Saturday, 14 November 2015

အာရုန်

အာရုန်တွင် မွေးချင်းနှစ်ယောက် မောရှေနှင့် မိရိအံရှိပြီး၊ အာမရံနှင့် ယောခေဗက်တို့၏ သားဖြစ် သည် (ထွက် ၆း၂၀)။ မိရိအံသည် မွေးချင်းသုံးဦးထဲတွင် အကြီးဆုံးဖြစ်ပြီး နောက်ပိုင်းတွင် ပ ရောက်ဖက်တစ်ဦးဖြစ်လာခဲ့ပါသည် (ထွက် ၁၅း၂၀)။ အာရုန်သည် က္ကုသရေလလူမျိုး ဆယ့်နှစ် မျိုးထဲတွင် လေ၀အမျိုးမှဆင်းသက်လာသူဖြစ်ပါသည် (ယောရှု ၂၁း၎)။ မောရှေထက် အသက်သုံး နှစ်မျှကြီးသူဖြစ်သည် (ထွက် ၇း၇)။ 

အာရုန်သည် ဧလိရှဘနှင့်စုံဘက်၍ နာဒပ်၊ အဘိဟု၊ ဧလဇာ၊ က္ကသမာ ဟူသော သားလေးယေက် ကိုဖွားမြင်၏ (ထွက် ၆း၂၃)။ ဗတ္တိဇံယောဟန်၏အမေ ဧလိရှဗက်သည် အာရုန်၏အမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်သည် (လုကာ ၁း၅)။    


အာရုန်၏အမည်ကို ဓမ္မဟောင်းကျမ်းတွင် ၃၄၃-ကြိမ် တွေရပြီး၊ ဓမ္မသစ်ကျမ်းတွင် ၆-ကြိမ်သာ တွေ့ရပါသည် (လုကာ ၁း၅၊ တ ၇း၄၀၊ ဟေဗြဲ ၅း၎၊ ၇း၁၁၊ ၉း၎)။ အဓိကအားဖြင့် သူ၏နာမည်ကို မောရှေ၏ကျမ်းငါးစောင်တွင် အများဆုံးဖော်ပြထားပါသည်။ ဖရောဖက်ကျမ်းများတွင်မှု တစ်ကြိမ် သာ ဖော်ပြထားပါသည် (မိက္ခာ ၆း၎)။ သူ၏နာမည်ကို ဖော်ပြရာတွင် မောရှေ၏နာမည်နှင့်အတူအ မြဲယှဉ်တွဲ ဖော်ပြလျက်ရှိပါသည်။


အာရုန်သည် စကားပြောဆိုတတ်သူ၊ လျှာသွတ်သောသူဖြစ်ဟန်တူပါသည် (ထွက် ၄း၁၄)။ နောက် ပိုင်းတွင် မောရှေ၏ ကိုယ်ရေးအရာရှိ (Personal Assistant) ဖြစ်လာပါသည်။ သမ္မာကျမ်းစာတွင် တွေ့ရသော မောရှေ၏လုပ်ဆောင်ချက်အများစုတို့သည် သူ့အားဖြင့်တစ်ဆင့်လုပ်ဆောင်မှုများ ဖြစ် ကြောင်းတွေ့ရပါသည်။ က္ကုသရေလလူမျိုးတို့၏ သဲကန္တာရခရီးစဉ်တွင်လည်း မောရှေနီးပါး အရေး ပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။


