၅။ စိတ်တိုတတ်ခြင်းနဲ့ မနာလိုတတ်ခြင်းတို့ကို ပြုပြင်ပါ
စိတ်တိုတတ်သူတို့သည် ပြသနာတစ်ခုခုနှင့် ရင်ဆိုင်နေချိန်တွင် အမှန်ကို စဉ်းစားချိန်မရရှိကြပဲ မိမိ၏ စိတ်ကိုသာ အတိကထားစဉ်းစားပြီး ဆုံးဖြတ်တတ်သည်အတွက် အမှားများစွာကို ပြုလုပ်တတ်ကြပါတယ်။ စိတ်ဆိုးနေချိန်တွင် ဘယ်အရာကိုမှ မဆုံးဖြတ်လိုက်ပါနဲ့…..ပြသနာများကို အချိန်ယူပြီး ခေါင်းအေးအေးထားကာ အကောင်းဆုံးစဉ်းစားတွေးတောပြီး ဆုံးဖြတ်တတ်နိုင်အောင် ကြိုးစားကျင့်ဆောင်ပါ။
မနာလိုတတ်သော စိတ်သည် သူတစ်ပါးအပေါ်တွင် မကောင်းသောအရာများကို သက်ရောက်စေအောင် အဓိကလုပ်ဆောင်သော အရာပင်ဖြစ်ပေသည်။ ထိုအရာသည် မိမိ၏ဘ၀ (၀ါ) စီးပွားရေးများကို တိုးတက်မှုနှုန်း နည်းပါးစေအောင်လုပ်ဆောင်သော အဓိကအရင်းအမြစ်ဖြစ်ပေသည်။ အဘယ့်ကြောင့် ဆိုသော် မနာလိုတတ်သော စိတ်ရှိသူသည် သူတစ်ပါးကို ဘယ်လိုဒုက္ခပေးရလဲ ၊ ဘယ်လိုအ တင်းပြောရမလဲ (၀ါ) ဘယ်လို ဖျက်ဆီးရမလဲ အစရှိသဖြင့် တစ်ချိန်လုံးစဉ်းစားနေကာ မိမိ၏ဘ ၀တိုးတက်မှုအတွက် လုပ်ဆောင်ရမည့်အချက်များကို စဉ်းစားချိန်မရတော့သည့်အတွက် ထိုသူ၏ဘ၀ တိုးတက်မှုနှုန်းသည် များစွာနှောင့်နှေးကျဆင်းနေတတ်ပါသည်။
သူတစ်ပါး၏ အပြစ်ကို ခွင့်လွတ်တတ်ခြင်း၊ သည်းခံတတ်ခြင်းတို့သည် သင့်၏ဘ၀ကို များစွာအကျိုးပြု နိုင်ပါသည်။ သူတစ်ပါး၏အပြစ်ကို ခွင့်လွတ်ခြင်းဖြင့် မိတ်ဆွေအပေါင်းအသင်းများစွာကိုရရှိနိုင်ပြီး သူ့ရန်မှ လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် သူတစ်ပါး၏ ချစ်ခင်မြတ်နိုးမှုများကို ရရှိမှာဖြစ်ပြီး တဖြည်းဖြည်း သူတစ်ပါးက သင့်ကိုလေးစားလာပါလိမ့်မည်။ သူတစ်ပါး၏ ရင်းနှီးယုံကြည်မူကို ရရှိလျှင် ထိုသူတို့ထံမှ အကြံဥာဏ်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.