ယောဟန်သည် တပည့်တော်ယာကုပ်၏ ညီဖြစ်သည် (မာကု ၁း၁၉-၂၀၊ ၅း၃၇၊
မသဲ ၁၇း၁)။ သူသည် ယာကုပ်၊ ပေတရု၊ အနြေ္ဒ တို့နှင့်အတူ တံငါသည်အလုပ်ကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။
Bethsaida, Capernuam နှင့် Jerusalem တို့တွင်နေထိုင်ခဲ့သူဖြစ်ပါသည်။ ခရစ်တော်က သူတို့ညီအစ်ကိုတို့အား
မိုးကြိုးသားဟု အမည်သစ်ပေး ခဲ့သည် (မာကု ၃း၁၇)။ ယောဟန်သည်၊ ယာကုပ်၊ ပေတရု တို့နှင့်အတူ
ခရစ်တော်၏အနီးအနားတွင် အမြဲရှိနေတတ် သော တပည့်တော်များ ဖြစ်ခဲ့ကြပါသည်။
ယောဟန်၏ ဖခင်မှာ ဇေဗေဒဲ (Zebedee) (မသဲ ၄း၂၁) ဖြစ်ပြီး
မိခင်မှာ ရှာလုမီ (Salome) ဖြစ်သည်။ အချို့သော ကျမ်းတတ်ပုဂ္ဂိုလ်များက ယောဟန်၊ ယာကုပ်တို့သည်
ခရစ်တော်နှင့် တစ်ဝမ်းကွဲတော်စပ်သူ ဟုဆိုကြသည်။ အကြောင်းမှာ သူ၏မိခင်သည် ခရစ်တော်၏မိခင်
မာရိ၏ညီမ/အစ်မ ဖြစ်သည်ဟု ဆိုကြသောကြောင့်ဖြစ်သည်။ ယေရုဆလင်မြို့တွင်လည်း အိမ်တစ်လုံးပိုင်ဆိုင်သူအဖြစ်
နာမည်ကြီးသည်။
ယောဟန်သည် ဧဖက်မြို့(ယခု တူရကီနိုင်ငံ) တွင်သွားကာ သင်းအုပ်ဆရာအဖြစ်
နှစ်ပေါင်းများစွာအမှုတော်မြတ်တွင် ပါဝင်ဆက်ကပ်ခွင့် ရရှိခဲ့သည်။ သူသည် လူမှုဆက်ဆံရေးတွင်
ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အခြားသောအသင်းတော် များနှင့်လည်း လက်တွဲနိုင်သူတစ်ဦးဖြစ်သည်။
အဆိုတစ်ခုအရ ခရစ်တော်၏မိခင် မာရိသည်ယောဟန်နှင့်အတူ ဧဖက် မြို့တွင် နှစ်အနည်းငယ် အတူနေထိုင်ခဲ့သည်။
ယောဟန်သည် ရောမအင်ပါယာ၏ နှောင့်ယှက်မှုကြောင့် Patmos ကျွန်းကိုရောက်ရှိခဲ့ပြီး
ထိုနေရာတွင် ခရစ်တော်၏ ဗျာဒိတ်ဖော်ပြချက်ရရှိပြီး ဗျာဒိတ်ကျမ်းကိုရေးသားခဲ့သည်။ သမ္မာကျမ်းစာတွင်
ယောဟန်ရေးသားခဲ့သော ကျမ်းများ မှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ ရှင်ယောဟန်သြ ၀ါဒစာ ပ-ဒု-တ
တို့ဖြစ်ကြသည်။
အချို့သောသမိုင်းပညာရှင်များက ယောဟန်သည် Latin Gate နားတွင်
ဆီပူပူထည့်ထားသောအိုးထဲတွင် ပစ်ချခြင်း ခံရသော်လည်း အသက်မသေပဲ လွတ်မြောက်ခွင့်ရရှိခဲ့သည်ဟု
ဆိုကြ၏။ ယောဟန်သည် အသက် ၆၈ ခန့် အေဒီ ၉၅ - ၁၀၀ ခန့်တွင် ဧဖက်မြို့တွင် ကွယ်လွန်ခဲ့သည်။
အခြားသောတပည့် တော်များနှင့်မတူ ညှင်းပန်းနှိပ် စက်ခြင်းကြောင့် အသက်ဆုံးရှုံးရခြင်းမဟုတ်ပဲ
သာမန်ကွယ်လွန်သူ တစ်ဦးတည်းသော တပည့်တော်ဖြစ်သည်။ သူ၏အစ်ကို ယာကုပ် သည် တပည့်တော်များထဲတွင်
ပထမဦးဆုံး အသက်ဆုံရှုံးခဲ့သူ (ယုဒရှာကာရုတ်မပါ) ဖြစ်သော်လည်း ယောဟန်သည် နောက်ဆုံးသောသူဖြစ်သည်။
ကိုးကား
http://www.biblepath.com/john1.html
(accessed July, 2015)
http://www.bibleinfo.com/en/questions/who-were-twelve-disciples
(accessed May 19, 2015)
C. Michael Patton, “The
Death of the Twelve Apostles” (Reclaiming the Mind Ministries, 2009), 5.

No comments:
Post a Comment
Note: only a member of this blog may post a comment.