ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆း၁-၁၅ တွင် ယေရှုက ငါးနှစ်ကောင်နှင့် မုန့်ငါးလုံး
ကို လူပေါင်း ၅၀၀၀ ကျော်စားလောက်မကုန်အောင်တိုးပွားစေကြောင်း ရေး ထားပါသည်။
သင်္ချာနည်းအရ လုံးဝမဖြစ်နိုင်သောအရာဖြစ်သည်။ သို့သော် တန်းခိုးတော်နှင့်
ပြည့်စုံသောယေရှုအတွက် မဖြစ်နိုင်သောအရာ မရှိပေ။ လူပေါင်း ၅၀၀၀
ကျော်တို့ရင်ဆိုင်နေရသော အခက်အခဲကို ယေရှုက အချိန် အနည်းငယ်အတွင်း
ဖြေရှင်းပေးသည်။
သင်သည် အရင်းအနှီးအနည်းငယ်နှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူဖြစ် ကောင်းဖြစ်မည်။ သင်သည် စာတတ်ချင်သော်ငြားလည်း ဦးနှောက်အားနည်း သူ ဖြစ်ကောင်းဖြစ်မည်။ သင်သည် ကျန်းမာရေးချို့တဲ့နေသူ ဖြစ်ကောင်းဖြစ် မည်။ သင်သည် ဘာလုပ်ရမှန်း မသိသူဖြစ်ကောင်းဖြစ်မည်။ သင်သည် စိတ် ဆင်းရဲမှုအပေါင်းနှင့် လုံးထွေးနေသူဖြစ်ကောင်းဖြစ်မည်။ သင်၏ ယောင်္ကျား (သို့) မိန်းမကြောင့် စိတ်ဆင်းရဲနေသူဖြစ်ကောင်းဖြစ်မည်။ သင်သည် မည်ကဲ့ သို့သော ပြသနာများကို ကြုံတွေ့စေကာမူ သင်၏အခက်အခဲများကို ယေရှုထံ အပ်နှံလိုက်ပါ။ သင်၏ပြသနာများကို ယေရှုကဖြေရှင်းပေးမည်ဖြစ်သည်။ သင် မထင်ထားလောက်သော ၀မ်းသာစရာ၊ ကြည်နူးစရာ အဖြေများကို ရရှိလာပါ လိမ့်မည်။ ထိုအရာတို့သည် အချိန်အနည်းအတွင်း သင်ထံသို့ရောက်ရှိလာပါ လိမ့်မည်။
အဓိကကျသောအချက်မှာ သင်သည်မည်သည့်အခြေအနေတွင်ရပ်တည်နေပါ စေ သင်ကြုံတွေ့နေရသောအရာများကို ယေရှုထံအပ်နှံသောသူဖြစ်ရန် ဖြစ် သည်။ ထို့သို့လုပ်ဆောင်လျှင် သင်၏ပြသနာများကို ယေရှုက ဖြေရှင်းပေး တော်မူလိမ့်မည်။

No comments:
Post a Comment
Note: only a member of this blog may post a comment.