Tuesday, 23 February 2016

ဆာလံ ၂၃း၁



ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ (ဆာလံ ၂၃း၁)


 ၁။ ထာဝရဘုရား

ထာဝရဘုရားသည် အစမရှိ၊ အဆုံးမရှိသောဘုရားဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းမရှိသော ဘုရားဖြစ်သည်။ နေရာ တိုင်းတွင် ရှိတော်မူသောဘုရား၊ အရာခပ်သိမ်းကို သိတော်မူသောဘုရား၊ အရာခပ်သိမ်းကို တတ်စွမ်းတော်မူသော ဘုရား ဖြစ်တော်မူ၏။    


၂။ ငါ၏သိုးထိန်း


ဆာလံဆရာက “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏” ဟုဆိုထားပါသည်။ ထာဝရဘုရားကို ကိုးကွယ်သူများအ တွက် ခွန်အားရစရာဖြစ်ပါသည်။ အကြောင်းမှာ မိမိကိုးကွယ်သောဘုရားကို စောင့်ရှောက်ဖို့ရန်မလိုအပ်သောကြောင့် ဖြစ်ပါ သည်။ မိမိကိုးကွယ်နေသာဘုရားကို မိမိကိုယ်တိုင်က သူခိုးများ၏ဘေး၊ သဘာဝဘေးအန္တရာယ်တို့မှ စောင့်ရှောက်စရာ လိုအပ်နေမည်ဆိုလျှင် ကိုးကွယ်ထိုက်သောဘုရား မဖြစ်ကြောင်းထင်ရှားနေပါသည်။ ထာဝရဘုရားသည် ထိုကဲ့သို့ မဟုတ် ဘဲ သူ၏လူတို့ကို ကွယ်ကာလမ်းပြပို့ဆောင်တော်မူသောဘုရားဖြစ်ပါသည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့၏ နေ့စဉ်အသက် တာတွင် ထိန်းကျောင်းပေးနေခြင်းကို လူတွေနားလည်နိုင်ရန် သိုးထိန်းကောင်းက သူ၏သိုးများကို ဘေးကင်းစွာ ထိန်း ကျောင်းနေပုံနှင့် ခိုင်းနှိုင်းထားခြင်းဖြစ်သည်။


ဘုရားသခင်က ကျွန်ုပ်တို့ကိုထိန်းကျောင်းပုံမှာ အကန့်အသတ်မရှိသော ထိန်းကျောင်းမှုမျိုးဖြစ်ပါသည်။ စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ ရက်သတ္တပတ်၊ လ နှင့် နှစ်များဖြင့် သတ်မှတ်ထိန်းကျောင်းနေခြင်း မဟုတ်ပေ။ ကျွန်ုပ်တို့ သတိထားသည်ဖြစ်ပါစေ၊ သတိမထားသည့်အချိန်တွင် ဖြစ်နေပါစေ သူ၏လူတို့ကို အချိန်တိုင်းတို့တွင် ကွယ်ကာလမ်းပြပို့ဆောင်တော်မူသောဘုရား ဖြစ်ပါသည်။ 



No comments:

Post a Comment

Note: only a member of this blog may post a comment.