Friday, 17 April 2015

သမ္မာကျမ်းစာတွင် တွေ့ရသောဘုရားသခင်၏ နာမတော်များ

၁။ ဓမ္မဟောင်းကျမ်းတွင်တွေ့ရသော ဘုရားရှင်၏နာမတော်များ

          (က) အဲလ်၊ အဲလောဟမ်.. (El, Elohim)
                   ဓမ္မဟောင်းကျမ်းတွင် အကြိမ်ပေါင်း ၂၅၀၀ တွေ့ရှိရပါသည်။ ဘုရားသခင်သည် တန်ခိုးကြီးသော၊ စွမ်းအားကြီးသောဘုရားဖြစ်တော်မူကြောင်းကို ဖော်ကျူးထားခြင်းဖြစ်သည် (က ၁း၁)။

          (ခ) အဒေါနိုင်း (Adonai)
                   ကိုယ်တော် (Lord) ဟူ၍ အင်္ဂလိပ်ဘာသာစကားဖြင့် ပြန်ဆိုထားသည်။ ဘုရားရှင် သည် စကြဝဠာတစ်ခုလုံးကို ပိုင်သအုပ်စိုးတော်မူကြောင်းကို တင်စား၊ ထင်ရှားစေလိုသော အားဖြင့်
 ခေါ်ဆိုခြင်းဖြစ်သည် (ဆာ ၈၆း၈၊ တရား ၁၀း၁၇၊ မာလ ၁း၆၊ ယောဘ ၂၈း၃၈)။

          (ဂ) ယေဟောဝါ (Jehovah)
                   ဘုရားသခင်သည် မောရှေထံတွင် “ငါဖြစ်သည်အတိုင်း ငါဖြစ်၏” ဆိုထားသည့်အ တိုင်း မိမိအလိုအလျောက်တည်ရှိနေခြင်းကို ဆိုလိုသည်။ မည်သူမျှ ဘုရားတည်ရှိပုံကို မသိရှိနိုင် ပေ။ ဓမ္မဟောင်း ကျမ်းတွင် အကြိမ်ပေါင်း ၇၀၀၀ ခန့်တွေ့ရှိရသည်။ ဓမ္မဟောင်းကျမ်းတွင် ယေ ဟောဝါအမည်ကို အခြေပြု၍ အခြားနာမတော်များကိုလည်းတွေ့ရသည်။ ၄င်းတို့မှာ -

-      ယေဟောဝါယိရေ = လိုအပ်သောအရာများကိုပေးသောဘုရား (က ၂၂း၁၄)
-      ယေဟောဝါရာဖ = အနာရောဂါကိုငြိမ်းစေသောဘုရား (ထွက် ၁၅း၂၆)
-      ယေဟောဝါမေကာဒဲရှ = သန့်ရှင်းစေသောဘုရား (၀တ် ၂၀း၈)
-      ယေဟောဝါနိဿိ = ဘုရားသခင်သည် ငါတို့၏အောင်လံ (ထွက် ၁၇း၁၅၊ ၁၆)
-      ယေဟောဝါရှလုမ် = ငြိမ်သက်ခြင်းကိုပေးသောဘုရား (တရား ၆း၂၄)
-      ယေဟောဝါလာအ = ကျွန်ုပ်၏သိုးထိန်းဖြစ်သည် (ဆာ ၂၃း၁)
-      ယေဟောဝါဇေဒကန = ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း (ယေ ၂၃း၆)
-      ယေဟောဝါရှမ္မ = ဘုရားသခင်သည်အတူပါရှိသည် (ယေဇ ၄၈း၃၅)

(ဃ) ပြည့်စုံသောဘုရား (El-Shaddai)
          အလုံးစုံသောအရာတို့ကို ပေးစွမ်းနိုင်သောဘုရားဖြစ်တော်မူခြင်းကို အထူးဖော်ပြ လိုခြင်းဖြစ်သည် (က ၁၇း၁-၈၊ ၂၈း၃-၄၊ ရု ၁း၂၀-၂၁၊ ယောဘ ၅း၁၇)။

