Friday, 8 May 2015

ခုခေတ်ခရစ်ယာန်များ နာမည်ကြီးမှကြိုက်တာ


ခုခေတ်မှာ ခရစ်ယာန်လောကတွင်နာမည်ကြီးသူများ ပေါများလာလေလေ လူတွေက နာမည်ကြီးသူများကို သာချည်း ကပ်လိုကြပါတယ်။ ကျန်တဲ့သင်းအုပ်ဆရာများ၊ ဧ၀ံဂေလိဆရာများကိုဘေးချိတ်ထား
ကြတော့ သည်။ ဘယ်လောက်ထိ ဖြစ်သလဲဆိုရင် ကိုယ့်ယောင်္ကျား အသက်တာပြောင်းလဲဖို့ တောင်မှ နာမည်ကြီးနေ တဲ့ဆရာနဲ့မှ ဖြစ်စေချင်ကြတယ်။ ယောင်္ကျားကို တကယ်ပြောင်းလဲစေချင်တာလား (သို့) နာမည်ကြီးစေချင်တာလား (သို့) စင်ပေါ်မှာသက်သေခံပြီး လူပေါင်း မြောက်များစွာတို့ရဲ့ အကြည့်ကိုခံစေချင်တာလား ဆိုတာတွေမသဲကွဲတော့ပါဘူး။  


နာမည်ကြီးတရားဟောဆရာများ၏ နောက်ကိုလိုက်ရလွန်းလို့ သားသမီးများကို ဖြစ်သလိုပစ်ထားတဲ့ မိဘတွေက လည်း ရှိနေကြသေးသည်။ ခရစ်တော်၏နောက်လိုက်လား (သို့) တရားဟော ဆရာတွေရဲ့နောက်လိုက်လား ဆိုတာတောင် တော်တော်ခွဲယူရမည် ထင်ပါရဲ့။


နာမည်ကြီးတရားဟောဆရာများ၏ နောက်လိုက်ခြင်း၊ တရားဒေသနာများကို နားထောင်ခြင်းတို့သည် အပြစ်ဖြစ် သည်ဟုမဆိုလိုပါ။ သို့ပေမယ်.. ဘယ်လိုစိတ်ဓါတ်၊ ဘယ်လိုမျှော်လင့်ချက်များနဲ့ 
လိုက်နေရသလဲ ဆိုတာတော့ အနည်းငယ်ပြောလိုပါတယ်။ တရားဟောဆရာကို လိုက်တာလား (သို့) ထိုတရားဟော ဆရာကို အသုံးပြုတဲ့ဘုရား သခင်၏နှုတ်ကပတ်တော်ဖွင့်ဆိုချက်ကို လိုက်တာလားအစရှိသည့်မေးခွန်းကလေးတော့ မိမိကိုမိမိ မေးသင့်တယ်လို့ ယူဆမိပါတယ်။ ထိုတရားဟောဆရာ ဟောပြောသောနှုတ်ကပတ်တော်တရားအားဖြင့် သင်၏အသက်တာတွင် အမှန် တကယ်ပင် ပြောင်းလဲမှုရှိပါသလား ဆိုတာလည်း မေးသင့်တယ်လို့အနည်းငယ် အသိပေးလိုပါတယ်။


မိတ်ဆွေ… မိမိကိုယ်မိမိ စမ်းစစ်ခြင်းဟာ အပြစ်မဟုတ်သလို ဆုံးရှုံးမူလည်းမရှိပါ။ မိမိကိုယ်မိမိ စမ်းစစ်ခြင်းဖြင့်သာ မှန်ရာလမ်းကို လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ 

No comments:

Post a Comment

Note: only a member of this blog may post a comment.