Robert Pierce (Bob) ဟာ ခရစ်သက္ကရာဇ်
1914 ခု အောက်တိုဘာလ 8 ရက်နေ့တွင်မွေးဖွားခဲ့ပြီး 1947 ခုနှစ်မှာ ဒီလောကြီးကို စွန့်ခွာသွား
ခဲ့သည်။ သူသည် ခရစ်ယာန် တရားဟောဆရာဖြစ်ပြီး Youth For Christ အမည်ရှိသော အဖွဲ့အစည်းတွင်
အမှုတော်မြတ်၌ ပါဝင်ဆက်ကပ်သူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တော့ သူဟာ တရုတ်ပြည်ကို ဒေသနာ ဝေငှဖို့ ခရီးတွင်ခဲ့ပါတယ်။ ဒေသနာတော်ကို ဝေငှအပြီးတွင်
Tena Hoelkedoer အမည်ရှိ အင်္ဂလိပ်လူမျိုး ဆရာမထံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ ဆရာမ
နေအိမ်သို့ ရောက်ရှိချိန်တွင် ထိုဆရာမကိုမှီိခိုနေသော မိဘမဲ့၊ ဆွေမျိုးမဲ့နေပြီး အင်မတန်မှ
သနားစရာကောင်းလှသော ကလေးငယ်မလေး တစ်ဦးကို တွေ့ရှိလိုက်သည်။ ခဏခြင်းတွင် Bob ၏စိတ်သည်
ထိုကလေး မလေး အပေါ်သို့ ပြောပြမတတ်သော လူသားချင်းစာနာစိတ်တရား သက်ရောက်သွားခဲ့သည်။ ထိုကလေးမလေး အပေါ်
ဂရုဏာတရားသက်ရောက်မှုသည် Bob ၏စိတ်အာရုံတစ်ခုလုံးကိုဖမ်းစားရုံသာမက ပတ်ဝန်းကျင်တစ်ခုလုံးကိုပင်
Bob လုံးဝ သတိလက်လွတ် ဖြစ်သွားရတော့သည်။ ထိုခဏခြင်းတွင် ဆရာမ Tena က “Bob…. သူမအတွက်
သင်ဘာလုပ်ပေးနိုင်မလဲ” ဟု Bob ကို မေးလိုက်သည်။ Bob ဟာ ဆရာမရဲ့ မေးခွန်းကြောင့် အသိတရားပြန်ဝင်လာပြီး
သူ၏အိတ်ကပ်ကို ချက်ခြင်း လက်ဖြင့် နှိုက်လိုက်သည်။ အိတ်ကပ်ထဲတွင် ပါလာသည့် ရှိသမျှငွေဖြစ်သော
၅-ဒေါ်လာကို ထုတ်ကာ “ဤပိုက်ဆံကို ကလေးမအတွက်သုံးလိုက်ပါ။ ကလေးမကို လစဉ်ထောက်ပံ့ကြေး
ပုံမှန်ပို့ပေးမည်” ဟု ဆရာမအား ကတိပေးလိုက်သည်။ ထို့နောက် Bob သည် စိတ်ထဲတွင် ထိုကလေး၏
အကြောင်းကိုတွေးရင်း အမိမြေကို ပြန်သွားရတော့သည်။
Bob သည် သူ၏ဒေသကို
ရောက်ရှိသွားပြီးသောနောက် အချိန်တိုင်းတွင် ထိုကလေးမကို အမြဲတမ်းလိုလို သတိရပြီး
နေရာတိုင်းတို့တွင်
ထိုကလေးမလို့ ကလေးပေါင်းမြောက်များစွာတို့ ဒုက္ခရောက်နေမည်ဟု တွေးတောမိလိုက်သည်။ ထိုသူတို့အတွက်
အကောင်းဆုံး လုပ်ဆောင်ပေးလိုစိတ် ပျင်းပြလာကာ ကြိုးစားရင်း….ကြိုးစားရင်းနဲ့ နောက်ဆုံးတွင်
“World Vision” ဟူသော အဖွဲ့အစည်းကို အစပျိုးခဲ့သော လူသားတစ်ဦးဖြစ်လာခဲ့ပြီး ကိုးရီးယားစစ်ပွဲအတွင်း
ကလေးများကိုထောက်ပံကူညီးခြင်းဖြင့် သူ၏လုပ်ငန်းများကို အစပြုခဲ့သည်။ World Vision အဖွဲ့အစည်းသည်
ကျွန်တော်/မ တို့အားလုံး သိရှိကြပြီးဖြစ်တဲ့အတွက် ကျယ်ကျယ်ဝန်းဝန်း ပြောပြစရာလိုမည်မထင်ပါ။
ကိုးကား
http://www.worldvision.org/content.nsf/about/history
http://en.wikipedia.org/wiki/Robert_Pierce
http://www.omnilexica.com/?q=Robert+Pierce 
No comments:
Post a Comment
Note: only a member of this blog may post a comment.