တရားဟောခြင်းနှင့် သက်သေခံခြင်း
ခရစ်ယာန်တစ်ယောက်အနေဖြင့်
တရားဟောခြင်းနှင့် သက်သေခံခြင်းတို့၏ အဓိပ္ပါယ်နှင့် ကွဲပြားချက်များကို ကောင်းမွန်စွာ
သဘောပေါက် နားလည်၊ လုပ်ဆောင်ရန် လိုအပ်လှပါသည်။
၁။ တရားဟောခြင်း
တရားဟောခြင်းဆိုသည်မှာ
ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာတွင် ရေးသားထားသောအရာများကို ဟောပြောသွန်သင်ခြင်းဖြစ်သည်။
တရားဟောဆရာအနေဖြင့် သမ္မာကျမ်းစာတွင် ရေးသားထားသည့်အတိုင်း ဟောပြော သွန်သင်ရမည်ဖြစ်သည်။
ထိုရေးသားချက်များကို ဥပမာအမျိုးမျိုးဖြင့်သော်လည်းကောင်း၊ နည်းအမျိုးမျိုးဖြင့်သော်လည်း
ကောင်း ဟောပြောသွန်သင်နိုင်ပါသည်။ တရားဟောမည့်သူသည် မိမိဟောမည့် ကျမ်းပိုဒ်ကိုရွေးချယ်ရမည်။
ထိုကျမ်းပိုဒ်၏ အဓိပ္ပါယ်ကို ကောင်းမွန်စွာနာလည်သဘောပေါက်ရမည်ဖြစ်သည်။ မိမိကောင်းစွာ
နာမလည်သောကျမ်းပိုဒ်များကို ဟော ပြောမည်ဆိုလျှင် ခုတ်ရာတစ်ခြားထိရာတစ်ခြား ဖြစ်သွားမည်ဖြစ်ပါသည်။
တရားဟောရာတွင်
ကျမ်းပိုဒ်ဖတ်ပြီး၊ ထိုကျမ်းပိုဒ်နှင့်ဆက်စပ်မှုမရှိ၊ မိမိ၏စိတ်ထဲတွင် ရှိသမျှသောအရာများကို
ပြော ဆိုတတ်သော တရားဟောဆရာပေါင်းမြောက်များစွာ ရှိပါသည်။ အချို့တို့က ကျမ်းပိုဒ်မဖတ်တော့ပဲ
စင်ပေါ်ရောက်တာနဲ့ မိမိကြိုက်ရာအကြောင်းအရာများကိုသာ ဟောပြောသောတရားဟောဆရာများလည်း ရှိပါသည်။
အမှန်မှာ…တရားဟော ခြင်းသည် မိမိ၏စိတ်ထဲတွင်ရှိသောအရာများ၊ မိမိပြောလိုသောအကြောင်းအရာများကို
စည်းမရှိ၊ ကမ်းမရှိ ပြောဆိုခြင်းမ ဟုတ်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်တော်မူသော သမ္မာကျမ်းစာ၌ ဖော်ပြထားသောအရာများကို လေ့လာသင်ယူ ပြီး၊ ထိုကျမ်းပိုဒ်တွင်ဖော်ပြထားသည့်အတိုင်း
ဟောပြောသွန်သင်ရမည်ဖြစ်သည်။ တရားဟောမည့်သူ၏အမြင်၊ အကြိုက် ဟောပြောရမည်မဟုတ်၊ သမ္မာကျမ်းစာ၏သွန်သင်ချက်အတိုင်း
ဟောပြောသွန်သင်ရမည်ဖြစ်သည်။ ထိုသို့ဟောပြော သွန် သင်ရာတွင် နည်းအမျိုးမျိုးဖြင့် ဟောပြောသွန်သင်နိုင်ပါသည်။
သို့သော် သမ္မာကျမ်းမှသွေဖယ်ပြီး ဟောပြောသွန်သင် ခြင်း မပြုလုပ်ရပါ။ အကောင်းဆုံးသောတရားဟောနည်းမှာ
သမ္မာကျမ်းစာထဲတွင် ရေးသားထားသောအရာများကို လူတိုင်းနား လည်နိုင်အောင် ရှင်းပြခြင်းဖြစ်ပါသည်။
တရားဟောချက်များကို နားထောင်သူများအနေဖြင့်လည်း အထူးသတိထားတတ်ဖို့
လိုအပ်ပါသည်။ သမ္မာကျမ်းစာ၏ သွန်သင်ချက်မဟုတ်ပဲ၊ နားထောင်ကောင်းသောတရားဟောချက်၏ ကျေးကျွန်ဖြစ်သွားနိုင်ခြင်းကြောင့်ဖြစ်ပါသည်။
