၁။ အစအဦး (၁း၁)
ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ကမ္ဘာဦးကျမ်းနှင့်
အစတူသည်။ အစအဦး၌ဆိုသောစကားလုံးဖြင့် အစပြုကြသည်။ သမ္မာကျမ်းစာတွင်
ဘုရားသခင်၏အစနှင့် စကြဝဠာ၏အစကိုဖော်ပြရာတွင် ‘အစအဦး’ ဆို
သောစကားလုံးအားဖြင့် ဖော်ပြလေ့ရှိပါသည်။ လူသားများအနေဖြင့် ဘုရားသခင်နှင့်
စကြဝဠာတို့၏ အစကို ရက်၊ လ၊ နှစ် တိကျစွာ မသိရှိနိုင်ပေ။ အကြောင်းမှာ
ယခုလက်ရှိ လူသားများအသုံးပြုနေသော ရက်၊ လ၊ နှစ် တို့ဖြင့်
ဖော်ပြ၍မရသောကြောင့်ဖြစ်သည်။
ယခုကျွန်ုပ်တို့အသုံးပြုနေသော
အချိန်သတ်မှတ်ခြင်းတို့သည် ကမ္ဘာလည်ပတ်ပုံ၊ ကမ္ဘာကနေကို လည် ပတ်ပုံတို့ကို
အခြေခံထားသည် (ဥပမာ- ကမ္ဘာမြေကြီးတစ်ပတ်ပြည့်အောင်လည်လျင် တစ်ရက်ဖြစ်သည်)။
ထို့ကြောင့် လူသားတို့အချိန်သတ်မှတ်ခြင်းသည် ဖန်ဆင်းရှင်ဘုရားက စကြဝဠာကို
ဖန်ဆင်းပြီးမှ ပေါ်ပေါက် လာခြင်းဖြစ်သည်။ ဖန်ဆင်းရှင်ဘုရားက စကြဝဠာကို
မဖန်ဆင်းမှီအချိန်များကို လူတို့မသိရှိနိုင်ပေ။ ရက်စွဲ တိ တိကျဖြင့်
ဖော်ပြနိုင်စွမ်းမရှိတော့ချေ။ ထို့ကြောင့် ဘုရားသခင်နှင့် စကြဝဠာ၏အစကို
လူသားများနားလည် နိုင်ရန်ဖော်ပြရမည်ဆိုလျင် ‘အစအဦး’ ဆိုသောစကားသည်
အကောင်းဆုံးနှင့် အသင့်တော်ဆုံးဖြစ်သည်။
၂။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၁-၎
“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟု ရှင်ယောဟန်က အစပြုသည်။ အထက်က
ဖော်ပြထားသည့် အတိုင်း ဘုရားသခင်၏အစကို “အစအဦး” ဆိုသောစကားအားဖြင့်သာ
ဖော်ပြနိုင်သည်။ သို့သော် ဘုရားသခင် သည် အစရှိသည်ဟု မဆိုလိုပါ။ အကြောင်းမှာ
အစရှိသောအရာတို့သည် ဖန်ဆင်းခံအရာများသာဖြစ်သည်။ ထာဝရဘုရားသည် အစမရှိ၊
အဆုံးမရှိပဲ ထာဝရတည်ရှိသော ဘုရားဖြစ်တော်မူသည်။ ထာဝရဘုရားသာလျှင်
အရာခပ်သိမ်းတို့၏ အစနှင့်အဆုံး (ဗျာ ၂၁း၆၊ ၂၂း၁၃)၊ ဖန်ဆင်းရှင်ဖြစ်သည်။
ဤကျမ်းပိုဒ်တွင် ရှင်ယောဟန်က “နှုတ်ကပတ်တော်” အကြောင်းကိုရှင်းပြထားသည်။
ထို “နှုတ်က ပတ်” တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူပြီး၊
ဘုရားဖြစ်တော်မူကြောင်းကိုလည်း ဖော်ပြထားသည်။ ထို “နှုတ်ကပတ်တော်”
သည်မည်သူနည်း။ ယေရှုခရစ်တော်ဖြစ်သည် (ယော ၁း၉-၁၉)။ ယေရှုခရစ်တော်သည်
