BC,
AD, BCE, CE တို့၏အဓိပ္ပါယ်
၁။ BC (ဘီစီ)၊ AD (အေဒီ)
ဘီစီသည် အင်္ဂလို “Before Christ” ဆိုသောစကားကို အတိုကောက်ရေးခြင်းဖြစ်သည်။
“ခရစ်တော်မတိုင်မှီ”
ဟု အဓိပ္ပါယ်ရပါသည်။ ယေရှုခရစ်တော် လူ့ဇာတိခံယူရန်မမွေးဖွားမှီ အချိန်များကို ဆိုလိုခြင်းဖြစ်ပါသည်။
ဤ နေရာတွင် သတိထားရမည်အချက်မှာ “ခရစ်တော်မရှိမှီ (၀ါ) ခရစ်တော်မတိုင်မှီ” ဟုဆိုလိုခြင်းမဟုတ်ပါ။
ယေရှု ခရစ်တော်သည် ဤကမ္ဘာမြေကြီးမတည်မရှိမှီကတည်းက တည်ရှိနေသောဘုရားဖြစ်သည် (ယောဟန် ၁)။
လူ သားများကို ကယ်တင်ရန်အတွက် ဤကမ္ဘာမြေကြီးပေါ်သို့ လူသားအဖြစ်မွေးဖွားလာခြင်းဖြစ်သည်။
အေဒီသည် လက်တင်စကားဖြစ်သော “Anno Domini” ကိုအတိုကောက်ရေးသားခြင်းဖြစ်သည်။ “In the year of our Lord”၊ “ကိုယ်တော်၏နှစ်ထဲ၌”
ဟု အဓိပ္ပါယ်ရပါသည်။
ယေရှုခရစ်တော် လူသားအဖြစ်မွေးဖွားပြီး နောက်ဟု နားလည်ရမည်ဖြစ်သည်။ အချို့တို့က “After
Death” “ခရစ်တော်လူသားများအတွက် အသေခံခြင်း ပြီးနောက်” ဟုလည်းခေါ်ဆိုကြသည်။ ပညာရှင်များအ
ကြား “Anno Domini” ဟု လက်ခံသူ ပိုများပါတယ်။
ဘီစီနှင့် အေဒီ ရေတွက်ပုံကို နားလည်ရန်
ပုံ - ၀၁ ကိုကြည့်ပါ။
![]() |
| ပုံ - ၀၁ |
၂။
BCE (ဘီစီအီး)၊ CE (စီအီး)
“Before
the Common Era” ကိုအတိုကောက်ရေးသားခြင်းဖြစ်ပါသည်။
ဤနေရာတွင် “Common” သည် “Gregorian Calendar” ကိုရည်ညွှန်းသည်။ BCE သည် BC
နှင့်အတူတူပင်ဖြစ်သည်။ 300 BC ကို 300 BCE ဟုလည်းရေးသားနိုင်သည်။
CE သည် “Common Era” ကိုအတိုကောက်ရေးသားခြင်းဖြစ်ပါသည်။
ဤနေရာတွင် “Common” သည် “Gregorian Calendar” ကိုရည်ညွှန်းသည်။ CE သည် AD နှင့်အတူတူပင်ဖြစ်သည်။
AD 2015 ကို 2015 CE ဟုလည်းရေးသားနိုင်သည်။ သတိထား ရေးရမည်အချက် ကတော့ AD (အေဒီ)
ကို ခုနှစ်၏ရှေ့တွင် ထားရပြီး၊ BC, BCE, CE တို့ကို ခုနှစ်၏နောက်တွင် ထားရမည်ဖြစ်သည်။
BCE ကို “Before Christian Era” ဟူ၍လည်းကောင်း၊
CE ကို “Christian Era” ဟူ၍လည်း ကောင်း ခေါ်ဆိုကြ သေးသည်။ အခေါ်အ၀ါ ဘယ်လိုပြောင်းပြောင်း
အထက်ဖော်ပြထားသည့်အတိုင်း ခုနှစ်တို့သည် အတူတူပင် ဖြစ်ပါသည်။
ကိုးကား
https://carm.org/meaning-bc-ad
(Accessed 19, Dec, 2015)
http://www.gotquestions.org/BC-AD.html
(Accessed 19, Dec, 2015).

No comments:
Post a Comment
Note: only a member of this blog may post a comment.