတွင် အနည်းအများ ထိုသူကို ဆက်လက်ကြီးစိုး နေနိုင်ပါသည်။ အသက်ရှင်သောဘုရားကို ကိုးကွယ်ပါသော်ငြားလည်း ရုပ်ထုကိုးကွယ်ပုံနှင့် ကိုးကွယ်နေခြင်းလည်း ဖြစ်နေနိုင်ပါသည်။ (စာမရှည်ရန် သဘောတရားကိုသာ ရေးခြင်းဖြစ်သည်။ အခြား အရာများစွာ ရှိနေသေးသည်)
အထက်ဖော်ပြပါအကြောင်းကြောင်းကြောင့် ရှင်ပေါလုက ယုံကြည်သူ သည် စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲရမည်ဟု ဆိုထားခြင်းဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် သမ္မာကျမ်းစာကို စေ့စေ့လေ့လာကာ သမ္မာကျမ်းစာ၏ သွန်သင်ချက်အတိုင်း လိုက်လျှောက်ရမည်ဖြစ်သည်။ တနည်းဆိုရသော် မိမိတို့၏ ရိုးရာမှ သမ္မာကျမ်းစာရိုးရာသို့ ကူးပြောင်းရမည်ဟု ဆိုရပေမည်။ သမ္မာကျမ်းစာ နှင့် ကိုက်ညီမှုမရှိသော အယူအဆ၊ ထုံးတမ်းအစဉ်အလာ၊ အကျင့်၊ အတွေးအခေါ်များကို စွန့်လွတ်နိုင်ပြီး၊ သမ္မာကျမ်းစာ၏ သွန်သင်ချက် အတိုင်း အသက်ရှင်နေထိုင်ရန် စိတ်နှလုံးကို အသစ်ပြင်ဆင်ပြီး ပုံသဏ္ဍာန် ပြောင်းလဲနေထိုင်ရမည်ဖြစ်သည်။


ခရိုနီ


တစ်နေ့ အသက်-၁၃ အရွယ်ကလေးငယ်တစ်ဦးက သူ၏ဖခင်ကို ဤသို့မေးလိုက်သည်…. "ဖေဖေ…. ခရိုနီတွေဆိုဒါ ဘုရားကျောင်းထဲမှာ နိုင်ငံခြားသားများကို ခေါ်ခေါ်လာတဲ့လူတွေကို ပြောဒါလားဟင်?"


ခရစ်တော်၏အသက်တာကို အတုယူပါ


ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိ ကြ။ သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်းသိခဲ့ကြပေလိမ့်မည်” ဟု မိန့်တော်မူ၏ (ရှင်ယောဟန် ၈း၁၉)။
အထက်ကဖော်ပြသောကျမ်းပိုဒ်အရ ဖခမည်းတော်ဘုရားကို သိရှိဖို့ရန်အတွက် အ ရေးကြီးဆုံးမှာ သားတော်ယေရှုခရစ်တော်ကို သိကျွမ်းခြင်းဖြစ်ပါသည်။ သားတော် အားဖြင့်သာ ခမည်းတော်ကို သိရှိနိုင်သည်။ ယုံကြည်သူအတွက် ယေရှုခရစ်တော် ကို သိကျွမ်းခြင်းသည် အရေးကြီးသည်။
ယုံကြည်သူတစ်ဦးအနေဖြင့် ခရစ်တော်ကို ကောင်းစွာသိရှိဖို့ရန်အရေးကြီးသည်။ ခ ရစ်တော်ကဲ့သို့ အသက်ရှင်နေထိုင်ဖို့ရန်လည်းအရေးကြီးသည်။ ယုံကြည်သူတော် တော်များများတို့က ခရစ်တော်ထက် ကိုးရီးယားမင်းသား/မင်းသမီး တွေအကြောင်း ပိုသိသူများ များနေပြီလားဟု ထင်မြင်စရာဖြစ်နေပါပြီ။ ခရစ်တော်အကြောင်းထက် ဘော်လုံးသမားတွေရဲ့အကြောင်း ပိုမိုဖတ်ရှုသူများ များနေပြီလားဟု မေးခွန်းထုတ်စ ရာလည်း ရှိနေပါပြီ။ ခရစ်တော်၏အသက်တာကို အတုယူသူများထက် အဆိုတော် များ၏အသက်တာကို အတုယူသူများ တစ်နေ့ထက်တစ်နေ့ ခရစ်ယာန်များအကြား တွင် ပိုမိုများပြားလာနေသလားဟု မေးခွန်းထုတ်စရာများ ရှိနေပါသည်။


