Saturday, 13 June 2015

ထာဝရဘုရား Vs အဲဂုတ္တုဘုရားများ (ဖားကပ်ဘေး)



၂။ ဖားကပ်ဘေး (ထွက် ၈း၁ - ၁၅) 

အဲဂုတ္တုလူတို့၏ ယုံကြည်မှုတစ်ခုမှာ ဖားသည်ကောင်းမွန်သောအကျိုးရရှိစေခြင်းကို ပုံဆောင်သည်ဟု ထင်မြင်ခဲ့ကြ သည်။ ဖားအော်သံကြားလျှင် ထွန်ယက်စိုက်ပျိုးဖို့ရန် မြေကြီးသည်အသင့်ရှိနေပြီဟု ယူဆကြသည်။ ထို့ပြင် Heqt ဘု ရားမကို ကိုးကွယ်ကြသည်။ Heqt သည် ဖားဦးခေါင်းနဲ့လူ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားသောဘုရားမဖြစ်သည် (သမိုင်းပညာ ရှင်အချို့တို့က ဖားတစ်ပိုင်း လူတစ်ပိုင်းဟုထင်)။ Khnum ဘုရား၏ဇနီးဖြစ်ပြီး သားသမီးဖွားမြင်ရေးအတွက် ကူညီ ပေးသောဘုရားမဖြစ်သည်ဟု အဲဂုတ္တုလူတွေက ယုံကြည်ကိုးကွယ်ကြသည်။ ထို့ပြင် ရှင်ပြန်ထမြောက်ခြင်းကို ပုံ ဆောင်သည်ဟုလည်း ထင်မြင်ယူဆကြသည်။ ဤသို့ Heqt ဘုရားမကို ကိုးကွယ်မှုကြောင့် အဲဂုတ္တုပြည်တွင် ဖား သတ်ခြင်းသည် ရာဇ၀တ်မှုမြောက်သည်။ ဖားသတ်သူကို သေဒဏ်အထိအပြစ်ပေးခြင်းမျိုးလည်းရှိသည်ဟု သမိုင်း ပညာရှင်အချို့တို့ကဆိုကြသည်။

Heqt


ထာဝရဘုရားသခင်၏ အမိန့်ဖြင့် မောရှေနဲ့အာရုန်တို့သည် ဖာရောဘုရင်ထံ က္ကုသရေလလူမျိုးများကို လွတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဖာရောဘုရင်၏ငြင်းဆိုမှုကြောင့် အာရုန်သည် လှံတံ (တောင်ဝှေး)တော်ကိုဆန့်လိုက်ပြီး ဖားတို့သည်အဲဂုတ္တုပြည်သို့တက်၍ တပြည်လုံးကိုဖုံးလွှမ်းကြ၏။ ထို့နောက် အဲဂုတ္တုလူတို့၏ အိမ်ထဲ၊ အခန်းထဲ၊ ရေအိုး၊ သောက်ရေအိုးများပါမကျန် ဖားများနဲ့ပြည်လျှံနေတော့သည်။ အဲဂုတ္တုလူတို့သည် ဖားများကြောင့် ကောင်းကောင်းမ နေရ၊ ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရ၊ သန့်ရှင်းသောသောက်ရေတို့ကိုမသောက်ရ စသည့်ပြသနာ ပေါင်းမြောက်များစွာတို့နှင့် ရင်ဆိုင်နေရတော့သည်။ Heqt ဘုရားမထံ ဖားများကို ဖယ်ရှင်းပေးရန်တောင်းဆိုကြပါ လိမ့်မည်။ သို့သော် ကျွဲပါးဆောင်းတီးဆိုရုံမျှသာ ဖြစ်လေတော့သည်။  
   
 
ဖားသတ်ခွင့်မရှိသော အဲဂုတ္တုတိုင်းပြည်တွင် ဖားသတ်ခြင်းသည် သူတို့၏အဓိကအလုပ်ဖြစ်လာသည်။ ဖားများကို သတ်ခြင်းသည် သူတို့ကိုးကွယ်သော Heqt ဘုရားမကိုဆန့်ကျင့်သတ်ဖြတ်သည်နှင့် အလားတူပင်ဖြစ်ပါသည်။ ဖားများ ကြောင့် ဒုက္ခပေါင်းမြောက်များစွာ ခံရသောကြောင့် ဖာရောဘုရင်က မောရှေနဲ့အာရုန်တို့ကို ခေါ်ပြီးဖားများကို သူတို့ထံ မှမောင်းထုတ်ပေးရန် တောင်းဆိုလေတော့သည်။ ဤအရာသည် အဲဂုတ္တုလူတွေအတွက် ငါတို့၏ဘုရားကြောင့်ငါတို့ ဒုက္ခရောက်ရပြီ၊ ငါတို့ထံမှအမြန်မောင်းထုတ်ပေးပါဟု ပြောဆိုနေသလိုဖြစ်နေပါသည်။ ထာဝရဘုရားသခင်သာလျှင် တန်ခိုးကြီးသောဘုရားဖြစ်ကြောင်းကို သက်သေထူလိုက်ခြင်းဖြစ်သည်။ က္ကုသရေလူတို့ကိုးကွယ်သောဘုရားသည် အဲဂုတ္တုဘုရားများထက် တန်ခိုးကြီးကြောင်း အဲဂုတ္တုလူတို့သိရှိရန် ထာဝရဘုရားက အဲဂုတ္တုဘုရားများအပေါ် တရားစီ ရင်လိုက်ခြင်းဖြစ်သည်။ ဤအရာကို ကြည့်ခြင်းအားဖြင့် ထာဝရဘု ရားကို ယှဉ်နိုင်သောဘုရား (၀ါ) လူမရှိကြောင်း ထင်ရှားလှပါသည်။ (ဆက်ရန်)



ကိုးကား


Cory Baugher. Yahweh Versus the gods of Egypt, 2007. 

No comments:

Post a Comment

Note: only a member of this blog may post a comment.