ထိုတ ရားဟောချက်များက သင့်ကိုစစ်မှန်သောအလင်းကို မပေးနိုင်ပေ။ နားထောင်လို့ကောင်းပေမယ့်
သင့်အသက်တာတွင် တည်ဆောက်စရာများ ဖြစ်မလာနိုင်တော့ပေ။ ထို့ပြင် သင့်အသက်တာသည် ဘုရားသခင်၏အလို
ရှိတော်မူသည့်အတိုင်း အသက်ရှင်နေထိုင်နိုင်မည်မဟုတ်ပေ။ ရှောလမွန်ဘုရင်မင်းကြီး မိန့်ဆိုခဲ့သလိုပဲ
ဤလောကတွင် အမှန်ဟုထင်ရသော် လည်း နောက်ဆုံးတွင် သေခြင်းသို့ ပို့ဆောင်ပေးသောအရာပေါင်း
မြောက်များစွာရှိတတ်ပါသည်။
၂။ သက်သေခံခြင်း
သက်သေခံခြင်းကို ရိုးရှင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုလျှင်
မိမိအပေါ်ဘုရားသခင်၏ကောင်းမြတ်ခြင်းကို သူတစ်ပါးထံ ဖွင့် ဟပြောဆိုခြင်း ဖြစ်ပါသည်။ သက်သေခံရာတွင်
ကျမ်းစာဖတ်ကိုဖတ်ရမည်ဟု မယူဆသင့်ပေ။ ဖတ်ပြနိုင်ရင်တော့ ကောင်း ပါတယ်။ ဒါပေမယ့် ဖတ်ကိုဖတ်ရမည်ဟု
မခံယူသင့်ပေ။ မြန်မာနိုင်ငံတွင် သက်သေခံခြင်းနှင့် ပတ်သက်၍ အဆိုးဆုံးသော ခံယူချက်မှာ
သက်သေခံခြင်းသည် ဘုရားကျောင်းထဲမှာသာ သက်သေခံရမည်ဟု ယူဆခြင်းဖြစ်သည်။ သက်သေခံရာတွင်
ဘုရားကျောင်းမှာသာ သက်သေခံတတ်ကြသည့်အတွက် ဘုရားကျောင်းတက်ချိန်လည်း သုံးနာရီလောက် ကြာမြင့်သွား
တတ်သည်။ အစစ်တွေထဲမှာ အတုတွေအမြဲရှိနေတတ်သည့်အတိုင်း ဘုရားကျောင်းထဲတွင် လူအထင်ကြီးအောင်
သက် သေခံတတ်သော ခရစ်ယာန်များလည်း ရေတွက်၍ကုန်နိုင်မည်မဟုတ်ပေ။ အမှန်မှာ သက်သေခံရာတွင်
မိမိနှင့်သက်ဆိုင် သောသူများထံ သက်သေခံခြင်းဖြင့်လည်း ဖြစ်မြောက်ပါသည်။ နားထောင်သောသူသည်
သင်၏သက်သေခံခြင်းဖြင့် တည် ဆောက်စရာများ ရရှိနိုင်ခြင်းသည် အဓိကကျသောအရာဖြစ်သည်။ ဤအချက်သည်
လူပေါင်းဘယ်နှစ်ယောက်ရှေ့မှာ သက်သေခံသည်ဆိုသည်ထက် ပို၍အရေးကြီးပါသည်။
သင်သည်ဘုရားကျောင်းမှာသာ သက်သေခံတတ်ပြီး၊ ကျန်တဲ့အချိန်များတွင် သူများအတင်းသာ
ပြောနေမည်ဆိုလျှင် သင့် ၏အသက်တာသည် စိုးရိမ်စရာအနေအထားတွင် ရပ်တည်နေစဲဖြစ်ပါသည်။ အကယ်၍
သင်သည့် ဤအခြေနေတွင် ရပ်တည်နေတယ်ဆိုလျှင် ပြုပြင်လိုက်ပါ။ သင်၏သက်သေခံခြင်းသည် သင်နှင့်သက်ဆိုင်သောသူအားလုံးရှေ့မှာ
သက်သေ ခံခြင်းဖြစ်အောင် ကြိုးစားပါ။ သူများ၏အတင်းပြောပြီး အချိန်ကုန်နေမည့်အစား သက်သေခံလိုက်ပါ။
ဘုရားကျောင်း မှာလည်း သက်သေခံပါ။ မိမိနှင့်စပ်ဆိုင်သောသူတွေဆီမှာလည်း သက်သေခံပါ။

No comments:
Post a Comment
Note: only a member of this blog may post a comment.