သမ္မာကျမ်းစာကရော ယုံကြည်သူအနေဖြင့် ခရစ်တော်၏အသက်တာကို အတုယူရ မည်ဟု သွန်သင်ထားပါသလား။ သေချာသည်မှာ အမှန်တကယ်ပင် သွန်သင်ထား ပါသည်။ ၁ ယော ၂း၆ တွင် “ထိုသခင် (ယေရှု)၌ငါတည်၏ဟု ဆိုသောသူသည်၊ ထို သခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်” ဟုဆိုထားပါသည်။ ၁ ယော ၂း၃-၄ တွင် “ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကို အဘယ်သို့ သိရမည်နည်းဟူမူကား၊ ပညတ်တော် (ထိုသခင်၏သွန်သင်ချက်) တို့ကို စောင့်ရှောက်လျှင်သိရသတည်း။ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော် (ထိုသခင်၏သွန်သင်ချက်) တို့ကို မစောင့်ဘဲ လျက်ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ” ဟု ဆိုထား သည်။ ရှင်ပေါလုကလည်း “ငါသည်ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့ သည်လည်း ငါ့နည်းတူ ကျင့်ကြလော့ (၁ ကော ၁၁း၁)” ဟု ဆိုထားပါသည်။ ယေ ရှုခရစ်တော်ကိုယ်တိုင်ကလည်း “သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင် လျှင် ငါ၏အဆွေဖြစ်ကြ၏ (ယော ၁၅း၁၄)” တွင် ဆိုထားသည်။ ယေရှုခရစ်တော် သည် သူ၏အသက်တာအတိုင်းသာ ဆုံးမသြ၀ါဒပေးတော်မူသည်။ ဤကျမ်းပိုဒ်တို့ ကို ကြည့်ခြင်းအားဖြင့် ယုံကြည်သူအနေဖြင့် ခရစ်တော်၏အသက်တာကို အတုယူ လိုက်လျှောက်ဖို့ရန် အရေးကြီးကြောင်း ထင်ရှားလှပါသည်။


အသင်းတော်တစ်ပါးရှိ လူငယ်များအကြား အလှကုန်ပစ္စည်းများ၏ အမျိုးအမည်နှင့် ကုမ္ပ ဏီများတို့၏အမည်များကို များများစားစားသိရှိသူများ ပေါ့များနေပါလိမ့်မည်။ သို့သော် ယေရှုခရစ်တော်၏အကြောင်းကို ကောင်းစွာသိရှိသူများ နည်းပါးကောင်း နည်းပါးနေပါလိမ့်မည်။ ဘောလုံးသမားတွေနှင့် အဆိုတော်များ၏အကြောင်းကို အ သေးစိတ်ထိ သိရှိနေသောလူငယ်ပေါင်းမြောက်များစွာတို့ အသင်းတော်ထဲတွင် ရှိ နေပါလိမ့်မည်။ သို့သော် ယေရှုခရစ်တော်အကြောင်းကို စာပိုဒ်တစ်ပိုဒ်စာမျှတောင် မရေးနိုင်သူများ ဖြစ်နေကြပါလိမ့်မည်။ ဤအရာတို့သည် ခုခေတ်အသင်းတော်များ ၏ ရင်ဆိုင်နေရသော ပြသနာတစ်ရပ်ဖြစ်နေပါသည်။ ခရစ်တော်၏အသက်တာကို အတုယူကာ အသက်ရှင်နေထိုင်ဖို့ နေနေသာသာ ခရစ်တော်၏အကြောင်းကို ကောင်းစွာမသိရှိသူများက အသင်းတော်ထဲတွင် များပြားနေကြသည်။ အချို့သော ယုံကြည်သူများက ခရစ်ယာန်အသက်တာသည် မိမိ၏ဆန္ဒသဘောအတိုင်း အ သက်ရှင်ခြင်းဖြစ်သည်ဟု ယူဆဟန်တူပါသည်။ ဒုစရိုက်မလုပ်ရင် မှန်နေသည်ဟု ထင်မြင်ကြဟန်တူပါသည်။ အမှန်မှာ ခရစ်ယာန်အသက်တာသည် ခရစ်တော်၏အ သက်တာအတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ ခရစ်တော်၏သွန်သင်ချက်အတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ ယေရှုခရစ်တော်မိန့်တော်မူထားသည့်အတိုင်း သားတော် ကို သိကျွမ်းခြင်းသည် ခမည်းတော်ကိုသိကျွမ်းခြင်းဖြစ်သည်။ သားတော်ကို မသိသူ သည် ခမည်းတော်ကိုလည်း မသိရှိသူဖြစ်သည်။ သားတော်ကို သိကျွမ်းဖို့ရန်အ တွက် သားတော်၏အကြောင်းကို သိရှိရမည်ဖြစ်ပြီး သားတော်၏အသက်တာနှင့် သွန်သင်ချက်အတိုင်း အသက်ရှင်နေထိုင်ရမည်ဖြစ်ပါသည်။

