Friday, 30 October 2015

ဗတ္တိဇံ (ရေနှစ်ခြင်းမင်္ဂလာ) ကို ဘယ်နှစ်ကြိမ်ခံယူသင့်သလဲ???



ခရစ်ယာန်များအကြားတွင် ရေနှစ်ခြင်းမင်္ဂလာကို ဘယ်နှစ်ကြိမ်ယူသင့်သလဲဆိုသည့် မေးခွန်းသည်လည်း အမေး များသော မေးခွန်များထဲမှ တစ်ခုဖြစ်ပါသည်။ တစ်ကြိမ်ထက်မက ရယူသူများရှိလို့ ဤမေးခွန်းပေါ်ပေါက်လာရ သည်ဟု  ဆိုရပေမည်။ ရေနှစ်ခြင်းမင်္ဂလာကို တစ်ကြိမ်ထက်မနည်း ခံယူသူတို့တွင်လည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပေသည်။
စာရေးသူ မြင်ရ၊ သိရသလောက် ခရစ်ယာန်များအကြားမှားယွင်းသော ဗတ္တိဇံခံယူခြင်းများမှာ - 

            ၁။ အသင်းတော်၏ထုံးတမ်းစဉ်လာအရ ကလေးဘ၀တွင် ယူလိုက်ခြင်း။
၂။ အသက်ရလာလို့ အသင်းတော်၏ အစီအစဉ်ဖြင့်ယူလိုက်ခြင်း။
            ၃။ ငရဲကျမှာစိုးလို့ ယူလိုက်ခြင်း (ဗတ္တိဇံခံလို့ ကယ်တင်ခြင်းရရှိမည်ဟုထင်)။
            ၄။ တရားဟောဆရာ (၀ါ) မိဘတို့၏ တိုက်တွန်းချက်ကြောင့် ခံယူလိုက်ခြင်း။
            ၅။ အသင်းတော်တစ်ပါးမှ အခြားသောအသင်းတော်တစ်ပါးသို့ ပြောင်းလိုက်တဲ့အခါ ထိုအသင်းတော်က
 အတင်းယူစေခြင်း (၀ါ) ပြန်ယူစေခြင်း။ အချို့သောယုံကြည်သူတွေကလည်း အသင်းတော်ပြောင်းရငထပ်ယူရမည်    ဟုထင်မြင်ယူဆခြင်း။
            ၆။ ချစ်သူ (၀ါ) ခင်ပွန်း/မယား၏ ယုံကြည်မှုကိုခံချင်လို့ ယူလိုက်ခြင်း။
            ၇။ ကယ်တင်ခြင်းသင်တန်း ခဏခဏတက်ရင်းအများအမြင်ကောင်းအောင် ယူလိုက်ခြင်း။
            ၈။ ရေနှစ်ခြင်းမင်္ဂ၏ အဓိပ္ပါယ်ကိုမသိပဲလျှက် သူများကခံယူလို ခံယူလိုက်ခြင်း ….. အစရှိသဖြင့် ခရစ်ယာန်များအကြား မှားယွင်းသောရေနှစ်ခြင်းမင်္ဂလာခံယူနည်းများကို တွေ့ရပါသည်။ 


ယုံကြည်သူအချို့တို့က ဗတ္တိဇံ ခံလို့ကယ်တင်ခြင်းရရှိမည်ဟု ထင်မြင်တတ်ကြသည်။ ဤထင်မြင်ယူဆချက်သည် သ မ္မာကျမ်းစာ၏ သွန်သင်ချက်နှင့် အလွန်အလွန်ဆန့်ကျင်နေပါသည်။ ကယ်တင်ခြင်းကို အမှန်တကယ်ရရှိသောသူ သည် သူရရှိသောအရာကို အများရှေ့မှာသက်သေပြရန် ရေနှစ်ခြင်းမင်္ဂလာခံယူရမည်ဖြစ်သည်။ ကယ်တင်ခြင်း မရရှိပဲ ဗတ္တိဇံကိုခံယူမည်ဆိုလျှင် အဓိပ္ပါယ်မရှိပေ။ အကြောင်းမှာ ကယ်တင်ခြင်းသည် “…. သင်တို့သည် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ ၄င်းသည်သင်တို့ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ဘုရားသခင်ပေးတော်မူ သော လက်ဆောင်ဖြစ်၏။ (မြန်မာ့စံမီသမ္မာကျမ်း)(ဧဖက် ၂း၈)။ ကယ်တင်ခြင်းသည် ဗတ္တိဇံခံခြင်းကြောင့် ရရှိခြင်း မဟုတ်ပေ။  တမန်တော်ဝတ္ထုကို ကြည့်မည်ဆိုလျှင် ကနဦးခရစ်ယာန်များသည် ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည်လက်ခံပြီးမှ ဗတ္တိဇံကို ခံယူခဲ့ကြသည်။ 


