( ၀၉၂၅၀၇၃၉၉၉၀ )
Nanda Win ။ ။ကိုဆက်သွယ်နိုင်ပါပြီခင်ဗျား
-
တန်ဖိုးသင့်ညစာ အတွက် ရောင်းမကုန်တဲ့ညနေဆိုတာမရှိခဲ့ပါဘူး
ဆိုက်ကားတစ်စီးကနေ နှစ်စီး နှစ်ဆတိုးထွက်လည်း ကုန်နေတာပါဘဲ
ရောင်းတဲ့သူတွေကလည်း စေတနာပါပါ ပိုပိုသာသာထည့်ပေးတော့
အမြတ်ကတော့အကျန်နည်းလှပါတယ်
-
(နဂိုကတည်းကအမြတ်ရချင်လို့လုပ်တာမဟုတ်ပါ) လုပ်ရက်လေးတွေရလာတော့
သုံးသပ်ကြည့်တဲ့အခါ လူကြိုက်အများဆုံးက သီးစုံပဲကုလားဟင်းပါဘဲ
မိုးပြဲတစ်ဒယ် ဒယ်ပိုင်းတစ်ဒယ် နေ့တိုင်းချက်တာတောင် ရောင်းမလောက်ပါဘူး
ထမင်းနှင့်သီးစုံဘဲရောင်းရင် ၂၀၀ကျပ်နှင့်ရောင်းလင့်ကစားမြတ်ပါတယ်
ဝက်၃၀၀ ကြက်၅၀၀က မမြတ်ရုံမက အရှုံးပေါ်တက်ပါတယ်။
-
ယခု တစ်နေ့သုံးလေးထောင်မြတ်တယ်ဆိုတာ သီးစုံကြောင့်ပါဘဲ
ဒါဆိုသီးစုံဘဲရောင်းပါလို့ ဆိုကြပါလိမ့်မယ် ကျွန်တော်ကတော့မရောင်းရက်ပါ ဟဲ့
ဝက်သားလေးပြပါဦး ကြက်သားလေးကဘယ်လိုလဲ ဆိုပြီး ဟင်းကလေးတွေကိုလှန်ကြည့်
လက်ထဲကပိုက်ဆံကိုချိန်ဆ နဲနဲအဆင်ပြေ ၀က် တော်တော်အဆင်ပြေကြက်
ဘယ်လိုမှအဆင်မပြေသီးစုံ ဆိုပြီးညနေစာကို ဖြေရှင်းနေရတဲ့ အိမ်ထောင်စု
(ယခုဆို ၂၀၀) လောက်အတွက် ရှုံးကာမှရှုံးရော ကြက်နှင့်ဝက်ကို မဖြတ်ရက်ပါဘူး။
-
(တတ်နိုင်တဲ့နေ့အသားဟင်းစားမယ်ဆိုတဲ့မျှော်လင့်ချက်ကလေးတွေရှိအောင်ပါ)
လိုက်လုပ်ချင်တဲ့မိတ်ဆွေများကိုအကြံပေးပါရစေ သီးစုံကုလားဟင်းတစ်မျိုးတည်းသာ
အရသာရှိရှိ (ကြော်ငြာဝင်ရရင် ကျွန်တော့်တပည့်များချက်သလို) ချက်ရောင်းပါ
လုံးဝမရှုံးစေရပါဘူး အမြတ်ရာနှုန်း ၃၀ရာနှုန်းလောက်တောင်မြတ်နိုင်ပါတယ်။
(လက်တွေ့တွက်ပြီးပြောတာပါ)
-
ကျွန်တော်တို့ကတော့နဂိုတည်းကအမြတ်ထက်စာရင် ရေရှည်ရပ်တည်ဖို့ တစ်ခါလှူ
တစ်သက်လုံး သာဓုတွေရနေမယ့် အစီအမံမို့ ကြက် ၀က် ကလေးနှင့် တွဲရောင်းရပါတယ်
ဝက်သားအဆီများတဲ့နေ့ဆို အမြတ်ကရာဂဏန်းဘဲကျန်ပါတယ် လုပ်ကြည့်တဲ့အခါ
ပင်ပန်းလှပါတယ် နေ့စဉ်ဆိုတော့ ငြီးငွေ့နိုင်ပါတယ်။
-
ဒါပေမယ့် လုပ်နေကျ သွားရင် မျှော်လင့်နေတဲ့မျက်နှာတွေအတွက် မလုပ်မနေနိုင်အောင် ဖြစ်သွားပါလိမ့်မယ် စကြည့်ဖို့သာလိုတာပါ ။
-
အနယ်နယ်အရပ်ရပ်က တန်ဖိုးသင့်ညစာ လိုက်လံလုပ်ဆောင်လိုသူ မိတ်ဆွေများကို
ဖိတ်ခေါ်ပါတယ် ကျွန်တော်တို့အဖွဲ့က တတ်စွမ်းသရွေ့ ကူညီနိုင်ပါပြီ
တန်ဖိုးသင့်ညစာ အတွက် ဆက်သွယ်ချင်ရင်တော့ ။
-
ကျွန်တော့်ဖုန်း ၀၉၂၅၀၇၃၉၉၉၀ ကိုဆက်သွယ်နိုင်ပါပြီခင်ဗျား
Ref:April Maung Maung

No comments:
Post a Comment
Note: only a member of this blog may post a comment.