ဘာကြောင့် လူသည် မကောင်းသောအလုပ်များကို လုပ်ဆောင်ရသနည်း???
+++++++++++++++++++++++++++++++++++++++++++
ဘာကြောင့်လူသည် မကောင်းသောအလုပ်များကို လုပ်ဆောင်ရသနည်း?
ဤမေးခွန်းကို သင့်ကိုယ်သင် မေးမြန်းဖူးသလား (သို့) မကောင်းသောသူတို့ကို တွေ့မြင်သည့်အခါ
ညည်းတွားမိပါသလား? မကောင်းသောအရာများကို လုပ်ဆောင်ရခြင်း၏ အစကမည်သည့်အရာနည်း။ ဆာလံဆရာက
ဤသို့ဆိုထားပါသည်။ “အိပ်ရာပေါ်မှာ မကောင်းသောအမှုကို
ကြံစည်တတ် ၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ ဆိုးယုတ်သောအကျင့်ကို ရွံရှာခြင်းမရှိ”
(ဆာလံ ၃၆း၎)။
မကောင်းသောသူတို့သည် မကောင်းသောအကြံအစည်အားဖြင့် စတင်ကြသည်။
ကိုယ်အတွက်သာ စဉ်းစားတတ်ကြပြီး၊ မိမိ၏စိတ်ကျေနပ်မူကိုသာ အလိုလိုက်တတ်ကြသည်။ အခြားသူများ၏ခံစားချက်များကို
မစဉ်းစားတတ်ကြတော့ပေ။ အဆိုး ဆုံးမှာ မိမိ၏ဖန်ဆင်းရှင်ဘုရားသခင်၏ အလိုတော်နှင့်ဆိုင်သောအသက်တာနှင့်
ဝေးကွာနေခြင်းဖြစ်သည်။ ထိုသို့ မ ကောင်းသောအကြံအစည်များကိုသာ စဉ်းစားနေရခြင်းမှာ ဇာတိအပြစ်တရားကြောင့်ဖြစ်သည်။
ဇာတိအပြစ်သည် လူ တိုင်းအပေါ်မှာသက်ဆိုင်သော မွေးရာပါအပြစ်ဖြစ်သည်။ ပထမဆုံးသောလူသားများဖြစ်သည့်
အာဒံနှင့် ဧ၀ တို့ကဘုရားစကားကို နာခံခြင်းမရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
ထာဝရဘုရားသခင်၏ နှုတ်ထွက်စကားတော်တိုင်းသည် နှုတ်ကပတ်တော်ဖြစ်သည်။
ထိုနှုတ်ကပတ်တော်သည်လည်း ဘုရားဖြစ်၏။ အာဒံနှင့် ဧ၀တို့၏ အမှားကိုထောက်ပြရမည်ဆိုလျင်
နှုတ်ကပတ်တော်ကို မနာခံခြင်းဟု ဆိုရပေမည်။ ထိုနှုတ်ကတော်ကို မနာခံရခြင်း၏ အကျိုးသက်ရောက်မှုကား
အပြစ်တရားထဲတွင် နစ်မြုပ်ခြင်းဖြစ်သည်။ အပြစ်လုပ် ဆောင်ခြင်းဖြစ်သည်။ မကောင်းသောအကြံအစည်ကို
ကြံစည်တတ်ခြင်းသည်လည်း နှုတ်ကပတ်တော်နှင့် ဝေးကွာနေ ရခြင်းကြောင့်ဖြစ်သည်။
နှုတ်ကပတ်တော်နှင့်ဝေးကွာခြင်း၏ အဓိပ္ပါယ်မှာ နှုတ်ကပတ်တော်ကို
မသိရှိခြင်း၊ နားမလည်းခြင်းနှင့် နှုတ်ကပတ်တော်အ တိုင်း အသက်ရှင်နေထိုင်မှု မရှိခြင်းတို့ကိုဆိုလိုသည်။
ယုံကြည်သူတစ်ယောက်အနေဖြင့်လည်း မကောင်းသောအရာများကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်နိုင်ပါသည်။
ထိုသို့သောသူသည် နှုတ်ကပတ်တော်နှင့်ဝေးကွာနေရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူတစ်ဦးအနေဖြင့်
မကောင်းသောအရာတို့ကိုလုပ်ဆောင်ခြင်းမှ လွတ်မြောက်နိုင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်တော်မူသော