(င) ထာဝရတည်တော်မူသောဘုရား (Elolam – The Everlasting God)
          ဘုရားသခင်သည် ထာဝရတည်ရှိတော်မူသောဘုရားဖြစ်သည် (က ၂၁း၃၃)။ ဟေဗြဲဘာသာစကားဖြင့် Olam သည်အစဉ်အမြဲဟူသော အဓိပ္ပါယ်ရပါသည်။

၂။ ဓမ္မသစ်ကျမ်းတွင်တွေ့ရသော ဘုရားရှင်၏နာမတော်များ

ဓမ္မသစ်ကျမ်းတွင် တွေ့ရသောဘုရားသခင်၏ နာမတော်အများစုတို့သည် ဓမ္မဟောင်းကျမ်းမှဖော်
ပြသောနာမတော်များကို ဟေဗြဲစကားမှ ဂရိစကားသို့ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဂရိဘာ သာစကားဖြင့်တွေ့ရှိရသော ဘုရားသခင်၏နာမတော်များမှာ -

          (က) ဘုရားသခင် (Theos - သီအို(စ်))
                   ဤအခေါ်အ၀ါသည် ဓမ္မဟောင်းကျမ်းတွင် တွေ့ရသော Elohim နဲ့ထပ်တူထပ်မျှဖြစ် ပါသည်။ ခမည်းတော် (ယော ၁း၁၅)၊ သားတော် (ယော ၁း၁၊ ၂၀း၂၈၊ ရောမ ၉း၅)၊ နှင့် သန့်ရှင်း သောဝိညာဉ်တော် (တ ၅း၃-၄) တို့ကိုဖော်ပြရာ၌ အသုံးပြုထားပါသည်။

          (ခ) ဖခင် (Patar)
                   အင်္ဂလိပ်လို Father ဟုအဓိပ္ပါယ်ရပါသည်။ ခမည်းတော်နှင့် သားတော်တို့၏ ဆက် ညသွယ်မှု (ယော ၁၀း၂၅-၃၀) ၊ ခမည်းတော်နဲ့ ယုံကြည်သူတို့၏ ဆက်သွယ်မှုများကို ဖော်ကျူး ထားပါသည် (မ ၅း၁၆၊ ၆း၉)။

          (ဂ) သြဇာကြီးမားသူ (Panto Krater)
                   အင်္ဂလိပ်လို Almighty ဟုအဓိပ္ပါယ်ရပါသည်။ ဖန်ဆင်းခြင်းခံရသောအရာအားလုံး နှင့် ဘုရားသခင်ဆက်သွယ်ရာ၌ ခေါ်ဝေါ်အသုံးပြုသော အမည်နာမဖြစ်သည်။

          (ဃ) သခင် (Kurios)
                   အင်္ဂလိပ်လို Lord ဟုအဓိပ္ပါယ်ရပါသည်။ ပိုင်ဆိုင်သူဟူ၍ အဓိပ္ပါယ်ရပါသည် (လု ၁၉း၃၃)။ ခမည်းတော် (လု ၁၀း၂၁)၊ သားတော် (မ ၇း၂၁-၂၂၊ ရောမ ၁း၃) နဲ့ သန့်ရှင်းသောဝိ ညာဉ်တော် (၂ကော ၃း၁၇) တို့ကို ကိုယ်စားပြုခေါ်ဆိုခြင်းဖြစ်ပါသည်။ ဓမ္မသစ်ကျမ်းတွင် အကြိမ်ပေါင်း (၆၀၀) ကျော်တွေ့
ရှိရပါသည်။ 


Ref: ဂျေကော့ပ်ခမ်ခန့်မုန် “သမ္မာကျမ်းစာမှအခြေခံသြ၀ါဒများ”  အင်းစိန်၊ ရန်ကုန်၊ တက်လမ်းစာပေ၊ ၁၉၉၅.

No comments:

Post a Comment

Note: only a member of this blog may post a comment.