အာရုန်သည် က္ကုသရေလလူမျိုးများထဲတွင် ပထမဆုံးသော ယဇ်ပရောဟိတ်ရာထူးကို လက်ခံရ ရှိသူဖြစ်ကြပါသည် (ထွက် ၂၈း၁၊ ၂၉း၉)။ ဤအချိန်မှစ၍ ဘုရားသခင်၏ အမိန့်တော်အတိုင်း အာ ရုန်၏အမျိုးအနွယ်ကသာ က္ကုသရေလလူမျိုးတွင် ဟိတ်ပရောဟိတ် နေရာကိုထမ်းဆောင်ခွင့်ရှိ သည်။ ထိုသို့ဘုရားသခင်က အာရုန်မှဆင်းသက်လာသူများသာ ယဇ်ပရောဟိတ်နေရာကို ရရှိရ မည်ဟု သတ်မှတ်ပြီးနောက် လေ၀ိအမျိုးထဲမှ ကောရ၊ ဒါသန်၊ အဘိရ နှင့် သြနတို့သည် ထိုအရာ ကို လက်မခံခဲ့ကြပဲ မောရှေနှင့်အာရုန်ကို ပုန်ကန်ခဲ့ကြသည်။ ထိုကိစ္စကြောင့် လူအများအပြားသေ ဆုံးရသည် (တော ၁၆)။ နောက်ဆုံးအနေဖြင့် က္ကုသရေလလူမျိုး ၁၂-မျိုးတို့က လှံတံတစ်ခုစီယူ လာပြီး၊ ထိုလှံတံ ၁၂-ချောင်းကို တဲတော်တွင်ညသိပ်ခဲ့ကြပြီး နောက်နေ့တွင် အာရုန်၏လှံတံမှသာ အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးနေခြင်းအားဖြင့် ဘုရားသခင်က အာရုန်၏ အမျိုးအနွယ်ကသာ ယဇ်ပရောဟိတ်ရာထူးကို လက်ခံရရှိနိုင်ကြောင်း က္ကုသရေလလူမျိုးတို့ကို သက်သေပြခဲ့သည် (တော ၁၇း၈)။   


အာရုန်သည် က္ကုသရေလလူမျိုးများအား နွားသူငယ်ရုပ်ထုကို သွန်းလုပ်ပူဇော်စေခဲ့သူဖြစ်သည် (ထွက် ၃၂)။ ထို့ပြင်သူနှင့်မောရှေတို့၏ ပြုလုပ်မိသောအမှားကြောင့် ခါနန်ပြည်ကို ၀င်ခွင့်မရကြပေ (တော ၂၀း၁၂)။ သူတို့ပြုလုပ်မိသောအမှားမှာ ကျောက်ထဲကရေကို သူတို့အားဖြင့် ထွက်စေသ ဟန် က္ကုသရေလလူမျိုးများရှေ့တွင် ပြောဆိုသောကြောင့်ဖြစ်သည် (တော ၂၀း၁၀-၁၁)။ ဤနေ ရာတွင် စကားပြောဆိုသူမှာ မောရှေဖြစ်သော်လည်း ထာဝရပေးသောအပြစ်သည် သူတို့နှစ်ဦးပေါ် သို့အတူတူ ကျရောက်ကြောင်းကို တွေ့ရသည်။ ကြံရာပါဖြစ်သည်ဟုဆိုရပေမည်။ ဤအရာတို့ကို ကြည့်ခြင်းအားဖြင့် အာရုန်၏အသက်တာမှ ဆင်ခြင်စရာရှိသည်မှာ သူတစ်ပါးကို လမ်းမှားရောက် အောင်ဦးဆောင်သူ မဖြစ်ဖို့ရန်နှင့် အမှားလုပ်သူ (၀ါ) အပြစ်လုပ်သူနှင့် လက်မတွဲသင့်ကြောင်း အစရှိသည်တို့ဖြစ်ပါသည်။  


အာရုန်သည် ဟောရတော်ပေါ်မှာ အနိစ္စရောက်ပြီး သူ၏သား ဧလာဇာက သူ၏နေရာကို ဆက်ခံခဲ့ ပါသည် (တော ၂၀း၂၇-၂၈)။ အာရုန်သေဆုံးမှုကြောင့် က္ကုသရေလလူမျိုးတို့သည် ရက်ပေါင်းသုံး ဆယ် ငိုးကြွေးခဲ့ကြသည် (တော ၂၀း၂၉)။ 



ကိုးကား

Nave Bible Dictionary (Android Application)
Easton Bible Dictionary (Android Application)
Fausset Bible Dictionary (Android Application)
AmTrac Bible Dictionary (Android Application)

No comments:

Post a Comment

Note: only a member of this blog may post a comment.