“နက်ဖြန်နေ့ကိုအမှီပြု၍ မ၀ါကြွားနှင့်။ တစ်ရက်အတွင်းတွင် အဘယ်သို့ဖြစ်လိမ့်မည်ကို မသိနိုင်။”
ဤကျမ်းပိုဒ်တွင် လူသားတို့၏အားနည်းချက်ကို ပေါ်လွင်အောင်ဖော်ပြထားပါသည်။
ယုံကြည်သူအနေဖြင့် မိမိဘ၀အတွက် အကောင်းဆုံးသော စိတ်ကူးအိမ်မက်များကို
တွေးတောနိုင်စွမ်း (သို့) စိတ်ကူးခွင့်ရှိသည်။ သို့သော် အကောင်းဆုံးသော
စိတ်ကူးအိမ်မက်များကို ပိုင်ဆိုင်ထားသည်ဖြစ်ပါစေ၊ မိမိအသက်တာတွင်
တစ်ရက်အတွင်း မည်သည့်ပြောင်းလဲမှုများ ရောက်ရှိလာမည်ကို
ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ အကြောင်းမှာ အနာဂတ်သည် ဘုရားသခင်၏
လက်ထဲတွင်သာရှိသည်။
စိတ်ကူးအိမ်မက်ရှိခြင်းသည် အပြစ်မဟုတ်ပါ။
စိတ်ကူးအိမ်မက်မရှိသူတို့သာ အောင်မြင်မှုများကို စွတ်ခူးရရှိနိုင်ဖို့
ဖြစ်နိုင် ခြေအလွန်နည်းပါးလှပါသည်။ အရေးကြီးဆုံးမှာ ဘုရားသခင်နှစ်သက်သော
စိတ်ကူးအိမ်မက်ဖြစ်ရန်ဖြစ်သည်။ ထိုအရာမျိုး ကို ပိုင်ဆိုင်သူဖြစ်ရန်
မည်သို့လုပ်ဆောင်ရလဲ? မိမိ၏စိတ်ကူးအိမ်မက်အားလုံးတို့ကို ဘုရားသခင်ထံ
စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်လျှင်
သင်၏အနာဂတ်သည် တောက်ပလာပါလိမ့်မယ်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို
သင်၏အသက်တာတွင် တစ်ခုပြီးတစ်ခု တွေ့မြင်ပါလိမ့်မည်။
သင်၏စိတ်ကူးအိမ်မက်များကို ဘယ်လို အကောင်အထည်ဖော်ရမလဲဆိုတာ
မသိရှိနိုင်ရင်တောင်မှ ဘုရားသခင်က သင်ကို အသိဥာဏ်ပညာများ ပေးသနား လာပါ
လိမ့်မည်။ ထို့ပြင် သင့်ကိုဦးစီးဦးဆောင်လုပ်ဆောင်ပေးမည့် သူများကို
သင့်ထံစေလွတ်ပေးပါလိမ့်မည်။ သင်ကြုံတွေ့ရ သော အခက်အခဲများထဲမှ
လွတ်မြောက်နိုင်မည့်နည်းလမ်းများကိုလည်း သင့်အားဖော်ပြပေးတော်မူလိမ့်မည်။
ဘုရားသခင်ထံ သင်၏စိတ်ကူးအိမ်မက်များကို ဆက်ကပ်ရာတွင် “ဘုရားရှင်၊
ကျွန်တော်/မ ဒီလိုမျိုးစိတ်ကူးရှိပါတယ် (အသေးစိတ်ပြောရန်) ။ ဘုရားရှင်
အလိုတော်ရှိတော်မူသလား? ဘုရားရှင်ထံတွင် ကျွန်တော်/မ အတွက် အကောင်းဆုံး သော
အဖြေရှိသည်ကို ကျွန်ုပ်သိပါ၏။ ထိုအဖြေများကို ကျွန်ုပ်၏စိတ်နှလုံးထဲတွင်
ဖော်ပြပေးတော်မူပါ” အစရှိသဖြင့် ဆက်ကပ်တောင်းဆိုနိုင်ပါသည်။ တစ်ခါတရံ
သင်၏စိတ်ကူးအိမ်မက်နှင့် ဆန့်ကျင်သောအဖြေများကို ဘုရားသခင်ထံမှ ရရှိကောင်း
ရရှိပါလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် ဘုရားသခင်ဖော်ပြသောအရာကိုသာ
ရွေးချယ်လုပ်ဆောင်ပါ။
ဘုရားသခင်ထံ ဆက်ကပ်ထားခြင်းမရှိသော
စိတ်ကူးအိမ်မက်များ သည် သင်၏အသက်တာတွင် ဆုံးရှုံးမှုပေါင်း မြောက် များစွာကို
ဖြစ်ပေါ်စေနိုင်သလို့၊ ပြသနာပေါင်းမြောက်များစွာ သင်၏အသက်တာတွင်
ရောက်ရှိလာနိုင်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် အလိုတော်နှင့်ပြည့်စုံသော
အသက်တာကို ပိုင်ဆိုင်နိုင်ရန် သင်၏အကြံအစဉ်အားလုံးကို ဘုရားသခင်ထံ
စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ ဆက်ကပ်အပ်နှံရမည်။
အကြောင်းမှာ သင်သည် အနာဂတ်၏ မျက်စိ တစ်မှိတ်ဆာပင်
မပိုင်ဆိုင်ခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်ထံ သင်၏ မျက်မှောက်ကာလနှင့်
အနာဂါတ်ကာလတို့ကို အပ်နှံပါ။ အတိတ်ကာလအတွက် ကျေးဇူးတော်ချီးမွမ်းပါ။
သို့ပြုလျှင် ဘုရားသခင်သည် သင့်အား ထွန်းလင်းစေတော်မူ လိမ့်မည်။

No comments:
Post a Comment
Note: only a member of this blog may post a comment.