Iceland (အိုင်စလန်) နိုင်ငံဟာ ကမ္ဘာ့ အအေးချမ်းဆုံး နိုင်ငံလို့ အသိ အမှတ်ပြု ခံထားရပြီး
ဘယ်လောက်တောင် အေးချမ်း သလဲဆို စစ်တပ်တောင် မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဥရောပက ကျွန်းနိုင်ငံငယ်လေး ဖြစ်ပြီး လူဦးရေလည်း ၃သိန်း၂ သောင်း
ဝန်းကျင်သာ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ပေါ် ဖွံ့ဖြိုးအတိုးတက်ဆုံး အဆင့်၁၃ ရှိတဲ့ နိုင်ငံလည်း
ဖြစ်ပါ တယ်။ ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံ စာရင်းမှာ ဒုတိယကမ္ဘာစစ်
ပြီးကတည်းက စတင်ပါဝင်ခဲ့ပြီး ကမ္ဘာ့စီးပွားပျက်ကပ် ရောက်ချိန်တောင် လွယ်တကူ
ရုန်းကန် ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ သူက ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံများ
ထိပ်တန်း စာရင်းမှာလည်း ပါဝင်နေပါတယ်။ သူ့ရဲ့ အဓိက ဝင်ငွေ အနေဖြင့်
ခရီးသွားလာရေး ဖြစ်ခဲ့ပြီး အခြားသော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ
လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်ပါတယ်။
Iceland လို့ အမည်ရပေမယ့် သူ့မှာ ရေခဲတောင်တို့ မရှိပါဘူး။ Atlantic
သမုဒ္ဒရာထဲက ဧရိယာ စတုရန်းမိုင် 39,770 ရှိတဲ့ စိမ်းလမ်းစိုပြည်တဲ့
ကျွန်းငယ် တစ်ခုသာ ဖြစ်ပါတယ်။ တောင်တန်းမျာဖြင့် စိမ်းစိမ်းဆိုဆိုရှိပြီး
ကမ္ဘာ့ နေချင်စရာ အကောင်းဆုံး နိုင်ငံများထဲမှာလည်း ပါဝင်ပါတယ်။ သူ့ရဲ့
နိုင်ငံသား အားလုံးကို ကျန်းမာရေးနဲ့ ပညာရေးများအား အခမဲ့နီးပါး ထောက်ပံ့
ထားပေးထားကြောင်း သိရ ပါတယ်။
Ref: http://yoyarlay.com/international/international-news/europe/40640-2015-01-23-07-47-32.html

No comments:
Post a Comment
Note: only a member of this blog may post a comment.