Thursday, 23 April 2015

လူငယ်တစ်ယောက်အနေဖြင့် မိမိ၏ဘ၀ကိုဘယ်လိုမြှင့်တင်ရမလဲ (ခြေလှမ်း-၇)



၇။ သူတစ်ပါးအပေါ် ဂရုဏာတရားထားရှိပါ

          သူတစ်ပါး၏ အားနည်းချက်များကို နားလည်ပေးရုံမဟုတ်ပဲ သူတစ်ပါးအပေါ်မှာလည်း ဂရုဏာတရား များထားရှိရမည်ဖြစ်သည်။ သူတစ်ပါး၏ အားသာချက်များ မြင်တတ်အောင်ကြိုးစားပါ။ သူတို့၏အားသာ ချက် များကိုလည်း သူတို့ကို ပြောပြပါ။ တစ်ချို့သော လူတွေက သူတို့၏အား သာချက်များကို မသိရှိကြပဲ စိတ်ထဲတွင် အားငယ်နေတတ်ကြသည်။ သူတစ်ပါး၏ အားသာချက်ကို သူတို့အားပြောပြဆွေးနွေးခြင်းသည် သူတို့၏ ဘ၀တိုးတက်ရေးအတွက် အကောင်းဆုံးသော အကြံအဥာဏ်ပေးခြင်းဖြစ်သည်။ သူတစ်ပါး၏ဘ၀ကို တိုးတက်သထက် တိုးတက်အောင် လုပ်ဆောင် ပေးခြင်းသည် သူတစ်ပါးအပေါ်တွင် ရာခိုင်နှုန်းပြည့်ဂရုဏာစိတ် ထားရှိခြင်းဖြစ်ပါသည်။ တန်ဖိုးရှိသောလူသားဆိုသည်မှာ မိမိအတွက်သာမဟုတ်ပဲ အများအတွက်ပါ ပြုလုပ်ပေးနိုင်သူဖြစ်ရပါမည်။  

No comments:

Post a Comment

Note: only a member of this blog may post a comment.