ဓမ္မရာဇ၀င် ၁၇


ဤကျမ်းပိုဒ်တွင် ဒါဝိတ်နှင့် လူသန်ကြီးဂေါလျတ်တို့ တိုက်ခိုက်ခြင်းအကြောင်းကို တွေ့ရသည်။ ဂေါလျတ်သည် ခြောက်တောင်နှင့်တစ်ထွာ (ကိုးပေကိုးလက်မခန့်) အရပ်မြင့်သောသူဖြစ်သည်။ ၁၂၅ ပေါင်ခန့်မျှရှိသော ကြေးဝါချပ်အင်္ကျီကို ၀တ်ထား ပြီး၊ ၁၅ ပေါင်မျှရှိသောလှံကိုလည်း လက်ထဲတွင် စွဲမြဲစွာကိုင်ဆောင်ထားသည်။ ကြေးဝါခမောက်ကိုလည်းဆောင်းထားသည်။ က္ကုသရေလစစ်သည်တို့သည် သူ့ကို ကြောက်ကြလွန်းသောကြောင့် သူ့ရှေ့တွင် မည်သူမျှ မထွက်ရဲကြပေ။ မည်သူမျှ သူ့ ကို မတိုက်ရဲကြပေ။
ဒါဝိတ်မှာမူ စစ်တစ်ခါမှမတိုက်ဖူးသေးသော လူပျိုပေါက်စလေးဖြစ်သည်။ အရပ်အ မောင်းမှာလည်း သာမန်လူမျှသာဖြစ်မည်။ စစ်လက်နက်များကို ကိုင်ဆောင်တတ်သူ လည်းမဟုတ်ချေ။ ထို့ကြောင့် သိုးထိန်းသမားများသုံးသော တောင်ဝှေးတော်ဖြင့် လူသန်ကြီးဂေါလျတ်ကို တိုက်ခိုက်ခဲ့သည်။
ဒါဝိတ်နှင့် လူသန်ကြီးဂေါလျတ်တို့ တိုက်ခိုက်ကြသောအခါ လူသန်ကြီးဂေါလျတ် ကျဆုံးပြီး ဒါဝိတ်ကအနိုင်ရရှိခဲ့သည်။ သာမန်အနေဖြင့် စဉ်းစားမည်ဆိုလျှင် ဒါဝိတ် အနေနှင့် ဂေါလျတ်ကို အနိုင်ယူတိုက်ခိုက်နိုင်ချေမရှိပေ။ အကြောင်းမှာ ခန္ဓာကိုယ် အချိုးအစားကွာခြားခြင်း၊ စစ်အတွေ့အကြုံကွာခြားခြင်း၊ လက်နက်အမျိုးအစားကွာ ခြားခြင်းတို့ကြောင့်ဖြစ်သည်။ ဤအရာတို့တွင် မည်မျှပင်ကွာခြားနေစေကာမူ အနိုင် ရရှိသူမှာ လူငယ်လေးဒါဝိတ်သာဖြစ်သည်။


ဒါဝိတ်က ဂေါလျတ်ကိုရင်ဆိုင်ရန်လိုအပ်သကဲ့သို့ ယုံကြည်သူအသက်တာမှာလည်း အင်မတန်မှကြီးမားသော ပြသနာများကို ရင်ဆိုင်ရန် လိုအပ်သည့်အချိန်များစွာ တွေ့ ကြုံရတတ်သည်။ အရေးကြီးဆုံးမှာ ဒါဝိတ်ကဲ့သို့ ရင်ဆိုင်တတ်သောယုံကြည်သူတစ် ယောက်ဖြစ်ရန်ဖြစ်သည်။
ဒါဝိတ်သည် ဂေါလျတ်ကို တိုက်ခိုက်မည့်အချိန်တွင် ဂေါလျတ်၏အရွယ်အစား၊ အ တွေ့အကြုံ၊ အသုံးပြုမည့်လက်နက်တို့၏ အရွယ်အစားနှင့် အမျိုးအမည်တို့ကို ကြည့် မည်ဆိုလျှင် အခြားသောက္ကုသရေလ စစ်သည်တော်များနည်းတူ ဂေါလျတ်ရှေ့သို့ ထွက်လာရဲမည်မဟုတ်ပေ။ သို့သော် ဒါဝိတ်က ဘုရားသခင်၏နာမတော် အားဖြင့် ဂေါလျတ်ကို တိုက်ခိုက်ခဲ့သည် (၁၇း၄၅)။ ဒါဝိတ်က ဘုရားသခင်သည် မည်ကဲ့သို့ သောဘုရားဖြစ်ကြောင်းကို ကောင်းစွာသိသည်။ လက်နက်အားကိုးခြင်းထက် ဘု ရားကိုအားကိုးခြင်းသည် သာ၍ကောင်းသည်ကို ကောင်းစွာနားလည်သဘောပေါက် သည်။ သူရင်ဆိုင်မည့်သူထက် ဘုရားသခင်သည် သာ၍ကြီးကြောင်းကိုလည်း ကောင်းစွာ သိရှိထားသူဖြစ်သည်။ အသက်ရှင်တော်မူသောဘုရားကို ကိုးစားသူပီပီ သူ၏စိတ်ထဲတွင် ကြောက်စိတ်မရှိကြောင်းကိုလည်း ဒါဝိတ်၏အသက်တာတွင် တွေ့ ရသည်။ ဤအရာတို့သည် ဒါဝိတ်အနေဖြင့် ဂေါလျတ်အားအနိုင်ယူခြင်း၏ အဓိက အရင်းအမြစ်ဖြစ်သည်။


