၂။ လူကြီးတွေထံမှ သင်ယူရမယ်
လူငယ်တစ်ယောက်အနေနဲ့
လူပေါင်းများစွာတို့မှ သင်ယူလေ့လာပြီး ကျင့်ဆောင်လို့ရပါတယ်။ ဥပမာ - ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊
ဆရာ/မ များ နဲ့ ကိုယ်ရဲ့ပတ်ဝန်းကျင်မှာ နေထိုင်နေကြသော ထူးချွှန်တဲ့ ပုဂ္ဂိုလ်များ ထံမှသင်ယူလို့ရပါတယ်။
ကမ္ဘာ့ခေါင်းဆောင်ကြီးများအကြောင်းကို စာဖတ်ခြင်းဖြင့်
လေ့လာသင်ယူလို့ ရမှာဖြစ် ပါတယ်။
ရင့်ကျက်တဲ့ ဆရာ/မ တို့ထံတွင်လည်း မေးမြန်းပြီး သူတို့ထံမှ အကြံဥာဏ်များ ရယူကာ မိမိရဲ့ဘ၀ကို
တိုးတက်သထက် တိုးတက်အောင်၊ မြင့်မားသထက်မြင့်မားအောင်၊ ရင့်ကျက်သထက် ရင့်ကျက်လာအောင်
လေ့လာသင်ယူလို့ရပါတယ်။ သူတို့၏ နေပုံထိုင်ပုံ ၀တ်စားပုံတို့ ကိုမှလည်း လေ့လာပြီး သင်ယူလို့ရပါတယ်။
No comments:
Post a Comment
Note: only a member of this blog may post a comment.