တစ်ခါကလူတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူ၌မယ်မယ်ရရပြောစရာအပြစ်မရှိကြောင်းစာရေးသူကို
ပြောပြခဲ့ဖူး ပါသည်။ ထိုသူကဲ့သို့သော လူပေါင်းမြောက်များစွာတို့ ဤကမ္ဘာကြီးပေါ်တွင် ရှိနေကြမည်မှာသေချာလှပါသည်။
မည်သို့ပင်ဖြစ်စေကာမူ အပြစ်နဲ့ကင်းသောလူသားရယ်လို့မရှိပါ။ ဤအကြောင်းကိုလေ့လာကြည့် ကြရအောင်။
လူအချို့တို့က ဘာသာတရားကိုင်းရှိုင်းခြင်း၊
မူးယစ်ဆေးဝါးများမသုံးစွဲခြင်း၊ ကာမဂုဏ်ကင်းခြင်း၊ ငါးပါး သီလကို အတတ်နိုင်ဆုံးလက်ကိုင်ထားခြင်းတို့အားဖြင့်
မိမိကိုမိမိအပြစ်မရှိဟု ထင်မြင်ယူဆတတ်ကြပါသည်။ ဤသည် မှာ မိမိကိုယ်မိမိ ထင်မြင်သတ်မှတ်ခြင်းမျှသာဖြစ်ပါသည်။
လူသည်မိမိကိုယ်မိမိ အပြစ်ရှိသည် မရှိသည်ကို
သတ်မှတ်နိုင်သောအခွင့်ရှိပါသလား ဆိုတဲ့မေးခွန်းကို မိမိကိုယ်မိမိမေးဖူးပြီလား? လူသည်မိမိကိုယ်မိမိ
အပြစ်ရှိမရှိပြောပိုင်ခွင့်မရှိပေ။ အကြောင်းမှာ နောက်ဆုံးသော အချိန်၌ လူသားအားလုံးကိုတရားစီရင်မည့်သူမှာ
ခရစ်တော်ဘုရားဖြစ်တော်မူသောကြောင့်ဖြစ်ပါသည် (မသဲ ၂၅း၃၁-၄၆)။ တရားခံက တရားသူ ကြီးအား
ဒီလိုစီရင်ပါဟု ပြောဆို၍မရသလို သင်သည်ဘုရားသခင်အထံ တော်အပါးတွင် မိမိတွင် အပြစ်ရှိမရှိ
ပြောပိုင်ခွင့်မရှိပေ။ တရားခံက တရားသူကြီး၏ အမိန့်ချမှတ်ခြင်းကို ခံရသကဲ့သို့ သင်သည်လည်း
နောက်ဆုံး သောအချိန်၌ ဘုရားသခင်၏ အမိန့်ချစီရင်ခြင်းကို ခံရမည်ဖြစ်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သောသမ္မာကျမ်းစာက
သင်သည်မွေးစကပင်အပြစ်နဲ့မွေးကြောင်းကို အတိ အလင်းဆိုထားပါသည် (ဆာလံ ၅၁း၅)။ ဤအပြစ်ကို
ဇာတိအပြစ်ဟုခေါ်သည်။ ဇာတိအပြစ်သည် လူတစ် ယောက်အားဖြင့် လူသားတိုင်းအပေါ်သို့သက်ရောက်
အပြစ်ဖြစ်သည် (ရောမ ၅း၁၂)။ မည်သည့်အရပ်၊ နေရာ၊ အချိန်တို့မှာမွေးမွေး၊ ဘယ်လိုပဲမွေးမွေး
မွေးလာသောကလေးတိုင်းတို့သည် အပြစ်တရားနဲ့အတူမွေးဖွားလာကြ ပါသည်။ ဇာတိအပြစ်သည် သင်အနေဖြင့်