သမ္မာကျမ်းစာကိုအမြဲ ဖတ်ရှု၊ လေ့လာမှတ်သား၊ လိုက်နာဖို့ရန် လိုအပ်သည်။ နှုတ်က ပတ်တော်နှင့်အညီ
အသက်ရှင်နေထိုင်ဖို့ရန်အရေးကြီးသည်။ နှုတ်ကပတ်တော်ကို၏အမြဲ ဖတ်ရှု၊ လေ့လာမှတ်သား၊ လိုက်လျှောက်သောသူသည်
မကောင်းသောအကြံအစည်များကို စဉ်းစားချိန်မရတော့ပါ။ နှုတ်ကပတော်တရားကိုသာ စဉ်းစားတတ်ပြီး၊
နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်နေထိုင်နိုင် မည်ဖြစ်သည်။
တစ်ခါက ကမ္ဘာကျော်နာမည်ကြီးတရားဟောဆရာ၊ ဘုရားသခင်အသုံးပြုသောသူ
Billy Graham ကို လူတစ်ယောက်က “သင်၏ အသက် တာမှာ အရေးကြီးဆုံးကဘာလဲ?” ဟူသောမေးခွန်းကို
မေးခဲ့ဖူးသည်။ Billy က “မနက်တိုင်းဘုရား သခင်နှင့် အချိန်ယူခြင်း” သာဖြစ်တယ်လို့ ထိုသူ့ကိုပြန်ဖြေခဲ့လေသည်။
ဘုရားသခင်နှင့် အချိန်ယူခြင်းဆိုသည်မှာ အဘယ်နည်း?။ ဤအရာမှာ သမ္မာကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းတို့ဖြစ်သည်။
စာရေးဆရာတစ်ဦးက “သမ္မာကျမ်းစာ ဖတ်ပြီး ဆုမတောင်းသော ယုံကြည်သူ၏အသက်တာသည် ပျော့အိအိဖြစ်တတ်ပြီး၊
ဆုသာတောင်းပြီး သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမရှိသော ယုံကြည်သူ၏အသက်တာသည် မာတောက်တောက်
ဖြစ်တတ်သည်” ဟု ရေးသားခဲ့ ပါသည်။
သမ္မာကျမ်းစာကို ဖတ်ရုံ၊ ဆုတောင်းရုံနှင့်မပြီး၊ ထိုသမ္မာကျမ်းစာတွင်ရေး ထားသောအကြောင်းအရာတို့ကို
နှလုံးသွင်းဆင်ခြင်ခြင်း၊ သမ္မာကျမ်းစာ၏ သွန်သင်ချက်အတိုင်း အသက်ရှင်နေထိုင်နိုင်သူဖြစ်ရန်လည်း
အရေးကြီးသည်။ ထိုသို့မလုပ်ဆောင်နိုင်လျင် သမ္မာကျမ်းစာ မည်သို့ပင် ဖတ်စေကာမူ အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။
ဆုတောင်းခြင်းတွင်လည်း ဤအတိုင်းသာဖြစ်သည်။ မိမိလိုချင်သော အရာများကိုသာတောင်းပြီး၊
ဘုရားသခင်၏ အလိုတော်ကို ၀န်ခံခြင်းမရှိလျင်လည်း အဓိပ္ပါယ်မရှိပေ။
မကောင်းသောအကြံစည်များကို စဉ်းစားပြီး၊ မကောင်းသောအရာများကို
လုပ်ဆောင်တတ်သောသူ မဖြစ်ရန် အထက်ဖော် ပြခဲ့သော သမ္မာကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းတို့သည်အရေးကြီးသည်။
ဖတ်ရုံ၊ ဆုတောင်းရုံ မဟုတ်ပဲ အထက်က ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်နိုင်သူဖြစ်ရန် အရေးကြီးပါသည်။
ဘုရားရှင် ကောင်းကြီးပေးပါစေ။

No comments:
Post a Comment
Note: only a member of this blog may post a comment.