Thursday, 5 October 2017

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၅း၁-၁၅

ဤကျမ်းပိုဒ်တွင် သုံးဆယ်ရှစ်နှစ်လုံးပတ်လုံး ရောဂါစွဲသောသူတစ်ယောက်ကို ယေရှုက သူ၏ရောဂါကို ပျောက်ကင်းစေသည့် အကြောင်းကိုတွေ့ရသည်။ ဤကျမ်း ပိုဒ်တွင် သင်ယူစရာ အချက် ၂-ချက်တို့ကို လေ့လာကြည်ကြရ အောင်။


မှတ်ချက် ။ ။ ကျမ်းပိုဒ်ကိုအရင်ဖတ်ပါ။


၁။ မသိရှိခြင်း


သုံးဆယ်ရှစ်နှစ်ပတ်လုံး အနာရောဂါစွဲနေသောသူသည် သူ၏ရောဂါပျောက် ကင်းဖို့ရန်အတွက် အစွမ်းကုန် သူ့နည်းသူဟန်ဖြင့် ကြိုးစားခဲ့သည်။ သို့သော် သူလိုချင်သော အရာကို မရရှိနိုင်ပေ။ သူ၏အနားမှာ အရာခပ်သိမ်းကို သိ တော်၊ တတ်နိုင်တော်မူသော ယေရှုရောက်ရှိနေပါသော်လည်း ယေရှုထံ အနာငြိမ်းစေရန် တောင်းခံရမည်ကိုလည်း မသိရှိပေ။ ယနေ့ ယုံကြည်သူ အများစုတို့သည် မိမိထံသို့ရောက်ရှိလာသော အခက်အခဲများကို မိမိ၏နည်း လမ်းများဖြင့် ဖြေရှင်းဖို့ရန် ကြိုးစားအားထုတ်တတ်ကြသည်။ ယေရှုခရစ်တော် တတ်စွမ်းနိုင်သည်ဟူသော အသိတရားလေး မရှိတတ်ကြပေ။ တောင်း လျှောက်ဖို့ရန်လည်း မေ့လျှော့တတ်ကြသည်။ ထို့ကြောင့် ယုံကြည်သူသည် မိမိ၏နည်းလမ်းများဖြင့် မိမိ၏ပြသနာများကို ဖြေရှင်းခြင်းထက် အရာခပ်သိမ်း ကို တတ်စွမ်းသောဘုရားသခင်ထံ တောင်းလျှောက်ပြီး၊ အလိုတော်နှင့်အညီ ပြသနာများကို ဖြေရှင်းတတ်သော ယုံကြည်သူဖြစ်ရန် အရေးကြီးသည်။


၂။ ကောင်းကြီးကြောင့် ကောင်းကြီးပေးသောသူကို မေ့လျှော့ခြင်း


သုံးဆယ့်ရှစ်နှစ်ပတ်လုံး အနာရောဂါစွဲနေသူသည် ခရစ်တော်၏ အနာငြိမ်းခြင်း ရရှိပါသော်လည်း ထိုအနာကို ပျောက်ကင်းစေသော ယေရှုခရစ်တော်မည်သူ မည်ဝါဖြစ်ကြောင်းကို တိတိကျကျမသိရှိသည့်အပြင်၊ ထိုသခင်ဘယ်ရောက်နေ သည်ကိုပင် မသိရှိလိုက်ပါ။ ယနေ့ယုံကြည်သူများသည်လည်း ဘုရားသခင် ပေးသောကောင်းကြီးများဖြင့် အလုပ်ရှုပ်နေကာ ထိုကောင်းကြီးကိုပေးသော ဘုရားကို မေ့လျှော့နေတတ်ကြသည်။ ဘုရားထက် သူ၏ကောင်းကြီးကို လိုလားတက်မက်ကြသည်။ နောက်ဆုံးတွင် ကောင်းကြီးနှင့်မထိုက်သော အသက်တာကို ပိုင်ဆိုင်သွားကြရတော့သည်။ ထို့ကြောင့် ကောင်းကြီးထက် ကောင်းကြီးကိုပေးစွမ်းနိုင်သောဘုရားကို ပထမနေရာတွင် အမြဲထားနိုင်သော ယုံကြည်သူဖြစ်ဖို့ရန် အရေးကြီးသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.