အစအဦးကတည်းက တည်ရှိနေကြောင်းကို သိရှိရသည်။ ဤလောကသို့ လူသားတို့၏အပြစ်ကို
ဆေးကြော ရန်၊ လူသားကဲ့သို့ ဘီစီ ၄-၆ ခန့် မွေးဖွားလာခြင်းဖြစ်သည်။ ဘီစီ
၎-၆ ခန့်မှ ယေရှုခရစ်တော် တည်ရှိခြင်း မ ဟုတ်ပေ။ ထိုနှုတ်ကပတ်တော် (ယေရှု) သည်
စကြဝဠာ မတည်မရှိခင်ကတည်းက ဖဘုရားသခင်နှင့်အတူရှိ တော်မူသည်ကို စာရေးသူက
ဖော်ပြထားသည်။ ခမည်းတော်နှင့် သားတော်တို့၏ ဖြစ်တည်မှုသည် တစ်လုံးတဝ
ဖြစ်ကြောင်းကို တွေ့ရသည်။
အပိုဒ်ငယ် ၂ တွင် အပိုဒ်ငယ် ၁
ကိုစာရေးသူက ပြန်လည်ဖော်ပြထားသည်။ အပိုဒ်ငယ် ၃ တွင် နှုတ်က ပတ်တော်သည်
အရာခပ်သိမ်းတို့ကို ဖန်ဆင်းကြောင်း ဖော်ပြထားသည်။ နှုတ်ကပတ်တော် (ယေရှု) သည် အ
ရာခပ်သိမ်းတို့ကို ဖန်းဆင်းသူဖြစ်ကြောင်း သိရှိရသည်။ ယေရှုခရစ်တော်သည်
ဖန်ဆင်းခံ မဟုတ်ပဲ ဖန်ဆင်းရှင် ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁ တွင်
ဖန်ဆင်းခြင်းအကြောင်းကို တွေ့ရသည်။ အရာခပ်သိမ်းတို့ကို ဘုရားသခင်
ဖန်ဆင်းမူတော်ကြောင်းကို တွေ့ရသည်။ ထာရဘုရားသည် သုံးပါးတစ်ဆူဘုရား
ဖြစ်တော်မူ သည့်အတွက် ခမည်းတော်၊ သားတော် နှင့်
သန့်ရှင်းသောဝိညာဉ်တော်တို့သည် ဖန်းဆင်းခြင်းတွင် အတူတကွ ပါဝင်ကြသည်။
ထို့ကြောင့် ရှင်ယောဟန်က အရာခပ်သိမ်းတို့သည် ယေရှုခရစ်တော် ဖန်ဆင်းသည်ဟု
ဖော်ပြထားခြင်းဖြစ် သည်။ ယေရှုခရစ်တော်သည် အရာခပ်သိမ်းတို့ကို
ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းတို့သည် သူအားဖြင့်၊
သူ့အတွက်သာဖြစ်သည် (ကော ၁း၁၆-၁၇၊ ဟေ ၁း၂)။
အပိုဒ်ငယ် ၄-တွင်
နှုတ်ကပတ်တော်၌ အသက်ရှိကြောင်းနှင့် ထိုအသက်သည် လူတို့၏အလင်း ဖြစ်
ကြောင်းကို ဖော်ပြထားသည်။ ဤနေရာ “အသက်” ဆိုသောစကားလုံးသည်
ထာဝရရှင်သန်ခြင်းကို ဆိုလို သည်။ ၀ိညာဉ်ရေးရာကို ရည်ညွှန်းသည်။ ယော ၃း၁၆
တွင် ယေရှုကိုယုံကြည်သောသူအပေါင်းတို့သည် ထာဝရ အသက် ရရှိမည့်အကြောင်း
ဖော်ပြထားသည်။ လူသည် ငရဲမှလွတ်မြောက်နိုင်ရန် အသက်ကိုပိုင်ဆိုင်သော
ယေရှုခရစ်တော်အားဖြင့်သာ လွတ်မြောက်နိုင်သည်။ လူသည်မိမိကိုယ်မိမိ (၀ါ)
အခြားအရာများက ထာဝရ အသက်ကို မပေးစွမ်းနိုင်ပေ။ ယေရှုခရစ်တော်တစ်ပါးတည်းသာ
