ခရစ်ယာန်အချို့တို့က ဒေသန္တရအသင်းတော်တစ်ပါးမှာ
Member ဖြစ်ဖို့ရန် ထိုအသင်းတော်တွင် ဗတ္တိဇံခံရမည်ဟု ထင်မြင်ယူဆတတ်ကြပါသည်။ သမ္မာကျမ်းစာကရော
ဤကဲ့သို့သွန်သင်ထားပါ သလား။ ဤကဲ့သို့သွန်သင်ချက်မျိုး သမ္မာကျမ်းစာတွင်လုံးဝ … လုံးဝ
မတွေ့ရပေ။ ဤမေးခွန်း၏ အဖြေကိုသိရှိရန် အသင်းတော်၏အဓိပ္ပါယ်ကို ကောင်းစွာနားလည်ဖို့ရန်လိုအပ်ပါသည်။
အသင်းတော်ကိုနှစ်မျိုးခွဲခြားနိုင်သည်။
ပထမမှာ တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော် (Universal Church) နှင့် ဒုတိတစ်မျိုးမှာ
ဒေသန္တရအသင်းတော် (Local Church) တို့ဖြစ်ပါတယ်။ တစ် ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော်ကို
မြင်၍မရသောအသင်းတော် (Invisible Church) ဟု လည်းခေါ်ဆိုပြီး၊ ဒေသန္တရအသင်းတော်ကို မြင်၍ရသောအသင်းတော်
(Visible Church) ဟု ခေါ်ဆိုပါသည်။
တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော်သည်
ကယ်တင်ခြင်းရရှိသူ အားလုံးတို့နှင့် သက်ဆိုင် သည်။ အကြောင်းမှာ ကယ်တင်ခြင်းရရှိသူအားလုံးတို့သည်
ဝိညာဉ်တစ်ပါးတည်းအားဖြင့်သာ ရ ရှိခြင်းကြောင့်ဖြစ်သည် (၁ကော ၁၂း၁၃)။ ၀ိညာဉ်တစ်ပါးတည်းအားဖြင့်ဟု
ဆိုရခြင်းမှာ တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကို ဆိုလိုပါသည်။ ကယ်တင်ခြင်းရရှိသူသည် ကယ်တင်ခြင်းကိုရရှိလိုက်တာနဲ့
တစ်ပြိုင်နက် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော အသင်းတော်၏ Member အလိုအလျောက် ဖြစ်လာပါ သည်။
ဤအသင်းတော်သည် ခရစ်တော်၏ ကိုယ်ဖြစ်သည် (ဧဖက် ၁း၂၃)။ တစ်ကမ္ဘာလုံးနှင့် ဆိုင်သောအသင်းတော်တွင်
လူဖြူ၊ လူမဲ၊ ဆင်းရဲ၊ ချမ်းသာ၊ ဟိုလူမျိုး .. ဒီလူမျိုး အစရှိသည်တို့ မရှိတော့ပဲ ကယ်တင်ခြင်းရရှိသူအားလုံးတို့သည်
ခရစ်တော်၏ကိုယ်တည်းဟူသော မျက်မြင်၍ မရသောအသင်းတော်၏ အသင်းဝင်များဖြစ်လာကြခြင်းဖြစ်ပါသည်။
ဒေသန္တရအသင်းတော်သည် နာမည်တစ်မျိုး၊
လူစုတစ်စုတို့အားဖြင့် ရပ်တည်သော အသင်းတော် များဖြစ်သည် (ဂလာတိ ၁း၁-၂)။ Baptist,
Reformed, Lutheran, Methodist, Presbyterian (အခြားများစွာရှိ) အစရှိသည်တို့သည် ဒေသန္တရအသင်းတော်များ
ဖြစ်ကြပါသည်။ ကိုယ်ခန္ဓာတွင် အစိတ်အပိုင်းအမျိုးမျိုးရှိပြီး သီးခြားနာမည်များရှိသလိုပဲ
ဒေသန္တရအသင်းတော်များသည် နာမည် အမျိုးမျိုးတို့ဖြင့် တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော်ထဲတွင်
တည်ရှိနေကြသော အသင်း တော်များဖြစ်ကြပါသည်။
ရေနှစ်ခြင်းမင်္ဂလာခံယူရခြင်း၏
အကြောင်းရင်းမှာ မိမိအတွက် ခရစ်တော်၏ အသေခံခြင်း (ဟောင်းသောအသက်တာသေခြင်း)နှင့် ရှင်ပြန်ထမြောက်ခြင်း
(အသစ်သောအသက်တာရ ရှိခြင်း)ကို သက်သေခံခြင်း (ရောမ ၆း၃-၄၊ ကောလောသဲ ၂း၁၃)၊ ဘုရားရှေ့၊
လူရှေ့တွင် ခရစ်တော်ကို မိမိ၏အရှင် သခင်အဖြစ် သစ္စာကတ္တိပြုဝန်ခံခြင်း၊ ခရစ်တော်၏မိန့်မှာချက်ကို
လိုက်နာခြင်း (မသဲ ၂၈း၁၉)၊ တို့ဖြစ်ပါသည်။ ဗတ္တိဇံခံယူခြင်းသည် ဒေသန္တရအသင်းတော်တစ်ပါး၏
Member ဖြစ်ခြင်းမဖြစ်ခြင်း နှင့် မသက်ဆိုင်ပါ။

No comments:
Post a Comment
Note: only a member of this blog may post a comment.