တမန်တော်ဝတ္ထု အခန်းကြီး ၁၉ တွင် အချို့သောဧဖက်မြို့သားတို့ ဒုတိယအကြိမ် ဗတ္တိဇံခံယူကြကြောင်းတွေ့ရပါ သည်။ ဧဖက်မြို့သားအချို့ ဒုတိယအကြိမ် ဗတ္တိဇံခံယူရခြင်းမှာ သူတို့အရင်ခံယူခဲ့သော ဗတ္တိဇံသည် ယောဟန်ပေး သော ဗတ္တိဇံဖြစ်သောကြောင့်ဖြစ်သည်။ ယောဟန်ပေးသော ဗတ္တိဇံသည် နောင်တတရားနှင့်ဆိုင်သော ဗတ္တိဇံဖြစ်သည် (လုကာ ၃း၃)။ ကယ်တင်ခြင်းတရားနှင့်ဆိုင်သော ဗတ္တိဇံမဟုတ်ပေ (လုကာ ၃း၁၆)။ ထို့ပြင် ယောဟန်ပေးသော ဗတ္တိဇံသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်အားဖြင့်ပေးသော ဗတ္တိဇံမဟုတ်ပေ။ ကယ်တင်ခြင်းရရှိသူများကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗတ္တိဇံပေးရမည်ဟု မိန့်ဆို သူမှာခရစ်တော်ပင်ဖြစ်သည်။ ထိုမိန့်ဆိုချက်သည်လည်း ခရစ်တော် အသေခံတော်မူပြီး၊ ရှင်ပြန်ထမြောက်တော်မူပြီး နောက် ကောင်းကင်သို့ချီဆောင်ခြင်းကို ခံယူတော်မမူစဉ်လေးမှာ မိန့်မှာခဲ့ခြင်းဖြစ်သည် (မသဲ ၂၈း၁၉)။  


ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်အားဖြင့် ခံယူသော ရေနှစ်ခြင်းမင်္ဂလာသည် ကယ် တင်ခြင်းရရှိသူကသာ တစ်သက်တွင်တစ်ကြိမ်သာ ခံယူသင့်သောအရာဖြစ်ပါသည်။ ဤနာမတော်အားဖြင့် ဗတ္တိဇံကို အကြိမ်ကြိမ်ယူလို့ ဘုရားသခင်ထံမှ ကောင်းကြီးရရှိတယ်လို့ သမ္မာကျမ်းစာတွင် မတွေ့ရပေ။ သမ္မာကျမ်းစာတော်မြတ် ကလည်း ဗတ္တိဇံကို အကြိမ်ကြိမ်ယူဖို့ သွန်သင်ခြင်းမရှိပါ။ 


အထက်ကဖော်ပြခဲ့သော မှားယွင်းစွာ ဗတ္တိဇံကိုခံယူခဲ့သူတွေအတွက်၊ အသက်တာအမှန်တကယ် ပြောင်းလဲလာသော အခါ ဗတ္တိဇံကိုထပ်ယူသင့်ပါသလား။ ထပ်ယူသင့်သည်ဟုဆိုရပေမည်။ အကြောင်းမှာ အရင်ယူခဲ့ဖူးသော နှစ်ခြင်းမင်္ဂ လာသည် စစ်မှန်သောနည်းဖြင့် ခံယူခဲ့ခြင်းမဟုတ်သောကြောင့်ဖြစ်သည်။ ဗတ္တိဇံကမစစ်မှန်ဟုမဆိုလို ခံယူသောသူ သာ မစစ်မှန်ခြင်းဖြစ်သည်။ သို့သော်…. ဗတ္တဇံကို အကြိမ်ကြိမ်ခံယူနေတာမျိုးတော့ လက်ခံနိုင်စရာအကြောင်း မရှိပေ။  






ကိုးကား

At Grace, Christian Website, s.v. “re-baptism evernecessary.”http://www.atgrace.com/information/general/baptism/re-baptism-ever-necessary (accessed Oct 29, 2015).
Christian Courier, Christian Website, s.v. “Is re-baptism Scriputal” https://www.christiancourier.com/articles/656-is-re-baptism-scriptural (accessed Oct 29, 2015).

Life Hope and Truth, Christian Website, s.v. “Rebaptism” http://lifehopeandtruth.com/change/baptism/rebaptism/ (accessed Oct 29, 2015).

No comments:

Post a Comment

Note: only a member of this blog may post a comment.