တတ်စွမ်းနိုင်သည်။ ခရစ်တော်၌ရှိသော အသက်သည် လူတို့အဖို့ အလင်းဖြစ်သည်။
အလင်းသည် သတင်းကောင်းဖြစ်သည်ဟု ဆိုရပေမည်။ အမှောင် (အပြစ်နွံ) ထဲတွင်
ကျရောက်နေသော လူသားတို့အဖို့ ယေရှုခရစ်တော် ဤကမ္ဘာသို့ကြွလာခြင်းသည် အလင်း
ရောက်လာခြင်းဖြစ်သည်။ လူ့လောကသို့ ခရစ်တော်ကြွလာခြင်းသည် အပြစ်လောကထဲသို့
အာရုဏ်ဦး ထွန်း တောက်လာခြင်းဖြစ်သည်။
၃။ အပိုဒ်ငယ် ၅-၈ တွင်
ယောဟန်အကြောင်းကို ဖော်ပြထားသည်။ ဤကျမ်းကိုရေးသားပြုစုသော
တပည့်တော်ယောဟန်မဟုတ်။ နောင်တတရားနှင့်ဆိုင်သောဗတ္တိဇံကိုပေးသည်
ယောဟန်ကိုဆိုလိုသည်။ သူ သည် အလင်းတော်မဟုတ်ပဲ အလင်းတော်အတွက် သက်သေခံရန်
လာခြင်းဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင် ကျမ်း အခန်းကြီ ၁ ကိုဖတ်ရာတွင်
သတိထားရမည့်အချက်မှာ အပိုဒ်ငယ် ၅-၈ တွင်ဖော်ပြသော ယောဟန်သည်
တပည့်တော်ယောဟန် မဖြစ်သလို၊ အပိုဒ်ငယ် ၁-၄ တွင်ဖော်ပြသော နှုတ်ကပတ်တော်လည်း
မဟုတ်ပေ။
၎။ အပိုဒ်ငယ် ၉-၁၄ တွင် စစ်မှန်သော အလင်းအကြောင်းကို
ဖော်ပြထားသည်။ ထိုအလင်းသည် ယေရှုခ ရစ်တော်ဖြစ်သည်။ ထိုအလင်းကို
လက်ခံသောသူအပေါင်းတို့သည် ဘုရားသခင်၏သားဖြစ်ရသော အခွင့်ကို ရရှိကြသည်။
ထိုအလင်းသည် မိမိလူဒေသအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့က
လက်မခံကြကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ မိမိလူတို့ကလက်မခံကြဟု ဆိုရာ၌
ပညာရှင်များအကြား အမြင် (၂) မျိုး ရှိသည်။ အချို့တို့ကို မိမိဒေသသည်
“က္ကုသရေလတိုင်းပြည်”၊ မိမိလူမျိုးသည် “က္ကုသရေလလူမျိုး” ကိုဆို လိုသည်ဟု
ဆိုကြသည်။ အခြားပညာရှင်များက မိမိဒေသသည် “ဤလောက”၊ မိမိလူမျိုးသည် “သူ
(ယေရှု) ဖန်ဆင်းသောလူသား” တို့ကို ဆိုလိုသည်ဟု ဆိုကြသည်။ အပိုဒ်ငယ် ၁၃-၁၄
တွင် နှုတ်ကပတ်တော် (ယေရှုခရစ်တော်) ၏ လူဇာတိခံယူခြင်းအကြောင်းကို
ဖော်ပြထားသည်။ လူ့ဇာတိခံယူရာတွင် မေထုန်သံဝါသ အားဖြင့် မဟုတ်ဘဲ
ဘုရားသခင်၏ဘုန်းတန်ခိုးတော်အားဖြင့် ဖွားသောသားဖြစ်ကြောင်းကိုလည်း
ဖော်ပြထား ပါသည်။ ယေရှုခရစ်တော်သည် မိဘနှစ်ပါးအားဖြင့်သော်လည်းကောင်း၊
ဖိုမလိင်ဆက်ဆံခြင်းအားဖြင့်သော် လည်းကောင်း လူ့ဇာတိခံယူခြင်းမဟုတ်ပဲ
တန်ခိုးတော်အားဖြင့်ဖြစ်သည်။
