Tuesday, 15 December 2015

ခရစ္စမတ်


ခရစ္စမတ်

၁။ ခရစ္စမတ်စတင်လာခြင်း
၂။ ဒီဇင်ဘာ ၂၅ ရက်က ခရစ်တော်မွေးဖွားခဲ့သော ရက်ဖြစ်ပါသလား
၃။ ယုံကြည်သူအနေဖြင့် ခရစ္စမတ်ပွဲကျင်းပသင့်ပါသလား


၁။ ခရစ္စမတ်စတင်လာခြင်း

ကနဦးခရစ်ယာန်များခေတ်က ခရစ္စမတ်အကြောင်းကို မသိရှိကြသည့်အပြင် ခရစ္စမတ်ပွဲလည်း မဆင်နွဲခဲ့ကြပါ။ ယေရှုခရစ်တော် ကောင်းကင်သို့ချီဆောင်ခြင်းကို ခံတော်မူပြီးနောက် တပည့်တော်များနှင့် ယုံကြည်သူများက ခရစ္စ မတ်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း မည်သည့်ကျမ်းပိုဒ်ကမှ ဖော်ပြခြင်းမရှိပါ။ ခရစ်တော်ကိုယ်တိုင်ကလည်း သူ၏မွေး နေ့ပွဲကို ကျင်းပပေးရန် မိန့်မှာခဲ့ခြင်းမျိုးလည်း သမ္မာကျမ်းစာတွင် မတွေ့ရပေ။ ဒါဆိုရင်… ယခုခေတ် ခရစ်ယာန်များက ဘာကြောင့် ခရစ္စမတ်ပွဲကို ဆင်နွဲရကြသနည်း။


ရောမလူတို့က ဒီဇင်ဘာ ၁၇ မှ ၂၅ ရက်တိုတို့ကို နေဘုရားကိုးကွယ်သော နေ့ထူးနေမြတ်အဖြင့် စတင်လာခဲ့ကြ ပါသည်။ ဤအချိန်ကို အစိုးရရုံးပိတ်ရက်များအဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်ပေါင်းများစွာ နေဘုရားကိုးကွယ်သောပွဲကို ကျင့်သုံးလာခဲ့ကြပါသည်။ နှစ်ကြာလာသည်နှင့်အမျှ ရောမလူတို့တွင် နေဘုရားကိုးကွယ်သော နေ့ထူးနေ့မြတ်သည် အရေးကြီးသော နေ့များဖြစ်လာပြီး၊ လူတို့၏ အရိုးထဲထိထိုးဖောက်ကာ မေ့မရသောနေ့များအဖြစ် ရှိနေပါတော့သည်။


ကနဦးခရစ်ယာန်များက ခရစ်တော်၏သတင်းကောင်းကို ရောမလူတို့ထံ သက်သေခံကြရင်း ရောမလူမြောက်များစွာ တို့သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံလာခဲ့ကြပါသည်။ ရောမလူတို့တွင် တစ်နေ့ထက်တစ်နေ့ ခရစ်တော် ကို ယုံကြည်လက်ခံသူများပေါများလာသည်နှင့်အမျှ၊ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော နေဘုရားကိုးကွယ်သည့် ပွဲသည် ရောမခရစ်ယာန်များအကြား ပြသနာတစ်ရက်ဖြစ်လာခဲ့ပါသည်။ နှစ်ပေါင်းများစွာ ဆင်နွဲလာခဲ့သောပွဲကို ချက်ခြင်းကြီး ပျက်ပယ်ရမည့်အရေးသည် သူတို့အတွက် ခက်ခဲသောအရာဖြစ်နေခဲ့ပါသည်။ ထို့ကြောင့် ခရစ်ယာန် ခေါင်းဆောင်များက ဒီဇင်ဘာ ၂၅ ရက်ကို ခရစ်တော်မွေးဖွားသောနေ့ရက်အဖြစ် သတ်မှတ်ပေးကာ နေဘုရားကိုး ကွယ်သောပွဲကျင်းပခြင်းမှ ခရစ်တော်မွေးဖွားသော မွေးနေ့ရက်အဖြစ်ပြောင်းလဲ ကျင်းပစေခဲ့ကြပါသည်။


