Thursday, 16 April 2015

ပထမဆုံးသောအင်္ဂလိပ်ကျမ်းစာအုပ်

၇-ရာစုဝင်းကျင်တွင် သမ္မာကျမ်းစာကို မူရင်းဘာသာ (၀ါ) တစ်ခြားသောဘာသာစကားမှ အင်္ဂ လိပ်ဘာ သာသို့ ပြန်ဆိုမှုများစတင်ခဲ့ပါသည်။ ထိုဘာသာပြန်မှုများသည် ကျမ်းတစ်အုပ်လုံး မဟုတ်ခဲ့ ပေ။ သမ္မာကျမ်း စာတစ်အုပ်လုံးကို အင်္ဂလိပ်ဘာသာစကားဖြင့် ပထမဆုံးသောပြန်ဆိုသောကျမ်းစာအုပ်မှာ John Wycliffe-ကျမ်းစာအုပ် (၁၃၈၀) ဖြစ်ပါသည်။ အချို့ကျမ်းတတ်ပညာရှင်များက ၁၃၈၂ ဟုဆိုကြသည်။ ဤကျမ်းစာအုပ် သည် မူရင်းဘာသာစကားဖြစ်သော ဟေဗြဲနှင့်ဂရိဘာသာစကားတို့မှ တိုက်ရိုက်ပြန် ဆိုခြင်းမဟုတ်ပဲ လက်တင် (Latin) ကျမ်းစာအုပ်မှ ဘာသာပြန်ဆိုခြင်းဖြစ်သည်။ လက် တင်ကျမ်းစာအုပ်ကို Vulgate ဟုလည်းခေါ်ဆိုကြပါသည်။
John Wycliffe နှင့်သူ၏လုပ်ဖော်ကိုင်ဖက်များသည် အသင်းတော်မှအကြီးအကဲတို့၏ နှောက် ယှက်မှုပေါင်းမြောက်များစွာတို့ကို ခံခဲ့ကြရပါသည်။ လူပေါင်းမြောက်များစွာတို့လည်း အသက်ပေးခဲ့ရ တယ်။ ထိုခေတ်က အသင်းတော်ကိုဦးဆောင်နေသူ (Pope) က John Wycliffe သေဆုံးပြီးနောက်နှစ်ပေါင်းလေး 
ဆယ်လေးအကြာတွင် သူ၏အရိုးတို့ကိုထုတ်စေကာ အများရှေ့တွင် မီးရှိုဖျက်ဆီးခဲ့ပြီး အရိုးပြာများကို အနီး ရှိမြစ်ထဲတွင်ပစ်ချစေခဲ့သည်။  အကြောင်းမှာ John Wycliffe ကဲ့သို့သမ္မာကျမ်းစာ ကို ဘာသာပြန်မည့်သူ များ ထပ်မံမပေါ်ပေါက်ရန်ဖြစ်သည်။
Wycliffe ကျမ်းစာအုပ်မှာ လက်ရေးဖြင့်ရေးသားထားသောကျမ်းစာအုပ်ဖြစ်ပါသည်။ ထိုခေတ် က ကျမ်းစာတစ်အုပ်လုံးကို ဆင့်ပွားဖို့ရန် အနည်းဆုံးဆယ်လနီးပါးအချိန်ယူကူးယူရပါသည်။ တန်းဖိုးလည်းကြီး မားခဲ့ပါသည်။ ကျမ်းစာအုပ်တစ်အုပ်ဖိုးသည် သန်မန်လူတစ်ဦး၏တစ်နှစ်ဝင်ငွေခန့်မျှရှိခဲ့ပါ သည်။ Wycliffe ရဲ့ကျမ်းစာအုပ်တွင်အ ခန်းကြီးများကိုခွဲခြားထားသော်လည်း အပိုဒ်ငယ်များကိုခွဲခြား ထားခြင်းမရှိပါ။ 
ကိုးကား 

Greatsite, s.v. “Timeline English Bible History.”  http://www.greatsite.com/timeline-english-bible-history/        ( accessed March 31, 2015) 

No comments:

Post a Comment

Note: only a member of this blog may post a comment.