၆။ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်အောင်ကြိုးစားပါ
လူဆိုသည်မှာ
ပျော်ပါးတဲ့အချိန်၊ အလုပ်လုပ်တဲ့အချိန် အစရှိသဖြင့် အချိန်အမျိုးမျိုးတို့ကို ဘ၀တွင်ကြုံတွေ့ရစမြဲဖြစ်ပါ။
သို့ရာတွင် အပျော်လွန်ကဲခြင်း၊ အချိန်ကို အကျိုးမဲ့စွာ အသုံးပြုခြင်း၊ နာရီပေါင်းမြောက်များစွာ
အိပ်စက်ခြင်း၊ မလိုအပ်သည့် နေရာများတွင်ငွေကြေးမြောက်များစွာတို့ကို အသုံးပြုခြင်း၊
ရည်းစားများစွာထားရှိခြင်း အစရှိသဖြင့် မိမိဘ၀၏ တိုးတက်မှုကို နှောင့်နှေးစေသည့် အရာများကို
ထိန်းချုပ်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ အချိန်ကိုတန်းဖိုးမထားပဲ အပျော်လွန်နေ သူများသည်
တိုးတက်ဖို့ရန် အလွန်ခက်ပေသည်။ လက်ရှိအချိန်သည် သင့်ဘ၀တိုးတက်မှုအတွက် အကောင်းဆုံးသောအချိန်ဖြစ်သည်။
သိပ္ပံပညာရှင် ဒက်ဒီဆင်က မလိုအပ်ပဲ အချိန်များစွာ အိပ်စက်ခြင်းဟာ မူးယစ်ဆေးဝါးသုံးဆွဲနေသည်နှင့်တူသည်၊
အိပ်လေလေ ပိုပြီးအိပ်ချင်လေလေဖြစ်သည် ဟုအဆိုပြုထားခဲ့သည်။ ရည်းစားများစွာ ထားရှိခြင်းသည်လည်း
မိမိအတွက် ၀န်ထုပ်ဝန်ပိုးများကို ဖန်တီးနေသလိုမျိုးဖြစ်သည်။ ပြသနာထောင်ပေါင်းများစွာတို့ကို ဖြေရှင်းခြင်းဖြင့်
အချိန်ကုန်နေမှာ ဖြစ်ပြီး ဘ၀တိုးတက်ရေးအတွက် ပြင်ဆင်ဖို့ရန် နှောင့်နှေးနေမှာ ဖြစ်ပါသည်။
မလိုအပ်သည်နေရာများတွင် ငွေကြေးမြောက်များစွာ အသုံးပြုခြင်းမျိုးကိုလည်း ထိန်းချုပ်နိုင်အောင်
အမြဲကြိုးစားပါ။ ပစ္စည်းများ မ၀ယ်မှီ (၀ါ) ပိုက်ဆံများကို သုံးစွဲခါနီးတိုင်း ဤအရာသည်
ငါအတွက် တကယ်လိုအပ်ပါသလား ? ဆိုတဲ့မေးခွန်းကို အမြဲတမ်းကိုယ့်ကိုကိုယ် မေးတတ်အောင်ကြိုးစားပါ။
ထိုသို့မေးတတ်သောသူဖြစ်လာလျှင် သင့်ရဲ့ငွေကြေးသုံးစွဲမှုသည် သိသိသာသာ ပြောင်းလဲလာပါလိမ့်မည်။
No comments:
Post a Comment
Note: only a member of this blog may post a comment.