၂။ ဒီဇင်ဘာ ၂၅ ရက်က ခရစ်တော်မွေးဖွားခဲ့သောရက် ဖြစ်ပါသလား

သမ္မာကျမ်းစာတွင် ခရစ်တော်မွေးဖွားခဲ့သောနေ့သည် ဒီဇင်ဘာ ၂၅ ရက်ဖြစ်သည်ဟု ဖော်ပြထားခြင်းမရှိပါ။ ယနေ့ ခရစ်ယာန်များအကြား ခရစ်တော်မွေးဖွားခဲ့သောရက်ကို အမျိုးမျိုးပြောဆို ယုံကြည်ကြပါသည်။ အချို့က ခရစ်တော် ၏မွေးနေ့သည် ဇန်န၀ါရီ ၆ ရက်၊ ဧပြီ ၁၈၊ ဧပြီ ၁၉၊ အောက်တိုဘာ ၁၁၊ မေ ၂၀ အစရှိသဖြင့် အမျိုးမျိုးပြောဆို ယုံ ကြည် ကျင်းပနေကြပါသည်။ Hippolytus (170-236) ဆိုသူက ခရစ်တော်သည် ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၂၅၊ ၂ ဘီစီ တွင်မွေးဖွားခဲ့သည်ဟု သူ၏ ဒံယေလအနာဂတ္တိအနက်ဖွင့်ကျမ်းတွင် ရေးသားခဲ့ရာမှစပြီး ဒီဇင်ဘာ ၂၅ ရက်သည် ယေရှုခရစ်တော်၏ မွေးနေ့အဖြစ်လူအများကလက်ခံလာပြီး ရစ္စမတ်ပွဲအဖြစ် စတင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။


၃။ ယုံကြည်သူအနေဖြင့် ခရစ္စမတ်ပွဲကျင်းပသင့်ပါသလား

ယေရှုခရစ်တော်၏မွေးနေ့ကို အတိအကျမသိရခြင်းကြောင့် ခရစ်ယာန်များအနေ့ဖြင့် ဒီဇင်ဘာ ၂၅ ရက်ကို ခရစ္စမတ်ပွဲ အဖြစ် ကျင်းပရန် သင့်တော်ပါသလား (၀ါ) မသင့်တော်ဘူးလားဆိုသည့် မေးခွန်းသည် အရေးကြီးလာပါသည်။ အချို့ သော ခရစ်ယာန်အသိုင်းအ၀ိုင်းများက မကျင်းပသင့်ဟုဆိုကြသည်။ အကြောင်းမှာ သမ္မာကျမ်းစာက ခရစ္စပွဲကျင်းပရန် မသွန်သင်ခြင်း၊ ခရစ်တော်ကိုယ်တိုင်ကလည်း သူ၏မွေးနေ့ကို အမှတ်တရဖြစ်စေရန် ကျင်းပကြပါဟု မိန့်မှာမှု မရှိ ခြင်း၊ ခရစ်တော်၏မွေးနေ့ကို တိတိကျကျမသိရှိခြင်းကြောင့် ကျင်းပရန်မသင့်တော်ခြင်း၊ ခရစ္စမတ်ကျင်းပခြင်း၏ သ မိုင်းအရ နေဘုရားကိုးကွယ်ခြင်းမှ စတင်လာခြင်းကြောင့် ခရစ္စမတ်ပွဲကျင်းပခြင်းသည် နေဘုရားကိုးကွယ်သည့်ပွဲ ကျင်းပခြင်းနှင့်အတူတူဖြစ်သည်ဟု ထင်မြင်ခြင်း၊ အစရှိသဖြင့် အမျိုးမျိုးပြောဆိုကာ ခရစ္စမတ်ပွဲကျင်းပခြင်းကို အပြစ် ဆိုကြပါသည်။