ဘုရားတရားကိုမသိရှိနိုင်မှီကပင် သင်နဲ့ပါလာသောအရာ ဖြစ်ပေ သည်။ ဤသည်မှာ အရာခပ်သိမ်းတို့ကို
ဖန်ဆင်း၊ ပိုင်သအုပ်စိုးတော်မူပြီး တရားစီရင်ပိုင်ခွင့် ရှိသောဘုရား သခင်၏ နှုတ်ကပတ်တော်က
မိန့်ဆိုထားသောအရာ ဖြစ်ပါသည်။ လူ၏မိန့်ဆိုချက် မဟုတ်ပေ။
မွေးစကပင် မိမိနဲ့အတူတစ်ပါးတည်းပါလာသောဇာတိအပြစ်ကနေ
လွတ်မြောက်အောင် နည်းလမ်းများရှိပါသ လားဆိုသောမေးခွန်းသည် မဖြစ်မနေ လူတိုင်းမိမိကိုယ်မိမိ
မေးသင့်သောမေးခွန်းဖြစ်ပါသည်။ ထိုသို့ သင့်ကိုယ် သင့်မေးလိုက်မည်ဆိုလျှင် သင့်အတွက်အဖြေရှိပါသည်။
ဇာတိအပြစ်ကနေ လွတ်မြောက်နိုင်ဖို့ရန်တစ်ခုတည်း သောနည်းလမ်းမှာ ခရစ်တော်၏ကယ်တင်ခြင်းတရားကို
ယုံကြည်လက်ခံဖို့ရန်ဖြစ်သည် (ယောဟန် ၃း၁၆)။ မိမိသည် အပြစ်သားဖြစ်ကြောင်းလည်း နှုတ်ဖြင့်ဝန်ခံရမည်
(၁ ကော ၁း၉) (မိမိကိုယ်မိမိ အပြစ်မရှိဟု မည် သို့ပင် သတ်မှတ်နေပါစေ)။ ခရစ်တော်ကို မိမိ၏ကယ်တင်ရှင် အဖြစ်လက်ခံယုံကြည်ခြင်းဖြစ်သည်။
ဤအရာကို ထာဝရအသက်ရရှိခြင်းဟူ၍လည်း ခေါ်ဆိုကြသည်။ ဆိုလိုရင်းမှာ ထာဝရအပယ်ငရဲမှ လွတ် မြောက်ခြင်းဖြစ်သည်။
ထာဝရအသက်ကို အကျင့်၊ သီလတို့အားဖြင့်
မရရှိနိုင်ပေ။ အကြောင်းမှာ ဘုရားသခင်က လူသားတို့၏ ဇာတိအပြစ်တရားအား ခရစ်တော်၏အသွေးတော်အားဖြင့်သာ
ခွင့်လွတ်ပေးနိုင်သောကြောင့်ဖြစ်သည် (ရောမ ၅း၁၀၊ ၂ကော ၅း၁၈၊ ဧဖက် ၂း၁၆)။ လူတွေကဘုရားသခင်ကို
ဟိုလို၊ ဒီလိုလုပ်ပါဟု ပြောပိုင်ခွင့်မရှိပါ။ ဘုရားသခင် သတ်မှတ်သောအရာကို လိုက်နာဖို့ရန်သာဖြစ်သည်။
ဘုရားသခင်သာလျှင် သင့်ကိုစီရင်ပိုင်သောအခွင့် ရှိသောသူဖြစ်သည်။ သို့ဖြစ်၍ သင်သည် ဘုရားသခင်သတ်မှတ်ထားသောအရာကို
လက်ခံယုံကြည်နိုင်သူဖြစ်ရပေမည်။ လိုက်နာနိုင်ခြင်း မရှိလျှင် တရားစီရင်မည့်သူ၏ ခွင့်လွတ်မှုကို
လက်ခံရရှိနိုင်မည်မဟုတ်ပေ။

No comments:
Post a Comment
Note: only a member of this blog may post a comment.