Wednesday, 22 April 2015

လူငယ်တစ်ယောက်အနေဖြင့် မိမိ၏ဘ၀ကိုဘယ်လိုမြှင့်တင်ရမလဲ (ခြေလှမ်း-၃)



၃။ သင့်အတွက်အကောင်းဆုံးလမ်းပြမည့်သူကို ရှာဖွေပါ

ဤသည်မှာ ပုဂ္ဂိုလ်၊ စာအုပ်၊ တီဗီအစီအစဉ် အစရှိသဖြင့် အတုယူစရာကောင်းပြီး သင်ယူနိုင်မည့် အရာတစ်ခုခုကို ဆိုလိုသည်။ သင်သည် ဘော်လုံးကန်ခြင်းကို ၀ါသနာပါသောသူဖြစ်လျှင် လက်ရှိကမ္ဘာပေါ်မှာ နာမည်ကြီးပြီး အောင်မြင်နေသောသူများက ဘယ်လိုကြိုးစားအားထုတ်ကြသလဲ အစရှိသည်များကို လေ့လာမှတ်သားပြီး အတုယူ စရာကောင်းများကို အတုယူပြီး အားထုတ်ကျင့်
ဆောင်ရမည်ဖြစ်ပါတယ်။ အဆိုကိုဝါသနာပါသောသူဖြစ်လျှင် နာမည်ကျော် အဆိုတော်များ ပို့ချသော သင်ခန်းစာများ (၀ါ) တီဗွီအစီအစဉ်များမှ ပို့ချသော အဆို၊အက နည်းပညာများကို ကြည့်ရှုလေ့လာပြီး အစွမ်းကုန်ကျင့်ယူခြင်းဖြင့် အဆိုပိုင်းတွင် တဖြည်းဖြည်း တိုးတက်သထက်တိုးတက်အောင် လုပ်ဆောင်နိုင် မည်ဖြစ်ပါသည်။ သင့်ရဲ့စိတ်၊ ကိုယ့်ကျင့်တရားများကို အကောင်းဆုံးပိုင်ဆိုင်ထားလိုလျှင် ဘုရား၊ တရား အားဖြင့် ပြုပြင်ပြောင်းလဲနိုင်နိုင်မှာဖြစ်ပါတယ်။ အခရာအကျဆုံးကတော့ ကိုယ့်ဘ၀ကို တိုးတက်သ ထက်တိုးတက်အောင် မြှင့်တင်ပေးနိုင်သော အရာများကို ရှာဖွေတတ်ရမည်ဖြစ်သည်။ ဆရာကောင်းများ ကိုရှာဖွေပြီး သူတို့ထံမှလည်း နည်းမျိုးစုံ ဖြင့်သင်ယူလေ့လာနိုင်ပါသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.