နာသနေလသည် သူ၏နာမည်အရင်းဖြစ်မည်။ ဗာသောလမဲ နာမည်မှာ မိသားစုနာမည်ဖြစ်နိုင်ပြီး
လူသိများသောနာ မည်လည်းဖြစ်မည်။ သူဖခင်နာမည်မှာ Tolmai ဖြစ်သည်။ သူ့အားခရစ်တော်နဲ့ မိတ်ဆက်ပေးသူမှာ
ဖိလိပ္ပုဖြစ်သည် (ယော ၁း၄၅)။ ကျမ်းတတ်ပုဂ္ဂိုလ်များက သူသည်တပည့်တော်များထဲတွင် တော်ဝင်သွေးပါသောတစ်ဦးတည်းသော
တပည့်တော်ဖြစ်သည်ဟုဆိုကြ၏။
တပည့်တော် ဖိလိပ္ပုနဲ့အတူ Hierapolis, ယခုအခေါ် တူရိကီနိုင်ငံတွင်
သတင်းကောင်းဝေငှရန် သွားရောက်ခဲ့သည်။ သူတို့နှစ်ယောက်သည် Hierapolis မှာရှိတဲ့ ရောမအရာရှိတစ်ဦး၏
အမျိုးသမီးကို သူမ၏အနာမှ သက်သာရာရရှိစေ ခဲ့သည့်အပြင် သူမ၏အသက်တာကို ပြောင်းလဲစေခဲ့သောကြောင့်
အရာရှိ၏ အမျက်ထွက်မှုသည် သူတို့အပေါ်သို့ကျ ရောက်ကာ သေဒဏ်ပေးခြင်းကိုခံခဲ့ရကြသည်။ ဖိလိပ္ပုမှာ
လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်းခံရသော်လည်း၊ ဗာသောလမဲမှာ ထိုသေဒဏ်ပေးမှ လွတ်မြောက်ခွင့်ရကာ
အိန္ဒိယနိုင်ငံ Caspian ပင်လယ်အနားတွင် သွားရောက်ပြီး Armenians လူမျိုးစုထံတွင် သတင်း
ကောင်းဝေငှသက်သေခံခဲ့သည်။
တပည့်တော်ယုဒသည် အိန္ဒိယကို ဗာသောလမဲထက်အရင်ရောက်ရှိနေသူဖြစ်ကာ
သူတို့နှစ်ယောက်သည် အေဒီ ၆၀ ၀န်းကျင်တွင် စတင်လက်တွဲခဲ့ကြသည်။ ဗာသောလမဲသည် တော်ဝင်သွေးပါသူပီပီ
စာပေဖက်တွင်ထူးချွှန်တတ်မြောက် သူဖြစ်သည်။ သူသည် အိန္ဒိယနိုင်ငံသို့ ဟေဗြဲဘာသာဖြင့်ရေးသားသော
ရှင်မသဲကျမ်းကို ယူဆောင်သွားခဲ့သည်။ ဤကျမ်းသည် လက်ရေးဖြင့်တစ်ဆင့်ကူးယူသောကျမ်းဖြစ်သည်။
ဗာသောလမဲသည် သူ့သခင်၏အကြောင်းကို ဝေငှလို့မ၀စဉ်မှာပဲ အေဒီ
၆၈ ၀န်းကျင်တွင် Azerbaijan (အရင်အခေါ်)၊ Albanoplis (ဓမ္မသစ်ခေတ်အခေါ်)၊ Derbend (ယခုအခေါ်)
ဒေသတွင် ရက်ရက်စက်စက် အရေခွံလွှာ ခြင်းကိုခံရပြီး၊ ထိုနောက်လက်ဝါးကားတိုင်တွင် ရိုက်နှက်သတ်ဖြတ်ခြင်းကို
ခံခဲ့ရသည်။ သူ၏အထိမ်းအမှတ်သင်္ကေတ မှာ ဓားသုံးချောင်းဖြစ်သည်။
ကိုးကား
http://www.biblepath.com/bartholomew.html
(accessed July 6, 2015)
http://christianity.about.com/od/peopleofthebible/tp/12-Apostles.htm
(accessed May 19, 2015)
http://www.bibleinfo.com/en/questions/who-were-twelve-disciples
(accessed May 19, 2015)
C.Michael
Patton, “The Death of the Twelve
Apostles” (Reclaiming the Mind Ministries, 2009), 3.


No comments:
Post a Comment
Note: only a member of this blog may post a comment.