ကျွန်တော်/မတို့၏ မွေးနေ့ပွဲကျင်းပရမည်ဟူ၍လည်း သမ္မာကျမ်းစာက သွန်သင်ထားခြင်းမရှိသည့်တိုင်အောင် မွေးနေ့ ပွဲကို ကျင်းပနေကြပါသည်။ ခရစ္စမတ်ပွဲသည်လည်း ဤနည်းအတိုင်းဖြစ်သည်ဟု ဆိုရပေမည်။ ခရစ်တော် လူဇာတိကို ခံယူရန် ဤလောကသို့ လူသားအဖြစ်မွေးဖွားလာခြင်းကို အသိရရှိဖို့ရန်အလိုငှာ ခရစ္စမတ်ပွဲ ကျင်းပခြင်းသည် မှား ယွင်းသည်ဟု မဆိုနိုင်ပေ။ ရက်အတိအကျမသိသော်လည်း သင့်တော်သောရက်ကို ရွေးလိုက်ခြင်းသည် မှားယွင်း သော လုပ်ဆောင်ချက်ဖြစ်သည်ဟု မဆိုနိုင်ပါ။ ကျွန်တော်/မ တို့၏ ဘိုးဘွားများမွေးဖွားစဉ်က သူတို့၏မွေးနေ့ကို တိတိကျကျသိရှိသူများ နည်းပါးလှပါသည်။ နိုင်ငံတော်အစိုးရက နိုင်ငံသားတိုင်း မှတ်ပုံတင်ပြုလုပ်ရမည်ဟူသော ဥပ ဒေကိုပြငှါန်းလိုက်ချိန်မှာ ဘိုးဘွားများက သင့်တော်သော ရက်၊ လ၊ နှစ်တို့ကိုရွေးချယ်ကာ မှတ်ပုံတင်များ ပြုလုပ်ခဲ့ ကြပါသည်။ ဤအရာတို့သည် အခြေအနေအရ လက်ခံနိုင်စရာဖြစ်ပါသည်။ ခရစ္စပွဲကျင်းပရခြင်းသည်လည်း ခရစ် တော်၏မွေးနေ့သည် ဒီဇင်ဘာ ၂၅ ရက်ဖြစ်သည်ဟု ယူဆခြင်းကြောင့်ကျင်းပခြင်းမဟုတ်ပါ။ သင့်တော်သော နေ့ရက် ကိုသတ်မှတ်ကာ ပြုလုပ်ကျင်းပခြင်းဖြစ်ပါသည်။


ယေရှုခရစ်တော်က သူ၏မွေးနေ့ပွဲကို ကျင်းပရန်မိန့်မှာခဲ့ခြင်းမျိုး မပြုလုပ်ခဲ့သော်လည်း ခရစ္စမတ်ပွဲကျင်းပခြင်းအားဖြင့် ယေရှုခရစ်တော်သည် သေခြင်းတရားကိုအောင်ကာ အသက်ရှင်သောဘုရားဖြစ်ခြင်းဟု သက်သေပြနေပါသည်။ အ ကြောင်းမှာ ကွယ်လွန်သူများအတွက် မွေးနေ့ပွဲကျင်းပခြင်း မရှိတော့သောကြောင့်ဖြစ်ပါသည်။ မိမိတို့၏ မိသားစုဝင် များထဲမှ ကွယ်လွန်လေပြီးသောသူများအတွက် အောက်မေ့သတိရဖွယ်ရာပွဲများသာ ကျင်းပပေးနိုင်ပါသည်။


