ယာကုပ်သည် ဇေဗေဒဲ၏သားဖြစ်ပြီး ဧ၀ံဂေလိဆရာ ဟောဟန်၏အစ်ကိုဖြစ်သည်
(မာကု ၁း၁၉-၂၀၊ ၅း၃၇၊ မသဲ ၁၇း၁)။ ယာကုပ်သည် ပေတရု၊ အနြေ္ဒ၊ ယောဟန်တို့နှင့်အတူ တံငါသည်အလုပ်ကို
လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါ သည်။ Bethsaida, Capernuam နှင့် Jerusalem တို့တွင်နေထိုင်ခဲ့သူဖြစ်ပါသည်။
ခရစ်တော်က သူတို့ညီအစ်ကိုတို့ အား မိုးကြိုးသားဟု အမည်သစ်ပေးခဲ့သည် (မာကု ၃း၁၇)။
ယာကုပ်၏မိခင်မှာ ရှာလုမီ (Salome) ဖြစ်သည်။ အချို့သောကျမ်းတတ်ပုဂ္ဂိုလ်များက
ယာကုပ်သည် ခရစ်တော်နှင့် တစ်ဝမ်းကွဲတော်စပ်သူဟုဆိုကြသည်။ အကြောင်းမှာ သူ၏မိခင်သည် ခရစ်တော်၏မိခင်
မာရိ၏ညီမ/အစ်မ ဖြစ်သည် ဟု ဆိုကြသောကြောင့်ဖြစ်သည်။
ယာကုပ်သည် ပေတရု၊ ယောဟန်တို့နှင့်အတူ ခရစ်တော်၏အနီးအနားတွင်အမြဲရှိနေတတ်သော
တပည့်တော်များ ဖြစ်ခဲ့ကြပါသည်။ သူသည် ခရစ်တော်၏သတင်းကောင်းကို ယေရုဆလင်နှင့် ယုဒဒေသတို့တွင်
ဟောကြားခဲ့သူတစ်ဦး ဖြစ်ပါသည်။ အချို့သောကျမ်းတတ်ပုဂ္ဂိုလ်များက စပိန်နိုင်ငံအထိပါရောက်ရှိခဲ့သည်ဟုဆိုကြပါသည်။
ယာကုပ်သည်နှစ်ပေါင်းများစွာ အမှုတော်မြတ်တွင်ပါဝင်ခွင့်မရရှိခဲ့ပါ။
အကြောင်းမှာ အေဒီ ၄၄ ခန့်တွင် Herod Agrippa-I မင်း၏အမိန့်ပေးမှုကြောင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို
ခံခဲ့ရပါသည် (တမန်တော် ၁၂း၁-၂)။ သူသည် ခရစ်တော်ကောင်းကင်သို့ ချီဆောင်ခြင်းကိုခံရပြီးနောက်
တသေဖန်၏နောက်မှလိုက်ကာ ဒုတိယမာတုရတစ်ဦး ဖြစ် ခဲ့ပါသည်။ ခရစ်တော်၏တပည့်တော်များထဲမှ
အဦးဆုံးသော မာတုရတစ်ဦးဖြစ်ပါသည်။
ကိုးကား
http://christianity.about.com/od/peopleofthebible/tp/12-Apostles.htm
(accessed May 19, 2015)
http://www.biblepath.com/james.html
(accessed July 6, 2015)
http://www.bibleinfo.com/en/questions/who-were-twelve-disciples
(accessed May 19, 2015)
C.Michael
Patton, “The Death of the Twelve Apostles”
(Reclaiming the Mind Ministries, 2009), 2.
No comments:
Post a Comment
Note: only a member of this blog may post a comment.