Wednesday, 13 May 2015

ခရစ်တော် နှစ်ပေါင်းဘယ်လောက်အမှုဆောင်ခဲ့သလဲ?



ရှင်လုကာ၏ အဆိုအရ ခရစ်တော်သည် အသက် ၃၀ ခန့်တွင် အမှုတော်စတင်ဆောင်ရွက်ခဲ့ပါသည် (လုကာ ၃း၂၃)။ ဗတ္တိဇံယောဟန်သည် သူ၏အမှုတော်ဆောင်လုပ်ငန်းကို ကဲသာဘုရင် တိဗေရိနန်းစံ ဆယ်ငါးနှစ်တွင် စတင်ခဲ့ကြောင်း ရှင်လုကာကမှတ်တမ်းတင်ခဲ့ပါသည် (လုကာ ၃း၁)။ သမိုင်းအဆိုအရ တိဗေရိသည် အေဒီ ၁၁ လောက်တွင်နန်းစံခဲ့ပါသည်။ တိဗေရိ၏ နန်းစံ ၁၅နှစ်အကြာသည် အေဒီ ၂၆ ၀န်းကျင့်ခန့်ဖြစ်ပြီး ထိုအချိန်သည် ဗတ္တိဇံယောဟန်အမှုတော်စတင်ဆောင်ရွက်ခဲ့သော အချိန်ဖြစ်နိုင်ပေ သည်။ ခရစ်တော်သည်လည်း ယောဟန်ကဲ့သို့ပင် အေဒီ ၂၆ ၀န်းကျင့်ခန့်တွင် အမှုတော်ကို စတင်ဆောင် ရွက်မည်ဖြစ်သည်။ 

ရှင်ယောဟန်ခရစ်ဝင်ကျမ်းအရ ခရစ်တော်သည် ပသခါပွဲကို သုံးကြိမ်တိုင်တိုင် တက်ရောက်ကြောင်း တွေ့ရပါ သည်။ ပထမဆုံးအကြိမ်မှာ ယောဟန် ၂း၁၃၊ ဒုတိယအကြိမ်မှာ ယောဟန် ၆း၎ နှင့် တတိယ အကြိမ်မှာ ယောဟန် ၁၁း၅၅-၅၇ ။ ပသခါပွဲသည် တစ်နှစ်တစ်ခါ ဧပြီလတွင် ကျင်းပသောပွဲဖြစ်သည်။  ဤသုံးကြိမ်စလုံးသည် နှစ်နှစ်ခွဲဝန်းကျင်အဖြစ် သတ်မှတ်ကြပါစို့။ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ချို့ တို့က ယောဟန် ၂ နှင့် ၆ ကြားတွင် ကျမ်းစာ၌မဖော်ပြထား သော ပသခါပွဲလည်းရှိမည်ဟု ထင်မြင်ယူ ဆကြပါသည်။ သို့ရာတွင် မဖော်ပြထားသောကြောင့်မသေချာပါ။

ခရစ်တော်တက်ရောက်ခဲ့သော ပသခါသုံးပွဲစလုံးသည် ၂ နှစ်ခွဲခန့်ဖြစ်သော်ငြားလည်း ခရစ်တော်အမှုတော် ဆောင်ခဲ့သည်သက်တမ်းမှာ ၂-နှစ်ခွဲအဖြစ်သတ်မှတ်လို့မရပေ။ အကြောင်းမှာ ခရစ်တော်သည် ပသခါပွဲကို ပထမဆုံးအကြိမ် မတက်ရောက်မှီကပင် အမှုတော်မြတ်ကို စတင်ခဲ့သောကြောင့်ဖြစ်သည်။ ပသခါပွဲကို ပထ မဆုံးမတက်ရောက်မှီကပင် ခရစ်တော်သည် ဗတ္တိဇံကိုခံရန် ဂါလိလဲပြည်မှ ယော်ဒန်မြစ်ကိုရောက်လာ (မသဲ ၃း၁၃-၁၇)၊ မာရ်နတ်၏စုံစမ်းခြင်းကိုခံ (မသဲ ၄)၊ တရားစတင်ဟောကြား (မသဲ ၄း၁၇)၊ အဦးဆုံးသော တပည့်တော်များကိုခေါ် (ယောဟန် ၁း၃၅ - ၅၁)၊ ပထမဆုံးသောတန်ခိုးတော်ပြသခြင်း (ယောဟန် ၂း၁-၁၁)။ နောက်ပြီး ခရစ်တော်ရှင်ပြန်ထမြောက်ချိန်နှင့် ကောင်းကင်ပေါ်သို့ချီဆောင်ခြင်းခံရခြင်းကြား ရက်ပေါင်း လေးဆယ်တို့ကိုပါ ထည့်တွက်မည်ဆိုလျင် ခရစ်တော်အမှုတော်ဆောင်ခဲ့သောသက်တမ်းသည် ၃-နှစ်ခွဲခန့်ဖြစ်မည်ဟု ယူဆရပါသည်။



ကိုးကား

No comments:

Post a Comment

Note: only a member of this blog may post a comment.