ရောမလူမျိုးခရစ်ယာန်များအတွက် နေဘုရားကိုးကွယ်သောပွဲမှ ခရစ္စမတ်ပွဲအဖြစ်သို့ ပြောင်းလဲလာပြီး၊ ယနေ့ကမ္ဘာ ပေါ်ရှိခရစ်ယာန်များအတွက် ခရစ္စမတ်နေ့ဖြစ်လာခြင်းသည်လည်း မှားယွင်းသည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ မယုံကြည်သူမိသားစုဝင်များသည်လည်း ယုံကြည်သူများဖြစ်လာနိုင်ပါသည်။ ရုပ်ထုဆင်းထုများကို ကိုးကွယ်သူတစ် ဦးပင် ခရစ်တော်ကို ယုံကြည်ကိုးကွယ်သူဖြစ်လာနိုင်ပါသည်။ အရင်က ရုပ်ထုကိုးကွယ်ခဲ့သူဖြစ်တဲ့အတွက် ယေရှုခရစ် တော်ကို လက်ခံယုံကြည်လာသော်လည်း ငရဲကျကိုကျရမည်ဟုဆိုလျင် မှားယွင်းနေမည်ဖြစ်ပါသည်။ ထိုပြင် ခရစ္စမတ် ပွဲကျင်းပခြင်းသည် နေဘုရားကိုကိုးကွယ်ခြင်းမဟုတ် ခရစ်တော်၏ လူ့ဇာတိခံယူရန်မွေးဖွားလာခြင်းကို အသိရစေရန် ကျင်းပခြင်းဖြစ်ပါသည်။ စာတန်မာရ်နတ်နှင့်အတူ လျှောက်လှမ်းလာခဲ့သော တနင်္ဂနွေမှ စနေအထိ နေ့ရက်တို့သည် ဒုတိယအကြိမ်မွေးဖွားခြင်းကို ခံယူပြီးနောက်ပိုင်းတွင် ခရစ်တော်နှင့်အတူလျှောက်လှမ်းသောနေ့ရက်များ ဖြစ်လာပါ တော့သည်။ အရင်က စာတန်နှင့်လျှောက်လှမ်းခဲ့ဖူးပြီးဖြစ်သည့်အတွက် သင့်အတွက်နေ့ရက်များ မရှိတော့ဟု မဆို နိုင်ပေ။  


ကနဦးခရစ်ယာန်များက ခရစ္စမတ်ပွဲမကျင်းပခဲ့ကြခြင်းကို အကြောင်းပြပြီးငြင်းဆိုနေမည်ဆိုလျှင်လည်း ထိုငြင်းဆိုချက် သည် မှန်ကန်ပါသည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ ကနဦးခရစ်ယာန်များ၏ လုပ်ဆောင်ချက်များ ယနေ့ယုံကြည်သူ တို့မလုပ်ဆောင်သည့်အရာ၊ ယနေ့ယုံကြည်သူများလုပ်ဆောင်သည့်အရာ ကနဦးခရစ်ယာန်များမလုပ်ဆောင်ခဲ့သည့် အရာများစွာရှိနေပါသည်။ ခေတ်ကာလ မတူခြင်း၊ ယဉ်ကျေးမှုကွဲပြားခြင်း၊ ကမ္ဘာမြေကြီး၏ ဖွံ့ဖြိုးတိုးတက်မှု အစရှိ သည်တို့ကြောင့် ကနဦးခေတ်ခရစ်ယာန်များနှင့် ယနေ့ခေတ်ခရစ်ယာန်များအကြား မတူညီသောလုပ်ဆောင်ချက်များ ရှိနေခြင်းဖြစ်ပါသည်။ မပြောင်းလဲသောအရာမှာ နှုတ်ကပတ်တော်တရား ဖြစ်ပါသည်။ 





ကိုးကား

Elwell, Walter A., ed.  Evangelical Dictionary of Theology: Second Edition” (Grand Rapids: Michigan, Baker Academic, 2001) 238-239.




No comments:

Post a Comment

Note: only a member of this blog may post a comment.