၅။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁း၁-၁၄ မှ မှတ်သားရမည့်အချက်များ
- ဤကျမ်းတွင် “နှုတ်ကပတ်တော်” ဟူသောစကားလုံးသည် ယေရှုခရစ်တော်ကိုဆိုလိုသည်။
- ယေရှုခရစ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းသောသူဖြစ်သည်။
- ယေရှုခရစ်တော်၌သာ အသက် (ထာဝရအသက်) ရှိသည်။ ထိုအသက်သည် အမှောင်ထဲတွင် နစ် မွန်းနေသော အပြစ်သားများအတွက် အလင်းဖြစ်သည်။
- ဤကျမ်းတွင် ဖော်ပြထားသော ယောဟန်သည် နောင်တတရားနှင့်ဆိုင်သော
ဗတ္တိဇံကိုပေးသည့် ဗတ္တိဇံယောဟန်ဖြစ်သည်။ သူသည်ခရစ်တော်၏အကြောင်းကို
သက်သေခံရန် ကြွလာခြင်းဖြစ် သည်။ ခရစ်တော်၏တပည့်တော်ယောဟန်မဟုတ်။
- ယေရှုခရစ်တော်ကို လက်ခံယုံကြည်သူတိုင်းသည် ဘုရားသားဖြစ်ခွင့် ရရှိရှိကြသည်။
- ဘုရားသားဖြစ်ခွင့်ရခြင်းသည် မိဘများမှ အမွေခံခြင်းအားဖြင့် ခံယူ၍မရပေ။
ခရစ်ယာန်ဘာသာဝင် ဖြစ်ခြင်းအားဖြင့်လည်း မရရှိနိုင်ပါ။ ယေရှုခရစ်တော်ကို
လက်ခံယုံကြည်ခြင်းအားဖြင့်သာ ရရှိနိုင် သည်။
- ယေရှုခရစ်တော်သည် ဘီစီ
၎-၆ ၀န်းကျင်မှ တည်ရှိလာသည်မဟုတ်။ စကြဝဠာတစ်ခုလုံး မတည် မရှိမှီကတည်းက
တည်ရှိနေသောဘုရားဖြစ်သည်။ စကြဝဠာတစ်ခုလုံးသည် သူ၏လက်ရာ ဖြစ် သည်။ ဘီစီ ၄-၆
ဝန်းကျင်တွင် လောကသားတို့၏အပြစ်ကို ကယ်တင်ရန် ဤလောကသို့ လူသား အဖြစ်
လူ့ဇာတိခံယူခြင်းဖြစ်သည်။
- ယေရှုခရစ်တော်လူ့ဇာတိခံယူရာတွင် မေထုန်သံဝါသအားဖြင့်ခံယူခြင်းမဟုတ်ပဲ၊ တန်းခိုးတော်အား ဖြင့် ခံယူသည်။
ကိုးကားစာအုပ်များ
H. Gundry, Robert. Commentary on the New Testament: Verse-by-Verse
Explanations with a Literal Transalation. Peabody, Massachusetts:
Hendrickson Publishers, 2010.
MacArthur, John. The MacArthur Bible Hand Book: A book-by-book Exploration of God’s Word. Pune, India: Grace to Inida, 2003.
L. Barker, Kenneth, and R. Kohlenberger III, John. The Expositor’s
Bible Commentary: Abridged Edition: New Testament. Grand Rapids,
Machigan: Zondervan, 1994.
No comments:
Post a Comment
Note: only a member of this blog may post a comment.