သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရေးသားထားသောစာအုပ်ဖြစ်သည်။ သမ္မာကျမ်းစာဟူသော အခေါ်အ၀ါ သည် ဂရိစကား Biblion မှဆင်းသက်လာပြီး စာလိပ် (Roll/scroll) (၀ါ) စာအုပ် (Book) ဟုအဓိပ္ပါယ်ရပါသည်။ သို့ရာတွင် သမ္မာ ကျမ်းစာသည် စာအုပ်သက်သက်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စုစည်းရေးသားထားသောစာအုပ်ဖြစ်ပါသည်။ သမ္မာကျမ်းစာဟုခေါ်ဆိုသည်အတိုင်း သမ္မာတရားနဲ့ပြည့်စုံသောကျမ်းစာအုပ်ဖြစ်ပါသည်။
သမ္မာကျမ်းစာတွင် ဓမ္မဟောင်းကျမ်း (၃၉-စောင်) ၊ ဓမ္မသစ်ကျမ်း (၂၇-စောင်) ဟူ၍နှစ်ပိုင်းခွဲခြား ထားပါသည်။ အဓိကအားဖြင့် ဓမ္မဟောင်းကျမ်းကို ဟေဗြဲဘာသာစကားဖြင့်ရေးသားထားပြီး ဓမ္မသစ် ကျမ်းကို ဂရိဘာသာစကားဖြင့်ရေးသားထားသည်။ ဓမ္မဟောင်ကျမ်းရေးသားချိန်သည် ဘီစီ ၁၄၅၀ မှ ၄၀၀
ခန့်ကြာသည်ဟု ကျမ်းတတ်ပညာရှင်များကဆိုကြသည်။ အထူးသဖြင့် ဓမ္မဟောင်း ကျမ်းတွင် ဂျူးလူမျိုးများ၏ အကြောင်းကို အဓိကတွေ့ရှိရပြီး ဓမ္မသစ် ကျမ်းတွင်မူ ယေရှုခရစ်တော်၏ အသက်တာနဲ့ ကယ်တင်ခြင်းတ ရားအကြောင်း တို့ကိုစုံ လင်စွာဖော်ပြထားပါသည်။
ခန့်ကြာသည်ဟု ကျမ်းတတ်ပညာရှင်များကဆိုကြသည်။ အထူးသဖြင့် ဓမ္မဟောင်း ကျမ်းတွင် ဂျူးလူမျိုးများ၏ အကြောင်းကို အဓိကတွေ့ရှိရပြီး ဓမ္မသစ် ကျမ်းတွင်မူ ယေရှုခရစ်တော်၏ အသက်တာနဲ့ ကယ်တင်ခြင်းတ ရားအကြောင်း တို့ကိုစုံ လင်စွာဖော်ပြထားပါသည်။
သမ္မာကျမ်းစာရေးသားချိန်သည် နှစ်ပေါင်း ၁၅၀၀ ကျော်ခန့်ကြာခဲ့ပြီး လူပေါင်း ၄၀ ကျော်တို့က ဘုရား သခင်ထံမှ ရရှိသောအရာများကို ရေးသားပြုစုထားခြင်းဖြစ်ပါသည်။ ထိုသူတို့သည် လူတန်းစားအ လွှာမတူညီကြသလို ရေးသားသည့်အချိန်၊ နေရာတို့လည်းမတူကြပေ။ အများစုတို့မှာ တစ်ဦးကို
တစ်ဦးတွေ့ဆုံခဲ့ခြင်းလည်းမရှိခဲ့ကြပေ။ ထူးခြားသည်မှာ သူတို့၏ဦးတည်ချက်၊ ရည်ရွယ်ချက်တို့သည် တူညီနေသောအချက်ပင် ဖြစ်ပါသည်။ ဤအရာကိုကြည့်ခြင်းအားဖြင့် သမ္မာကျမ်းစာသည် လူ့အသိဥာဏ်ဖြင့်ရေးသားထားခြင်း မဟုတ်ကြောင်း ထင်ရှားလှပါသည်။
သမ္မာကျမ်းစာတွင် ဘုရား၊ လူ၊ ကမ္ဘာမြေကြီး၏မူလအစ၊ အပြစ်တရား၊ ကယ်တင်ခြင်းတရား၊
ကောင်းကင်တမန်၊ စာတန်၊ နတ်ဆိုးတို့နှင့် အနာဂတ်ကာလတွင်ဖြစ်ပျက်မည့်အရာ များကို ပြည့်စုံစွာဖော်ပြထားပါသည်။ သိပ္ပံပညာရှင် ကယ်လီလီယိုဂယ်လီဂဲ (မွေး Feb 15, 1564)က ကမ္ဘာမြေကြီးသည် လုံးဝန်းသည်ဟုမတွေ့ရှိမှီကပင် သမ္မာကျမ်းစာတွင် ရေးသားသူတစ်ဦးဖြစ်သော ပရောဖက်ဟေရှာယ ဘီစီ ၇၀၀-၆၈၁ ၀န်းကျင်တွင် ကမ္ဘာမြေကြီးလုံးဝန်းသည်ကို တိကျ စွာရေးသားဖော်ပြထားပါသည် (ဟေရှယ ၄၀း၂၂ - အင်္ဂလိပ်ကျမ်းစာကိုဖတ်ပေးရန်)။ သိပ္ပံပညာရှင်များကပင် ကမ္ဘာမြေကြီးကို လေ့လာရာတွင် သမ္မာကျမ်းစာကို အသုံးပြု ကြပါသည်။
သမ္မာကျမ်းစာကို အစအဦးတွင် Papyrus ဟုခေါ်သော ကျူ ပင်များမှပြုလုပ်ထားသောစက္ကူ ပေါ်တွင်
ရေးသားခဲ့ကြသည်။ ထိုစာများ ကို ဘေးနှစ်ဖက်လိပ်ထားကြသည်။ စာလိပ်ဟုလည်းခေါ်ဆိုကြပါသည်။
ခေတ်ကာလပြောင်းလဲလာသောအခါ လူတို့သည် သားရေပြားပေါ်တွင် စာများကိုရေးသားလာကြပြီး
ရေးသားခဲ့ကြသည်။ ထိုစာများ ကို ဘေးနှစ်ဖက်လိပ်ထားကြသည်။ စာလိပ်ဟုလည်းခေါ်ဆိုကြပါသည်။
ခေတ်ကာလပြောင်းလဲလာသောအခါ လူတို့သည် သားရေပြားပေါ်တွင် စာများကိုရေးသားလာကြပြီး
ဘုရားသခင်၏နှုတ်ကပတ်တော်များကိုလည်း ထိုသားရေပြားပေါ်တွင် ကူးယူရေး သားလာကြပါသည်။
သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် ဘာသာပြန်မှုအများဆုံး၊ ထုတ်ဝေဖြန့်ချီမှုအများဆုံးနဲ့ လူဖတ်အများဆုံး
သောစာအုပ်တစ်အုပ်ဖြစ်ပါ သည်။
သောစာအုပ်တစ်အုပ်ဖြစ်ပါ သည်။


No comments:
Post a Comment
Note: only a member of this blog may post a comment.