Wednesday, 8 April 2015

အသင်းတော်၏ အဓိပ္ပါယ်

ခရစ်ယာန်တော်တော်များများတို့က အဆောက်အဦး (သို့) နာမည်တစ်ခုခုဖြင့် ရပ်တည်နေခြင်းတို့ကို အသင်းတော်ဟု ထင်မြင်ယူဆတတ်ကြပါသည်။ အသင်းတော် (Church) ဆိုသောစကားလုံးသည် ဂရိဘာ သာစကားဖြစ်သော Ekklesia မှဆင်းသက်လာခြင်းဖြစ်ပြီး စည်းဝေးခြင်း (an assembly)၊ ခေါ်ထုတ်ရသူ များ (call-out ones) ဟုအဓိပ္ပါယ်ရပါသည်။ အသင်းတော်၏ အခြေခံသဘောတရားသည် အဆောက်အဦး နဲ့မဆိုင် လူတွေနဲ့သာဆိုင်ပါသည်။ ရောမ ၁၆း၅ တွင် "သူတို့အိမ်၌ ရှိသောအသင်းတော်ကိုလည်း နှုတ် ဆက်ကြလော့" ဟု ရှင်ပေါလုဆိုထားသည်မှာ အဆောက်အဦးကိုဆိုလိုခြင်းမဟုတ်ပဲ စုဝေးနေသောယုံ ကြည်သူများကိုဆိုလိုခြင်းဖြစ်ပါသည်။ အသင်းတော်သည် အဆောက်အဦးမဟုတ် စုဝေးနေသောယုံကြည် သူများဖြစ်သည်။

အသင်းတော်သည် ခရစ်တော်၏ကိုယ်ဖြစ်သည်ဟု ရှင်ပေါလုကဆိုထားသည်။ "ခြေဖ၀ါးတော်အောက် သို့အလုံးစုံတို့ကိုချထားသဖြင့် အသင်းတော်အဖို့အလို့ငှါ၊ သူကိုအလုံးစုံတို့၏ အချုပ်အခြာဦးခေါင်းဖြစ်စေ
 တော်မူ၏။ ထိုအသင်းတော်ကား အလုံးစုံတို့ကို အလုံးစုံတို့နှင့်ပြည့်စုံတော်မူသောသူ၏ ပြည့်စုံတည်းဟူ
 သောခရစ်တော်၏ ကိုယ်ဖြစ်သတည်း (ဧဖက် ၁း၂၂-၂၃)" တွင်ရေးသားထားသည်အတိုင်း ယုံကြည်သူ အားလုံးတို့သည် ခရစ်တော်၏ကိုယ်ဖြစ်သည်။ ခရစ်တော်၏ကိုယ်ခန္ဓာတွင် အသင်းတော်သည် အပိုင်းနှစ် ပိုင်းဖြင့်ဖွဲ့စည်းပါဝင်နေသည်။

၁။ တစ်ကမ္ဘာလုံးဆိုင်ရာအသင်းတော် (The Universal Church)
The Universal Church တွင် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းဖြင့် ခရစ်တော်ကိုလက် ခံယုံကြည်သူအားလုံးပါဝင်သည်။ "အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ၀ိညာဉ်တော်တစ်ပါးအားဖြင့်တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ ရှိသမျှသည် တစိတ်တ၀ိညာဉ်တည်းထဲသို့လည်း သောက်ကြ၏" (၁ကော ၁၂း၁၃)။ တစ်ကမ္ဘာလုံးနှင့်ဆိုင်
သောအသင်းတော်ဖြစ်သည်။ လူသည်ခရစ်တော်ကို ယုံကြည်လက်ခံရရှိလိုက်သည်တပြိုင်နက် အသင်း
 တော်တည်းဟူသော ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်လာပါသည်။ The Universal Church ကို Invisible Church (မမြင်နိုင်သောအသင်းတော်) ဟုလည်းခေါ်ဆိုကြပါသည်။ 

၂။ ဒေသန္တရအသင်းတော် (The Local Church) 

ဂလာတိ ၁း၂ တွင် "ငါ့ထံမှာရှိသောညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသောအ သင်းတော်များကို ကြားလိုက်ပါ၏" ဟုဖောပြထားပါသည်။ ဂလာတိတွင်ရှိသော ဒေသန္တရအသင်းတော်များ ကိုဆိုလိုခြင်းဖြစ်သည်။ Universal Church မဟုတ်ပဲ Local Church များကိုရည်ညွှန်းပြောဆိုနေခြင်းဖြစ် သည်။ Baptist, Lutheran, AG, Methodist and Reformed Church (အခြားများစွာရှိသေးသည်) တို့သည် Local Church များဖြစ်ကြပါသည်။ Universal Church အောက်တွင်ရပ်တည်နေသော Local Church များဖြစ်ကြပါသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.