Saturday, 2 May 2015

ရင့်ကျက်တဲ့လူငယ်တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ (ခြေလှမ်း-၄)



၎။ ရင့်ကျက်တဲ့ အပေါင်းအသင်းများကိုရှာပါ 

လူတိုင်းလူတိုင်းမှာ အပေါင်းအသင်းဆိုတာ လိုအပ်ပါတယ်။ အသက်အရွယ် ပြောင်းလဲလာသည်နှင့် အမျှ အပေါင်းအသင်းဆိုတာလည်း ပြောင်းလဲဖို့လိုအပ်လာပါတယ်။ သင့်အတွက် ရင့်ကျက်သူ တစ်ယောက်ဖြစ် လာဖို့ သင့်ရဲ့အပေါင်းအသင်းများဟာ အနည်းနဲ့အများ အရေးပါတယ်။ အပေါင်းအသင်း များကို ရွေးချယ် တတ်ဖို့လိုအပ်တယ်။ သင်ရွေးချယ်လိုက်တဲ့ အပေါင်းအသင်းတွေဟာ သင်ဖြစ်ချင်တဲ့ ဘ၀ (၀ါ) ရင့်ကျက်မှု့ များကို ပိုင်ဆိုင်ထားသူများဖြစ်သင့်ပါတယ်။ သင်သည် ထိုသူတို့ကို အပေါင်းအသင်းအဖြစ် ရွေးချယ်
လိုက်ပြီဆိုရင် အရင်က ရင့်ကျက်မှု့မရှိတဲ့ အပေါင်းအသင်းများကို ဖယ်ရှားဖို့ လိုအပ်လာပါတယ်။ ရန်ဖြစ်တတ်သော၊ ခိုးတတ်သော၊ မူးယစ်ဆေးဝါးများကို လုပ်တတ်သော၊ မကောင်းသော အကြံအ စည်တို့ကို ရှိတတ်သော အပေါင်းအသင်းများကို သင့်ဘ၀မှ ဖယ်ရှားလိုက်ပါ။ ဤနည်းလမ်းဖြင့် သင်လိုချင်သော ရင့်ကျက်မှု့များကို ပိုင်ဆိုင်သည် သူငယ်ချင်းများထံမှ ရင့်ကျက်မှုနည်းလမ်းများကို သင်ယူနိုင်မှာဖြစ်ပါတယ်။

No comments:

Post a Comment

Note: only a member of this blog may post a comment.