ဘုရားသခင် တကယ်ရှိပါတယ်။ ဘုရားသခင်တကယ်ရှိတဲ့အကြောင်းကို
နည်းလမ်း (၃)မျိုးဖြင့်သိရှိနိုင် ပါတယ်။
၁။
ဖန်းဆင်းခြင်း
၂။
နှုတ်ကပတ်တော်
၃။
ယေရှုခရစ်တော်အားဖြင့်
၁။ ဖန်ဆင်းခြင်း
စကြဝဠာ၊
ကမ္ဘာမြေကြီးနှင့်၎င်း၏အထဲ၌ရှိရှိသမျှသောအရာအားလုံးတို့သည် ဖန်ဆင်းရှင်ရှိ
ကြောင်းကိုသက်
သေပြနေကြပါသည်။ လူသားတို့၏ မူလအစကိုလေ့လာကြည့်မည်ဆိုလျင်ပင် ဖန်ဆင်းရှင်ရှိနေကြောင်းကိုသာ
သိရှိရ မည်ဖြစ်ပါသည်။ “ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော
အရာများကို ထောက်ရှုသဖြင့်၊
ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ် တော်တည်းဟူ သော မျက်မြင်မ ရသောဘုရားသခင်၏အရာတို့သည်
ကမ္ဘာတည် သည်ကာလမှ စ၍ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ”
(ရောမ ၁း၂၀). “မိုယ်းကောင်း ကင်သည် ဘုရားသခင်၏
ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုယ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သော အရာများ ကိုပြသ၏
” (ဆာလံ ၁၉း၁)။
လူတိုင်း၏စိတ်နှလုံးထဲတွင်
ဘုရားရှိနေကြောင်းကိုအလိုလိုသိရှိကြသည်။ မိမိထက်တန်းခိုးကြီး
သော၊တတ် စွမ်းနိုင်သော၊
အားကိုးထိုက်သောပုဂ္ဂိုလ်တစ်ဦးဦးရှိနေကြောင်းကို စိတ်ထဲမှ အလိုလို သိနေပါသည်။ ထိုပုဂ္ဂိုလ်သည်
မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျမသိရှိသော်လည်း ရှိနေမှန်းတော့ စိတ်ထဲတွင် ထင်ရှားနေသည်။
ဒုက္ခ ရောက်သောအခါ မိမိ၏ဒုက္ခများကိုဖြေ ရှင်းပေးနိုင်မည့်သူ တန်ခိုးရှိသောသူတစ်ဦးဦးရှိမည်ဟုစိတ်ထဲတွင်
ရှိနေသည်မှာလည်း ဘုရားရှိ ကြောင်းကိုသက်သေပြသော အရာပင်ဖြစ်ပေသည်။ ဤအရာကိုကြည့်ခြင်းအားဖြင့်ဖန်ဆင်းရှင်ဘု
ရားသည် ဤအရာကိုလူနဲ့အတူတစ် ပါတည်းဖန်းဆင်းသည်ဟုဆိုရပေမည်။
၂။ နှုတ်ကပတ်တော်
ဘုရားသခင်ရှိကြောင်းကို
ဘုရားသခင်ကိုယ်တော်တိုင် သူ၏နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်း စာအား ဖြင့်ထုတ်ဖော်ပြသနေပါသည်။
“အစအဦး၌ ဘုရားသခင်သည် ကောင်းကင် နှင့်မြေကြီးကို ဖန်ဆင်း
တ်ာမူ၏” (ကမ္ဘာဦးကျမ်း ၁း၁)။
ကမ္ဘာဦးကျမ်း အခန်းကြီး-၁ တစ်ခုလုံးကို ကြည့်မည်ဆိုလျင်အရာ ခပ်သိမ်း တို့သည် ဘုရားရှင်ဖန်ဆင်းတော်မူခြင်းကို
ဘုရားရှင် ကိုယ်တော်တိုင်သူ၏နှုတ်ပတ်တော်အားဖြင့် အတိအ လင်းဖော်ပြထားပါ သည်။ “ဘုရားသခင်က
လည်း ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူ၍၄င်း၊ ငါဖြစ်သည် ဟုအ မည်ရှိသောသူ သည်၊ ငါ့ကိုသင် တို့ရှိရာသို
စေလွတ်တော်မူပြီဟု က္ကုသရေလအမျိုးသားတို့အားပြန်ပြော
လော့ဟူ၍၄င်း၊ မောရှေ အား မိန့်တော်မူ၏
“ (ထွက်မြောက်ရာကျမ်း ၃း၁၄)။
ဘုရားသခင်သည်
အစမရှိသလိုအဆုံးလည်းမရှိ (ဗျာဒိတ် ၂၂း၁၃၊ ဟေရှာယ ၄၄း၆) သောကြောင့် လူသား တွေအနေနဲ့
ဘုရားတည်ရှိပုံ၊ အစပြုပုံ တို့ကိုကောင်းမွန်စွာ နားလည် ဖို့ရန်မဖြစ်နိုင်ပေ။ သို့ပေမယ့်လည်း
ဘုရားသခင် တည်ရှိနေသည်မှာ ထင်ရှားလှပါသည်။
၃။ ယေရှုခရစ်တော်အားဖြင့်
ခရစ်တော်အားဤလောကသို့ပို့ဆောင်ပေးသူမှာ
ဘုရားသခင်ပင်ဖြစ်တော်မူ၏ (ယောဟန် ၃း၁၆)။ ခရစ်တော် ကိုယ်တိုင် ဤလောကသို့ကြွလာခြင်းသည်
သူ၏အဖဘုရားသခင်စေလွတ်တော်မူသော
ကြောင့်ဖြစ်သည်ဟု ဆိုထား ပါသည် (ယောဟန် ၆း၃၂)။ စေလွတ်သော
သူ၏စေ လွတ်ခြင်းနဲ့စေလွတ်ခြင်း
ခံရသူကလည်း စေလွတ်ခြင်းခံရကြောင်းကို သမ္မာကျမ်းစာတွင်တိ
ကျစွာ ဖော်ပြထားသောကြောင့်ဘုရား သခင်တည်ရှိသည်မှာထင်ရှားလှပါသည်။
ခရစ်တော်သည်
ဤလောကသို့ လူဇာတိခံယူတော်မူခြင်းကိုလည်း ယခုတစ်ကမ္ဘာလုံးအ သုံးပြုနေသောပြက္ခဒိန်တွင်
ခရစ်သက္ကရာဇ်ဟုဖော်ပြထားရှိခြင်းကို ကြည့်ခြင်း အားဖြင့် သက်သေ
ပြသိရှိနိုင်ပါသည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.