ပညာရှင်တစ်ဦးက အမှိုက်ဆိုသောစကားလုံးကို အနက်ဖွင့်ရာတွင် “သူ့နေရာတွင်
မရှိသောအရာကို အမှိုက်ဟုခေါ်သည်” ဟု အဆိုပြုခဲ့ပါသည်။ အရာတစ်ခုခုဟာ
သူနေရမည့်နေရာ၊ နေသင့်တဲ့နေရာမှာ မနေခြင်းသည် အမှိုက်ဖြစ်ခြင်း ဖြစ်သည် ဟု
ဆိုလိုခြင်းဖြစ်သည်။ ခရစ်ယာန်များအကြား အမှိုက်နှင့်တူသောသူ
များစွာရှိပါသည်။ အချို့သောယုံကြည်သူတို့သည် ယုံကြည်သူအနေနှင့်
သက်ဆိုင်မှုမရှိသောအရာတို့တွင် အချိန်များစွာ အသုံးပြုတတ်ကြသည်။
အသင်းတော်ထဲတွင်လည်း ယုံကြည်သူအသက်တာနှင့် ကိုက်ညီမှုမရှိသော အသင်းသားနှင့်
ခေါင်းဆောင် အချို့တို့ရှိတတ်သည်။
ယုံကြည်သူအသက်တာနှင့် မဆိုင်သောအရာတို့ကို များများလုပ်ဆောင်လေလေ ၀ိညာဉ်ရေးရာတွင် အားနည်းလာလေ လေ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ယခုသင်လုပ်ဆောင်နေသောအရာသည် ယုံကြည်သူအသက်တာနှင့် ကိုက်ညီမှု ရှိမရှိ အမြဲ ဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။ သုတ္တံဆရာ၏ မိမိနှင့်မသက်ဆိုင်သောအမှုတွင် ရောနှောတတ်သူသည် ခွေး နားရွက်ကို ကိုင်ဆွဲသောသူနှင့်တူ၏ဟု ဆိုထားသည့်အဓိပ္ပါယ်မှာ ခွေးနားရွက်ကိုသွားဆွဲသောသူသည် အကိုက်ခံရ မည်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုနည်းတူ ယုံကြည်သူသည် ယုံကြည်သူအသက်တာနှင့် မသက်ဆိုင်သောအရာတို့ကို လုပ်ဆောင် နေမည်ဆိုလျှင် ဖြေရှင်းရခက်သောပြသနာပေါင်းမြောက်များစွာတို့နှင့် ရင်ဆိုင်နေရမည်ဖြစ်သည်။ မိမိ၏အသက်တာသည် နှုတ်ကပတ်တော်နှင့်အညီ လျှောက်လှမ်းဖို့ရန်အရေးကြီးသည်။ ထိုသို့လျှောက်လှမ်းနိုင်သောသူဖြစ်ဖို့ရန် သင့်အား ဘုရား သခင်ကောင်းကြီးပေးပါစေ။

No comments:
Post a Comment
Note: only a member of this blog may post a comment.