၃။ ခြင်ကပ်ဘေး (ထွက် ၈း၁၆-၁၉)
အဲဂုတ္တုလူတို့၏ဘုရားများစွာတို့တွင် Geb ဘုရားသည်လည်းအပါအ၀င်ဖြစ်သည်။
ကမ္ဘာမြေကြီးရှိကြီးမားတဲ့ဘုရားဟု ယုံကြည်ကြသည်။ မြေကြီးနဲ့ပတ်သက်ပြီး တန်ခိုးကြီးသောဘုရားဖြစ်သည်ဟူ၍လည်း
ယုံကြည်ကြသည်။ အဲဂုတ္တုလူ တွေက ဤဘုရားထံ သူတို့ရဲ့မြေထွက်သီးနှံတို့ဖြင့် ပူဇော်ကိုးကွယ်ကြသည်။
မြေကြီးနဲ့သက်ဆိုင်သောဘုရားကို မြေမှ ထွက်သောအရာတို့ဖြင့်ကိုးကွယ်ခြင်းဖြစ်သည်။
အဲဂုတ္တုပြည်ရှိ ယဇ်ပရောဟိတ်တို့သည် Geb ဘုရားနှင့် အခြားသောဘုရားများကိုကိုးကွယ်ရာတွင်
သန့်ရှင်းမှုကိုအဓိ ကထားကြသည်။ တကိုယ်ရေသန့်ရှင်းမှုက ၀ိညာဉ်ရေးရာထက် ပိုမိုအလေးပေးခြင်းကိုခံရသည်။
သူတို့၏ကိုယ်ပေါ်မှာ အနာ၊ ခြင်ကိုက်ရာများရှိလျှင် ဆုတောင်းမပြည့်နိုင်ဟု ထင်မြင်ယူဆကြပါသည်။
ထာဝရဘုရားက မောရှေထံအမိန့်ရှိတော်မူသည်အတိုင်း အာရုန်သည်
လှံတံကိုဆန့်၍ မြေမှုန့်ကိုရိုက်သောအခါ အဲဂုတ္တု ပြည်တွင်ရှိသောမြေမှုန့်တို့သည် ခြင်များဖြစ်လာကြပြီး
အဲဂုတ္တုလူတွေသာမက တိရိစ္ဆာန်များကပါ ခြင်ပြနာနဲ့ ရင်ဆိုင်ကြရတော့သည်။ ရေထွက်၍မကုန်နိုင်သောခြင်တို့ကြောင့်
အဲဂုတ္တုလူတို့သည် ဒုက္ခအကြီးအကျယ်နဲ့ ရင်ဆိုင် နေရတော့သည်။ ခြင်တစ်ကောင်လေးကြောင့် အိပ်ရေးပျက်တတ်သူများအဖို့တော့
သေတာမှပိုကောင်းအုံး မည်ဖြစ်သည်။
ကိုးကား
Cory Baugher. Yahweh Versus the
gods of Egypt, 2007.

No comments:
Post a Comment
Note: only a member of this blog may post a comment.