Friday, 17 July 2015

တပည့်တော် သောမ



သောမကို ဒိဒုမုဟုလည်းခေါ်ဆိုကြသည် (ယောဟန် ၁၁း၁၆)။ သောမသည် ဟေဗြဲနာမည်ဖြစ်ပြီး ဒိဒုမုသည် ဂရိနာမည်ဖြစ်သည်။ ဒိဒုမု၏အဓိပ္ပါယ်မှာ “အမွှာ” ဖြစ်သည်။ သောမတွင် အမွှာမွေးချင်းရှိနေလို့ ခေါ်ဆိုခြင်းလား၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့်လားဆိုတာ အတိအကျမသိရပေ။ တံငါသည်ဖြစ်ကာ ဂါလိလဲသားဖြစ်သည်။ သူသည် logic (ယုတ္တိဗေဒ) ကျကျယုံကြည်တတ်သူဖြစ်သည်  (ယောဟန် ၂၀း၂၄-၂၉)။ 


သောမသည် Babylon ကိုသွားရောက်ပြီး ခရစ်တော်၏သတင်းကောင်းကို ဝေငှသက်သေခံရင်း ထိုဒေသတွင် အဦးဆုံးသောအသင်း တော်ကို တည်ထောင်နိုင်ခဲ့သည်။ Persia ကိုလည်းရောက်ရှိခဲ့သည်ဟု အဆိုစကားများ အရသိရှိရသည်။ ၄၉ အေဒီ မတိုင်မှီ အိန္ဒိယကိုရောက်ရှိပြီး လူပေါင်းမြောက်များစွာတို့ကို ခရစ်တော်၏တပည့်များ ဖြစ်စေခဲ့ပါသည်။ အိန္ဒိယမှ တရုတ်ဘက်ကိုလည်း ခရစ်တော်၏အသင်းကောင်းကို ဝေငှသက်သေခံခဲ့သည်။ ဧ၀ံဂေလိလေးကျမ်းတွင် ရှင်ယောဟန်ကသာ သောမ၏အကြောင်းကို အများဆုံးဖော်ပြရေးသားခဲ့သည် (ယော ၁၁း၂-၁၆၊ ၁၄း၁-၆၊ ၂၀း၂၅)။ 


သောမသည် အိန္ဒိယနိုင်ငံ Madras မြို့တွင် အသေသတ်ခြင်းကို ခံခဲ့ရသည်။ ထို့နေ့သည် ဒီဇင်ဘာ ၂၁ ရက်နေ့ဖြစ် သည်ဟု မှတ်တမ်းအချို့တွင်တွေ့ရှိရသည်။ သောမသည် အကြောက်တရားမဲ့စွာ ဧ၀ံဂေလိဝေငှတတ်သူ၊ အသင်းတော် တည်ထောင်ရေးမှာ အားကြီးသူဟူသော တင်စားခြင်းခံရသူတစ်ဦးဖြစ်သည်။ သူ၏ သင်္ကေတမှာ လှံ၊ ကျောက်ခဲ နှင့် မြှားတို့ဖြစ်ကြသည်။ 






ကိုးကား

http://www.biblepath.com/thomas.html (accessed July 6, 2015)


C. Michael Patton, “The Death of the Twelve Apostles” (Reclaiming the Mind Ministries, 2009), 2-3.

No comments:

Post a Comment

Note: only a member of this blog may post a comment.