ယနေ့ယုံကြည်သူအများစုတို့သည် ပြသနာများကို ရင်ဆိုင်ကြုံတွေ့ရသည်အခါတွင် ထိုပြသနာများ၏ အရွယ်အစား၊ အမျိုးအမည်တို့ကိုသာ အာရုံစိုက်တတ်ကြသည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ထိုပြသနာများကို ရင်ဆိုင်ရန် ၀န်လေးကြသည်။ ကြောက် ရွံ့ကြသည်။ ထွက်ပြေးလိုကြသည်။ ဤကဲ့သို့ပြုလုပ်မည်ဆိုလျှင် အရှုံးတရားများကို သာရရှိသောယုံကြည်သူတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။ ထိုသို့မဖြစ်ရလေ အောင် ပြသနာများကို ရင်ဆိုင်ကြုံတွေ့ရသည်အခါ ဒါဝိတ်ကဲ့သို့မြင်တတ်သော၊ တွေးတတ်သော၊ ရင်ဆိုင်တတ်သော သူဖြစ်ရန်အရေးကြီးပါသည်။ မိမိကြုံတွေ့နေရ သောပြသနာများထက် ဘုရားသခင်သည် သာ၍ကြီးမားသည်ကို သိရှိသူဖြစ်ရန် အရေးကြီးသည်။ ထိုပြသနာများကို အနိုင်ယူနိုင်သော လက်နက်သည်သင်၌သာရှိ သည်ကိုလည်း အမြဲသတိရဖို့ရန်လိုအပ်သည်။ ဒါဝိတ်က ဂေါလျတ်ကိုအနိုင်ယူရန် အသုံးပြုသောတောင်ဝှေးသည် သူအတွက်လက်နက်အဆန်းအပြားမဟုတ်။ သိုး များကို ထိန်းကျောင်းနေချိန်တွင် သူအမြဲဆောင်ထားသောအရာဖြစ်သည်။ မိမိရင် ဆိုင်နေရသောပြသနာများကို ဖြေရှင်းဖို့ရန်လည်း လက်နက်သစ်များသင့်ထံတွင် ရောက်ရှိလာဖို့ရန် မမျှော်လင့်ပါနှင့်။ ဘုရားသခင်ကို အားကိုးခြင်းဖြင့် သင့်တွင်ရှိနေ ပြီးသောအရာကိုသာ အသုံးပြုလိုက်ပါ။ ဘုရားသခင်အသုံးပြုမည်ဆိုလျှင် သင့်အ တွက် အကောင်းဆုံးသောလက်နက်ဖြစ်လာပါလိမ့်မည်။
ယုံကြည်သူတစ်ယောက်အနေဖြင့် ဤလောကတွင်အသက်ရှင်နေထိုင်နေသရွေ့ ပြ သနာပေါင်းမြောက်များစွာတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုပြသနာများကို ရင်ဆိုင် သည့်အခါ ဒါဝိတ်ကဲ့သို့ အရွယ်အစား၊ အမျိုးအမည်တို့ကို မကြည့်ပဲ ဘုရားကိုသာ ကြည့်တတ်သောယုံကြည်သူဖြစ်ရန် အရေးကြီးပါသည်။ လက်နက်အသစ်အဆန်း များကို အားမကိုးပဲ မိမိ၌ရှိသောအရာကို ဘုရားအသုံးပြုလျှင် မိမိအတွက်အကောင်း ဆုံးသောလက်နက်ဖြစ်လာမည်ဟူသော ယုံကြည်ချက်တို့လည်း ရှိထားသင့်ပါသည်။